စစ်ကိုင်းမြို့ဘွဲ့ ဧချင်း

From Wikisource
Jump to navigation Jump to search
စစ်ကိုင်းမြို့ဘွဲ့ ဧချင်း
by ပယ်သူငယ်စား ရှင်မြတ်ခေါင်
ပယ်သူငယ်စား ရှင်မြတ်ခေါင်ဆို၊ သခင်ကြီးဧချင်းမှ ထုတ်နှုတ်သော စစ်ကိုင်းမြို့ဘွဲ့ ဧချင်းသံပေါက်

(၁) တစ်စင်းနေတည်၊ စစ်ကိုင်းသည်ကား၊ လျှောက်မည်စုံအင်၊ ရုဠီတင်လျက်၊ စစ်ပင်ကိုင်းကြောင့်၊ စစ်ကိုင်းတွင်သည်၊ ၊ ပြည်လျှင်မြတ်ဌာနတည့်သခင်၊ ၊ ပြည်လျှင်မြတ်ဌာနတည့်သခင်ကြီး။

(၂) စစ်ကိုင်းတောင်အောက်၊ မင်းခြောက်ယောက်တို့၊ ထီးမြှောက်စည်နှင့်၊ ဥကင်မြင့်ထက်၊ ပွင့်လတ်မည်ဟု၊ ဘုန်းစည်သမိုက်၊ သိုင်နှင့်နိမိတ်၊ မှတ်ခဲ့ဖိတ်သည်၊ ၊ ဗျာဒိတ်မိန့်တော် ရတည့်သခင်၊ ၊ဗျာဒိတ်မိတ်တော် ရတည့်သခင်ကြီး။

(၃) ဗျာဒိတ်သိုက်လျောက်၊ မင်းခြောက်ယောက်တို့၊ ရန်ထောက်ပယ်သင်၊ မြောက်ရှစ်ခွင်ကို၊ ပလ္လင်နောက်ဆိုင်း၊ တံကဲခိုင်း၍၊ စစ်ကိုင်းရွှေပြည်၊ ထောင်လတည်က၊ ပွင့်စည်သာသနာ၊ စီးပွားစွာသည်၊ ၊ အောင်ချာပြည်ချက်မတည့်သခင်၊ ၊ အောင်ချာပြည်ချက်မတည့်သခင်ကြီး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse