ခေမာဝရဘုရားကျောက်စာ

From Wikisource
Jump to navigation Jump to search
ခေမာဝရဘုရားကျောက်စာ  (သက္ကရာဇ် ၅၆၉) 
by နားတောင်းများမင်း

သက္ကရာဇ် ၅၆၉ ခု ဇိတ … သံဝစ္ဆိုရ်နှစ်၊ တန်ခူးလဆန်း ၁ ရက်၊ ၅နေ့အား ဩီတြိဘဝနာဒိတျပဝရဓမ္မရာဇာမည် … တောင်းများမင်းကြီးသည် သဗ္ဗညုဘုရားဆုကိုလိုချင်၍ ရတနာတိ ဆန်းကြယ်စွာ ေ… လည်းပြုတော်မူ၏။ ကချေသဘင်၊ ရွှေပေါက်ပေါက်၊ (ငွေပေါက်ပေါက်)၊ ဆီမီးသင်ပုတ်လည်းကောင်း သခင်သံဃာတို့ကို မေတ္တာဘာဝနာမူသာစိမ့်သောငှါ။

ဆပ်သွားချောင်းအလွန် ဥဒေါင်းတစ်တွန်လျှင် အခြားတည်း။

စည်ခရာတီး၍ ဗိုလ်ပါ၊ အမတ်ရာ၊ ရဟန်းသံဃာ နှင့်အကွ ရေစင်တော်ချ၏။ ကြားပါ သိပါသော မင်းသား၊ အမတ်၊ သေဋ္ဌေး၊ သူကြွယ် တို့သည်လည်း အနုမောဒနာ ခေါ်ပါကုန်၏။

ဤသို့ စင်လှစွာမူ၍ ငါလှူသောမြေကို အစိုးရ သတည်းဟု ဖျက်ဆီးသော မင်းလည်းကောင်း၊ မင်းသား မင်းမယားတို့သည် လည်းကောင်း၊ အမတ်ရာ ဗိုလ်ပါတို့သည်လည်းကောင်း၊ စားလို၍ယူသောလည်းကောင်း၊ ဖျက်ဆီးသောလည်းကောင်း ဤလူလက်ထက် အပြစ် ၈ပါး ရောက်စေသတည်း။ ခန္ဓာပျက်သောကား လူနှစ်တွက်သော အနှစ် ၉သန်း မှ တစ်နေ့ရှိသော သိဉ္ဇိုးငရဲ၊ လူနှစ် ၃ကုဋေ၆သန်းမှ တစ်နေ့ရှိသော ကာဠသုတ်ငရဲ၊ လူနှစ် ၁၄ကုဋေ (အ)မြတ် အနှစ် ၄သန်းမှ တစ်နေ့ရှိသော တာပန ငရဲ၊ လူနှစ် ၅၇ ကုဋေ အမြတ် အနှစ် ၆သန်းမှ တစ်နေ့ရှိသော ပတာပနငရဲ၊ လူနှစ်တွက်သော အကုဋေ ၂၃ဝ အနှစ် ၄သန်းမှ တစ်နေ့ရှိသော သင်္ဃာတငရဲ၊ လူနှစ်တွက်သော အကုဋေ ၉၂၁ကုဋေ အမြတ် အနှစ် ၆သန်းမှ တစ်နေ့ရှိသော ရောရုဝငရဲ၊ လူနှစ်တွက်သော အကုဋေ ၃၆၈၆ ကုဋေ အမြတ် အနှစ် ၄သန်းမှ တစ်နေ့ရှိသော မဟာရောရုဝငရဲ၊ လူနှစ်တွက်သော အကုဋေ ၁၄၇၄၅ ကုဋေ အမြတ် အနှစ် ၆သန်းမှ တစ်နေ့ရှိသော အဝီစိငရဲ ဤငရဲ တို့၌လည်း ကျက်လေစေသတည်း။

ကကုသန်ဘုရားသခင်သာသ(နာ)၌ သဒ္ဓါသော သူတော်သည် လှူသော ဝတ်လယ်ကိုလိုချင်၍ အခြား၌ ဆောက်သော ကျောက်ကိုနုတ်ဘိ၍ ဝတ်လယ်ကို ယုတ်စေဘိသောကြောင့် ကျောက်တိုင်လွန်၍ လယ်ကို ယူသော ထိုယောက်ျားကား သေခဲ့သော အထုလည်း အရက် ၆ဝသွား၊ အလျားအနံလည်း အရက် ၆ဝ သွားရှိသော ကျောက်ဖျာတွင် ခါးရွေ့နစ်လျက် ဘုရားသုံးယောက်လွန်ပြီး ငါတို့ဘုရားဂေါတမ လွန်အောင် မလွတ်တတ်သော ပြိတ္တာသို့သော ပြိတ္တာလည်း ဖြစ်စေသတည်း။

ငါ့ကောင်းမှုကို ချီးပင့်ပါသော မင်း၊ မင်းမယား၊ မင်းသား၊ အမတ်၊ စစ်သူကြီး၊ ဗိုလ်ပါ၊ ရဟန်း သံဃာတို့သည် အရေးအရံမူလည်းယူပါ၏။ ငါ့ဝတ္ထုကို စားကာမမူ စူဖာသသူ၊ တိမ်ခဲ့ပြီးသည်ကို ဖော်ပါသသူကား လူဖြစ်သောလည်း လူတကာထက် မြတ်စွာသော မင်းစကြဝတေး၊ သေဋ္ဌေး၊ သူကြွယ်တိလျှင် ဖြစ်စေသတည်း။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse