ချစ်ပုန်းငယ်မှကြိုက်ဆုံ

From Wikisource
Jump to navigation Jump to search
ချစ်ပုန်းငယ်မှကြိုက်ဆုံ
by မောင်ထွား

ချစ်ပုန်းငယ်မှကြိုက်ဆုံ၊ အလွမ်းငယ်ပင်လယ်၊
မကအောင်ကျယ်ခဲ့ပြီ၊ မြဆွယ်ပုံပန်းနှင့်၊
ဆန်းယဉ်ပုံငယ်တဲ့လေး။ ။

သက်လုံငယ်မှမချိ၊ မဆန့်ရှိအောင်၊ အမိတကယ်၊
ကြက်လိုရစ်လို့ချစ်ယောင်ပြယ်သည်၊ အသွယ်သွယ်မယ်ဆိုးလို့၊
ကွယ်ကိုးလေကော။

သဘောငယ်မှမချစ်၊ သရောဖြစ်သည်၊
မနှစ်မြို့ပြီ၊ မွှေးမျိုးငယ်မဆုံး၊ ကြင်ရန်ဘို့ကုံးပါတဲ့၊
ဂမုန်းသီကို၊ နာရီလိုချိန်စောင့်လို့၊
မောင်အောင့်တန်ဘဲ။ ။

မင်းယောက်ျားဘုန်း၊ ချိန်ဆုန်းခါသင့်၊
ပန်းမှယ်သာပွင့်လိမ့်မယ်။ မလင့်ဘူးမြညှာငဲ့၊
ရတနာရွှေ ငွေသီးပါသမို့လား၊ ဂုဏ်ကြီးချွဲလေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse