စထည့်လျှင်ပင်-ချီ ရတု

From Wikisource
Jump to navigation Jump to search
"စထည့်လျှင်ပင်" ချီ ရတု
by စိန္တကျော်သူ ငဩ
မြေဒူးမင်းသား မြောက်သားတော်က မြေဒူးမင်းသားအား ပေးသည်

စထည့်လျှင်ပင် သည်သခင်သည် မယ့်ပြင်သီးခြား ဆောင်ဆောင်ထားခဲ့ လက်ပါးနီးစပ် မှန်ကပ်ကွန်းဆက် ခြေလက်ဆုပ်နယ် ပျိုတော်ငယ်လည်း လှယ်အလဲလဲ လပ်ပြီဘဲရှင့် အံ့အဲဘွယ်လောက် ရှေ့ကိုထောက်သော် ဆဲ့ခြောက်နှစ်စဉ် ပျော်ရွှင်သည်စိတ် ဆွဲချိတ်မနိုင် စိုးပိုင်ခွင့်ရ ဆန်းသစ်လသို့ နေ့ညနက်ဖန် ပြန်ပြန်သည်ထက် ဘုန်းတော်တက်က စစ်မက်လည်းငြိမ်း ရဲရန်ထိန်းသည် အသိမ်းများမည့်သူကိုကား

မျှရှည့်အင်ခွင် ကျွန်မပြင်ကို စိတ်ထင်ရာရာ ကွယ်ကာဖိတား ဝံ့မည်လားရှင့် သနားတော်သာ ပြင်မှာဦးချ စိတ်ထဲကမူ ခုမှဟုတ်ဖူး ကျေးဇူးကြီးလှ နန်းမဘုရား စုလျားရစ်ထပ် ဖျန်းသပ်ရေစင် မသွန်းခင်သည် အလျင်ကာလ ရှေးဖျားကပင် ကျွန်မထက်သာ ဟိုဟိုမှာကို မေတ္တာကဲမြင့် ပါစေနှင့်ဟု ထပ်ဆင့်အော်လဲ ဆုတောင်းမြဲတွင် ပြိုကွဲဆို့ပိတ် အားလုံးစိတ်ကို မဖိတ်စေဘဲ မြဲမြဲမယ့်မှာ သစ္စာမယိမ်း ရန်ညွန့်သိမ်းသည် အငြိမ်းထားမည့်သူကိုကား

လ၏သွင်ပြင် ဗောင်းဒုရင်နှင့် ဝတ်ဆင်သရွေ့ စိတ်တိုင်းတွေ့သည် ခြင်္သေ့မင်းထုံး မင်းယဉ်ဆုံးကို လုံးလုံးကျွန်မ ပိုင်ဦးစတွင် မိုးကသူဇာ ဆောင်သူလာလည်း မပါရဘူး မိန့်ဦးဆိုချီ နှင့်မညီ၍ ပီပီမပိုင် မုန်းနိုင်ဘဲရှိ မခံချိခဲ့ သီရိတောက်ပ စကြာ့သနင်း ညီတောင်ရင်းဟု တင်းမကြားစောက် ထက်အောက်နိုင်ငံ ကျော်စောသံနှင့် အောင်လံစိုက်ထူ ကျွန်းဇမ္ဗူတွင် ထွက်ပြူသမျှ တန္တမုဒိမ်း ရန်မျိုးငြိမ်းသည် အစိမ်းဝါးမည့်သူကိုကား