ဂူပြောက်ငယ်ဘုရား (မဟာထီးဘုရား) ကျောက်စာ

From Wikisource
Jump to navigation Jump to search
ဂူပြောက်ငယ်ဘုရား(မဟာထီးဘုရား)ကျောက်စာ  (သက္ကရာဇ် ၅၈၂) 
by နားတောင်းများမင်းကြီး

(မျက်နှာဘက်)
၁၊၂၊၅၂၊၁။
၁ “။ ။ နမော ဗုဒ္ဓဿ။ ။”

[နမော ဗုဒ္ဓဿ။]

၁၊၂၊၅၂၊၂။
၁ “သကရစ် ၅၆၀။ ဘါတ်နှစ် မ္လွယ်တာလဆန် ၅
၂ ရျက် ကြသပတိယ်နိယ်အာ။ မဟာဓိဓံမ္မရာဇဂုရု မဟာဓိဓံမ္မရာဇဂုရုကိုဝ် မင်ကြီနာဒေါ
၃ င်မျာ ငဲသော စါသင်ရကာ မင်ဖ္လစ်ပြီ မဟာဓိက္လောင် ပုရှာအာ
၄ မင်ကြီနာတောင်မျာလှူသော မ္လစ်ဿာလဲ နာတောင်မျာ ၁၀၀ တေ”

[သက္ကရာဇ် ၅၆ဝ ဘဒြနှစ်၊ နွယ်တာလဆန်း ၅ရက်၊ ကြာသပတေးနေ့အား မဟာထီးဓမ္မရာဇဂုရုကို မင်းကြီး နားတောင်းများ ငယ်သော စာသင်ရကား မင်း ဖြစ်ပြီး မဟာထီးကျောင်းဘုရားအား မင်းကြီး နားတောင်းများလှူသော မြစ်သားလယ် ၁ဝဝ တည်း။]

၁၊၂၊၅၂၊၃။
၂၀ ...“ဤငလှူကိုဝ် ဖျက်
၂၁ ဆိသောသူကာ အဝစိယ်အထဲငြဲလျှင် ကျက်စိယ်သတေ ကံဖာလိ
၂၂ ယ်ဖျက်သောခာ မ္လိယ်ကြိတောင်တ်ခပင် မုန် ၂ ညက် ၂ ပျက်စီသို
၂၃ ဝ် ပျက်စီစိယ်သတေ ဆောက်တည်ရာမြ ဖ္လစ်စိယ်ကုန် သတေ၊”

[ဤငါ့လှူကို ဖျက်ဆီးသောသူကား အဝီစိအထဲငရဲလျှင် ကျက်စေသတည်း။ ကမ္ဘာလေဖျက်သောခါ မြေကြီး တောင်တောခပင်း - မုန့်မုန့်ညက်ညက် ပျက်စီးသို့ ပျက်စီးစေသတည်း။ ဆောက်တည်ရာမရ ဖြစ်စေကုန်သတည်း။]

(ကျောဘက်)
၁၊၂၊၅၇၊၁။
၈ “ဤငအလှူကိုဝ် စောင်မချင်သောသူကာ လူစည်စိ
၉ မ် နတ်စည်စိမ် နိရဗ္ဗန် နိရဗ္ဗန်စည်စိမ်လျှင် ရလေစေကုန် သတေ၊ ၊”

[ဤငါ့အလှူကို စောင်မချင်သောသူကား လူစည်းစိမ်၊ နတ်စည်းစိမ်၊ နိဗ္ဗာန်စည်းစိမ်လျှင် ရလေစေကုန် သတည်း။]

၁၊၂၊၅၇၊၂။
၁၀ “ဤငာအလှူကိုဝ် ဖျက်ဆီသသူကာ သတ္တဝာဖ္လစ်သော လေအ
၁၁ မွေယ်မယ် အရိယ်မယ်သည် ဖ္လစ်စေယ်ကုန်သတေ၊ ၊လူဖ္လစ်
၁၂ သောလေ ဖုရာအဖ္လစ်၂ ခ္လွတ်ရုယ် မက္လွတ်နိုင်သော လူပြိတ္တာ လျှ
၁၃ င် ဖ္လစ်စိယ်ကုန်သတေ။”

[ဤငါ့အလှူကို ဖျက်ဆီးသောသူကား သတ္တဝါဖြစ်သော လည်း အမွေးမဲ့ အရေမဲ့သည် ဖြစ်စေကုန်သတည်း။ လူဖြစ်သောလည်း ဘုရားအဖြစ်ဖြစ်ချွတ်၍ မကျွတ် နိုင်သော လူပြိတ္တာလျှင် ဖြစ်စေကုန်သတည်း။]

၁၊၂၊၅၇၊၃။
၁၃ “နိဗ္ဗာနပစ္စယော ဟောတု။”

[နိဗ္ဗာနပစ္စယော ဟောတု။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse