ငရံ့မင်းပရိတ်အမွှန်း

From Wikisource
Jump to navigation Jump to search
ငရံ့မင်းပရိတ်အမွှန်း
by အမည်မသိ

ပူရေန္တံ ဗောဓိသမ္ဘာရေ၊ နိဗ္ဗတ္တော မစ္ဆယောနိယံ။

အစရိ ဟိတဉ္စ ဉာတတ္ထံ၊ မဟာမေဃံ ပဝဿိယ။

ဝဿာပေသိ ဂိမှာနေပိ၊ မစ္ဆရာဇာ မဟာသတ္တော။

ပရိတ္တဿေဝ တေဇေန၊ ပရိတ္တံ တံ ဘဏာမ ဟေ။

ဗောဓိသမ္ဘာရေ– သဗ္ဗညုတဉာဏ်, ရရန်ထောက်ကူ, ပါရမီအဆောက်အဦတို့ကို။ ပူရေန္တံ- ဖြည့်ကျင့်ဆည်းပူးတော်မူသော။ မဟာသတ္တော- ဘုရားအလောင်းတော်သည်။ မစ္ဆယောနိယံ- ငါးမျိုး၌၊ နိဗ္ဗတ္တော– ဖြစ်တော်မူသည်။ (ဟုတွာ- ဖြစ်၍)။ မဟာမေဃံ- ရေလျဉ်လျှံဖြိုး ကြီးစွာသောမိုးကို။ ပဝဿိယ- ဖြိုင်ဖြိုင်ရွှန်းဝေ ရွာသွန်းစေလျက်။ ဉာတတ္ထံ စ– ညာတကာမျိုး ငါးတို့၏အကျိုးကိုလည်းကောင်း။ ဟိတံစ- ဉာတကာအများ ငါးတို့၏ စီးပွားကိုလည်းကောင်း။ အစရိ- မေတ္တာနှောင်ဖွဲ့ ကျင့်ဆောင်တော်မူခဲ့ပါပေပြီ။

မဟာသတ္တော- ဘုရားအလောင်း ဖြစ်တော်မူသော။ မစ္ဆရာဇာ- ငါးရံ့မင်းသည်။ ယဿ ပရိတ္တဿေဝ– အကြင်ပရိတ်တော်၏သာလျှင်။ တေဇေန– တန်ခိုးရှိန်စော် အာနုဘော်ဖြင့်။ ဂိမှာနေပိ– အိုင်ရေကုန်ခန်း ပင်ပန်းပူဆာ နွေအခါ၌သော်လည်း။ မဟာမေဃံ– ရေလျဉ်လျှံဖြိုး ကြီးစွာသောမိုးကို။ ဝဿာပေသိ- ဖြိုင်ဖြိုင်ရွှန်းဝေ ရွာသွန်းစေခဲ့လေပြီ။ ဟေ- အို သူတော်ကောင်းတို့ (မယံ– ငါတို့သည်)။ တံပရိတ္တံ- ထိုငါးရံ့မင်းပရိတ်တော်ကို။ ဘဏာမ- ယုံကြည်လေးစား မေတ္တာထား၍ ရွတ်ပွားကြပါကုန်စို့။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse