စည်းရိုးထဲမှာရွာ (ချဲ့ထွင်ကဗျာ)

From Wikisource
Jump to navigation Jump to search
မောင်ခွေးဖို့ ကဗျာများ by မင်းသုဝဏ်
၄၀။ စည်းရိုးထဲမှာရွာ(ချဲ့ထွင်ကဗျာ)

၁။ စည်းရိုးထဲမှာ ရွာ (ပထမအဆိုင်းက ဆိုရန်)
၂။ ငါတို့နေတဲ့ရွာ (ဒုတိယအဆိုင်းက ။ )
၃။ ရွာအထဲမှာ ရပ် (ပထမအဆိုင်းက ။ )
၄။ တောင်သူနေတဲ့ရပ် (ဒုတိယအဆိုင်းက ။ )
၅။ ရုပ်အထဲမှာ လမ်း (ပထမအဆိုင်းက ။ )
၆။ ကျောက်နီခင်းတဲ့လမ်း (ဒုတိယအဆိုင်းက ။ )
၇။ လမ်းအထဲမှာ ဝင်း (ပထမအဆိုင်းက ။ )
၈။ ဝါးခြမ်းကာတဲ့ဝင်း (ဒုတိယအဆိုင်းက ။ )
၉။ ဝင်းအထဲမှာ အိမ် (ပထမအဆိုင်းက ။ )
၁၀။ ပျဉ်ထောင်သွပ်မိုးအိမ် (ဒုတိယအဆိုင်းက ။ )
၁၁။ အိမ်အထဲမှာ ဆောင် (ပထမအဆိုင်းက
၁၂။ တောင်ဘက်လေသာဆောင် ( ဒုတိယအဆိုင်းက ။ )
၁၃။ ဆောင်အထဲမှာ ခန်း (ပထမအဆိုင်းက ။ )
၁၄။ ပစ္စည်းသိုလှောင်ခန်း (ဒုတိယအဆိုင်းက ။ )
၁၅။ ခန်းအထဲမှာ အုပ် (ပထမအဆိုင်းက ။ )
၁၆။ ညောင်ဦးယွန်းထည်အုပ် (ဒုတိယအဆိုင်းက ။ )
၁၇။ အုပ်အထဲမှာ တစ် (ပထမအဆိုင်းက ။ )
၁၈။ မောင်းထောင်ဆေးနီအစ် (ဒုတိယအဆိုင်းက ။ )
၁၉။ အစ်အထဲမှာ ဘူး (ပထမအဆိုင်းက ။ )
၂၀။ ထန်းစေ့လုပ်တဲ့ဘူး (ဒုတိယအဆိုင်းက ။ )
၂၁။ ဘူးအထဲမှာ နှမ်း (ပထမအဆိုင်းက ။ )
၂၂။ ဆီကြိတ်ရတဲ့နှမ်း (ဒုတိယအဆိုင်းက ။ )
၂၃။ နှမ်းရှိတာက ဘူး (ပထမအဆိုင်းက ။ )
၂၄။ ထန်းစေ့လုပ်တဲ့ဘူး (ဒုတိယအဆိုင်းက ။ )
၂၅။ ဘူးရှိတာက တစ် (ပထမအဆိုင်းက ။ )
၂၆။ မောင်းထောင်ဆေးနီအစ် (ဒုတိယအဆိုင်းက ။ )
၂၇။ အစ်ရှိတာက အုပ် (ပထမအဆိုင်းက ။ )
၂၈။ ညောင်ဦးယွန်းထည်အုပ် (ဒုတိယအဆိုင်းက ။ )
၂၉။ အုပ်ရှိတာက ခန်း (ပထမအဆိုင်းက ။ )
၃၀။ ပစ္စည်းသိုလှောင်ခန်း (ဒုတိယအဆိုင်းက ။ )
၃၁။ ခန်းရှိတာက ဆောင် (ပထမအဆိုင်းက ။ )
၃၂။ တောင်ဘက်လေသာဆောင် (ဒုတိယအဆိုင်းက ။ )
၃၃။ ဆောင်ရှိတာက အိမ် (ပထမအဆိုင်းက ။ )
၃၄။ ပျဉ်ထောင်သွပ်မိုးအိမ် (ဒုတိယအဆိုင်းက ။ )
၃၅။ အိမ်ရှိတာက ဝင်း (ပထမအဆိုင်းက ။ )
၃၆။ ဝါးခြမ်းကာတဲ့ဝင်း (ဒုတိယအဆိုင်းက ။ )
၃၇။ ဝင်းရှိတာက လမ်း (ပထမအဆိုင်းက ။ )
၃၈။ ကျောက်နီခင်းတဲ့လမ်း (ဒုတိယအဆိုင်းက ။ )
၃၉။ လမ်းရှိတာက ရပ် (ပထမအဆိုင်းက ။ )
၄၀။ တောင်သူနေတဲ့ရပ် (ဒုတိယအဆိုင်းက ။ )
၄၁။ ရပ်ရှိတာက ရွာ (ပထမအဆိုင်းက ။ )
၄၂။ ငါတို့နေတဲ့ရွာ (ဒုတိယအဆိုင်းက ။ )
၄၃။ စည်းရိုးကြီးနဲ့ပါ။ (အားလုံးဆိုရန်)
(ဤကဗျာကို ကလေးငယ် ၂ဆိုင်း၊ မျက်နှာချင်းဆိုင်၍အချီအချ ဆိုရပါမည်။ ပထမ စာကြောင်းကို ပထမ အဆိုင်းက ဆို၍ ဒုတိယ စာ ကြောင်းကို ဒုတိယအဆိုင်းက ဆိုရပါမည်။ ဤသို့ ဆိုရင်း လူဦးရေကို လျှော့သွားရပါမည်။ ဦးရေ ၂ သို့ ရောက်သောအခါ ပြန်တိုးရပါမည်။)

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse