ချဉ်ပေါင်ညို လွမ်းချင်း

From Wikisource
Jump to navigation Jump to search
ချဉ်ပေါင်ညို လွမ်းချင်း
by ဦးဆောင်း

အယဉ်ငယ်ကြီးပါတဲ့၊
ဇနီးရယ်ပျော်လို၊ ဖျဉ်းနားတိုတွင်၊
ချဉ်ပေါင်ညိုပေါ်စဖူးရယ်နှင့်၊
ငါးလူးငယ်မျှင်မျှင်၊
ကြေးမသင် ရေလုံပြုတ်ပါလို့၊
အင်ကုပ်ကယ်ကျယ်ကျယ်နှင့်၊
မင်းဘွယ်စိုးရလောက်ပေလေး ။ ။

လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊
ဆာမွတ်ချိန်ကျသော်ကြောင့်၊
ဆံစလိပ်ခွေ၊ ဖားလျားဝေနှင့်၊
အိမ်နေသူ့သက်ပန်၊ ချက်ပြောင်းဆန်ကို၊
တပန်းကန်ကုန်အောင်၊
တက်တက်သာပြောင်တော့၊
ကိုတောင်သူ့အနေ၊
ဗိုက်ဝမ်းရေ ပတ်လည်ကျ ရယ်နှင့်၊
ယဉ်လှတယ်လေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse