ခါသင်္ကြန် လေးချိုး

From Wikisource
Jump to navigation Jump to search
ခါသင်္ကြန်
by နတ်မောက် ဦးကြော့

ပုရစ်တံ မြရည်သွေးငယ်နှင့်၊
နှစ်သင်္ကြန် လမည်ပေးမယ်လို့၊
လှကြည်ဆေးငယ်က တင်လိုက်တာ။

အသွင်မြတ်ပါဘိ၊
ရင်ခတ်ကယ် ရွှေမာလာတို့၊
ဗွေချာမှာ ရနံ့သင်းလို့ရယ်၊
ဟေမဝါ စုံမြိုင်တွင်းမှာ၊
ဆင်းဖန့်ဖန့်ဝါ။

နွေဂိမာန် မိဿာစန်းဟာမို့၊
ဝေထိန်လျှံ စိတြဆန်းပြန်တော့၊
နန်းမေရု ဗွေအာကာ၊
တာရာက ရောင်စုံမြူ့း။

နှစ်သင်္ကြန်၊
ကူးခတ်ဆော်စီမံသဖြင့်၊
လှူဒါနံ ညောင်ရေပန်းတွေနှင့်၊
ရေဖျန်းကိုယ်စီခံကြ၊
စဲမညံ ပွဲတော်တွင်းပေမို့၊
လဲ့လဲ့ဝင်း မေကညာဖြူတို့နှင့်၊
ပဏ္ဍာတူ အချစ်စမ်းချိန်မို့၊
ငွေသိင်္ဂါ ရဝေနန်းဆီသို့၊
လွမ်းစိတ်နဲ့ရူ့း။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.