စစ်ကိုင်းမြို့ ဝတ်ရုံကျောင်း မော်ကွန်း

From Wikisource
Jump to navigation Jump to search
စစ်ကိုင်းမြို့ ဝတ်ရုံကျောင်း မော်ကွန်း
by ရှင်မဟာရဋ္ဌသာရ
အရှင်မဟာရဋ္ဌသာရ ဆို၊ ရွှေနန်းကြော့ရှင်နရပတိက ဆောက်လုပ်လှူဒါန်းတော်မူသော စစ်ကိုင်းမြို့ ဝတ်ရုံကျောင်း မော်ကွန်းမှ ထုတ်နုတ်ချက် ပုဒ်ရေ (၁)

မြန်မာစာညွန့်ပေါင်းကျမ်း ပထမတွဲမှ ကူးယူသည်။

(၁) မဏ္ဍိုင်ဗဟို၊ နတ်များခိုသော၊ မြင်းမိုရ်တောင်ရင်း၊ နတ်တလင်းသို့၊ ဆိပ်ခင်းသန့်သက်၊ ကျောက်စက်ရေကြည်၊ ယှဉ်ရှည်စီးမြေ့၊ နီးချဉ်းစေ့သား၊ အရှေ့လဟာ၊ မြစ်ဧရာနှင့်၊ လက်ယာမြင့်ဆောင်၊ မဟာကျောင်းတုံ၊ တောင်စောင်းရံဆောင်၊ ပဲပုံတောင်လည်း၊ ထွတ်ခေါင်စွင့်စွင့်၊ လှတင့်ပေါ်ထင်၊ ကုန်းခင်မော်ယွန်း၊ ထုတ်သန်းပတ်လည်၊ အုပ်စည်ဆိုင်းဆိုင်း၊ စစ်ကိုင်းငယ်ချောင်း၊ ရွာထောင်တစ်လျှောက်၊ အနောက်တစ်ခွင်၊ တောမြင်မြင်လည်း၊ မည်းမင်လျှိုးလျှိုး၊ တောင်ရိုးနီးစပ်၊ ပါယပ်တစ်လွှား၊ တောင်ကြီးဖျား၌၊ ဘုရားလုံးညီ၊ စေတီတကွ၊ ပုညသခင်၊ မြင်ထင်ပြဲ့ပြဲ့၊ နောက်မငဲ့သား၊ တုမဲ့ရဟန်း၊ သုံးလူ့ပန်း၏၊ သင်္ကန်းမြတ်စွာ၊ ဌာပနာသား၊ မြန်မာတံခွန်၊ ဇေတဝန်ဟု၊ ဗိမာန်နှစ်ဆူ၊ မြှေးမြူမကပ်၊ တံလှပ်မထိုး၊ ထေရ်မျိုးဝန်းအုပ်၊ ရှင်တော်ရုပ်တိ၊ စောင့်ချုပ်အာပတ်၊ လွတ်စိမ့်သောငှာ၊ လေးမျက်နှာမှ၊ ရောက်လှာသသူ၊ လူတိ့အားကို၊ စီးပွားဆောင်ရွက်၊ တောင်ထက်သဘင်၊ ကြွေးရှင်မဆိတ်၊ ကျော်စောထိတ်၏၊ သပိတ်လည်မော်၊ ရှုမြော်တစ်သွန်၊ ဧသန်ခပ်ခိုင်း၊ တံတိုင်းပမာ၊ မြေမျက်နှာနှင့်၊ လက်ယာလက်ဝဲ၊ တံကဲသဖွယ်၊ အကြွယ်အဝ၊ ကုံငပစ္စည်း၊ သိမ်းဆည်းကိုယ့်ဖို့။ မချို့မတဲ့၊ သုံးဆယ့်နှစ်နစ်တောင်၊ ကုန်အောင်များတောင်း၊ ရံလေရှောင်းသည်၊ ၊ ဤကျောင်းဝတ်ရုံ ထင်ရှားတည်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse