စိတ်နေမြင့်သူ အိုင်ချင်း
Jump to navigation
Jump to search
ချစ်တဲ့သူငယ်လေ၊
သူငယ်ချင်းကောင်း ယောင်းမတို့ရေ ...
ပန်ပါရလို၊ ပန်ရလျှင်လဲ
ပန်းများသခင်၊ ဂေါ်သဇင်ဟု
ပင်ဆင့်ပေါက်သည်၊ ရွက်မြှောက်ရိုးတံမှသာတဲ့။
လိမ်းပါရလို၊ လိမ်းရလျှင်လဲ
ရွှေနှင့်နှိုင်းတူ၊ တောင်ငူနနွင်း
ငွေနိုင်းချင်းသည်၊ ဝင်းထိန်ထိန်ငယ်၊
အချိန်ခြောက်ကျပ်သားမှသာတဲ့။
ကြင်ပါရလို၊ ကြင်ရလျှင်လဲ
ရေမြေ့သခင်၊ အရှင်စက်ရင်း
ရွှေတိုက်တော်မှာ စာရင်းသွင်းသည်
ခြင်းခြင်းတောက်တဲ့ လူမှသာတဲ့။
အပျိုဖြူငယ်ကကျွမ်း၊ မယ်လွမ်းလှတယ်လေး။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.
Public domainPublic domainfalsefalse