ဂေါတမဂူ ကျောက်စာ

From Wikisource
Jump to navigation Jump to search
ဂေါတမဂူကျောက်စာ  (1757) 
by အလောင်းမင်းတရား
ညောင်ဦးမြို့၊ ငှက်ပစ်တောင်အရပ်၊ ဂေါတမရုပ်ထုတော်ဘုရားကြီးမုခ်ဂူအတွင်း

ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော စကြာဆင်ဖြူများသခင်ဘဝရှင်အလောင်မင်းတရားကြီး ငှက်ပစ်တောင်ကြီး နယ်ရှစ်ရပ်နှင့် တံဆိပ်တောင်တွင် အဘယဒါနအရာ ၅ လုန်တို၏ အဘယဒါန ငှက်ပစ်တောင်ကြီးတံဆိပ်ကိုလည်း ကပ်လှူတော်မူသည်။ နယ်ရှစ်ရပ်အတွင်းတွင် သတ္တဝါအပေါင်းတို့၏ ပစ္စုပ္ပန်သံသရာဘေးမဲ့ပေးခြင်း မဟာဒါနအလှူကြီးကို လှူတော်မူသည်။ ငှက်ပစ်တောင်ကျောင်းတော်ရပ်၌လည်း ကျောင်ဆောက်၍ လှူတော်မူသည်။ ကျောင်းပတ်လည် ၅၀၀ တာအတွင်းတွင် ထန်းရည်၊ အရက်၊ ကဇော်၊ လှော်ဇာသား ထိုနွားသတ်ကျေးငှက်သား ငါ့သတ္တဝါအပေါင်းတို့ကို သတ်ညှင်းပန်ယူခြင်း သောက်စားယစ်ဝခြင်းအမှုကို ပုဂံညောင်ဦးမှစ၍ အရပ်ရပ်မြို့နေ၊ ရွာနေ၊ ကျေးနေ အစီရင်သူကြီး တန်ခေါင်ရွာ၊ ဆော်ရွာနေတို့ ကြည့်ရှောင်ကြ။ အမိန့်တော်ကို ဖီဆန်ပြုကျင့်လျှင် အာဏာစက်၊ ဓမ္မစက်နှင့်အညီ ဆုံးမနှိပ်ကွပ်တော်မူရမည်။ ၁၁၉၉ ခု တပို့တွဲလပြည့်ကျော် ၄ ရက် ၆ နေ့တွင် (ဝန်)မင်းဇေယျရန်အောင်ကို လှူစေသည်။

မူလအရေးအသား[edit]

  1. ဘုန်တော်အလွန်ကြီမြတ်တော်မူလှ
  2. သောစကြာဆင်ဖြူများသိခင်ဘဝရှင်အလော
  3. င်မင်တရာကြီ ငှက်ပစ်တောင်ကြီနယ်ရှစ်
  4. ရပ်နှင်တံဆိပ်တောင်တွင် အဘယဒါနအ
  5. ရာ ၅ လုန်တို၏ အဘယဒါနငှက်ပစ်တောင်ကြီတံ
  6. ဆိပ်ကိုလည်ကပ်လှူတော်မူသည်နယ်ရှစ်ရပ်အတွင်တွင်
  7. သတ္တဝါအပေါင်တို၏ ပစ္စုပ္ပံသံသရာဘေမဲပေခြင်မဟာဒါ
  8. နအလှူကြီကိုလှူတော်မူသည် ငှက်ပစ်တောင်ကျောင် ​ေ
  9. တာ်ရပ်၌လည်ကျောင်ဆောက်၍လှူတော်မူသည်ကျော
  10. င်ပတ်လည် ၅၀၀ တာအတွင်တွင် ထန်ရည်အရက်က​ေ
  11. ဇာ်လှော်ဇာသာထိုနွာသတ်ကျေငှက်သာ ငါသတ္တဝါ
  12. အပေါင်တိုကိုသတ်ညှင်ပန်ယူခြင်သောက်စာယစ်ဝခြင်
  13. အမှုကို ပုဂံညောင်ဦမှစ၍ အရပ်ရပ်မြို့နေရွာနေကျေ
  14. နေအစီရင်သူကြီတန်ခေါင်ရွာဆော်ရွာနေတိုကြည်​ေ
  15. ရှာင်ကြအမိန်တော်ကိုဖီဆံပြုကျင်လျှင် အာနာစက် ဓမ္မစ
  16. က်နှင်အညီဆုမ္မနှိပ်ကွပ်တော်မူရမည်၊ ၁၁၉၉ ခု တပိုတွဲ
  17. လပြည်ကျော် ၄ ရက် ၆ နေတွင် (ဝံ)မင်ဇေယရန်အောင်
  18. ကိုလှူစေသည်။