ချဉ်ပေါင်ရွက်ဘွဲ့ လေးချိုး

From Wikisource
Jump to navigation Jump to search
ချဉ်ပေါင်ရွက်ဘွဲ့
by မန်လည်ဆရာတော်

ရာသီ သူမလင့်၊
လွန်မမြင့် ပင့်နဂို။

ဖူးပွင့်ရယ် စီရရီနှင့်၊
ရိုးအနီ သန္တာနွဲ့၊
ဆူးလှည့်လို့ခို။

ပြည်ရွှေဘို မူလရင်းပေမို့၊
စားတော်သွင်း မြရွက်ညို
စာဆိုလို့မဆုံး။

အောင်တိုးငယ် ခေါ်၊
ဝက်သားကြော် ဆယ်ပြန်လိုက်တော့၊
မထိုက်တယ်ဆိုလျှင် ခံရမည်၊
နရကန်[1] ချဉ်ပေါင်ရွက်ကယ်နှင့်ကွယ်
လဲလျက်မသုံး။ ။

မှတ်ချက်[edit]

  1. နရကန် = မန္တလေးတောင်ဘက် တံခွန်တိုင်ရွာအနီးရှိ နရကန်ရွာ
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.