ကျစွာမင်းအမိန့်တော် ကျောက်စာ

From Wikisource
Jump to navigation Jump to search
ကျစွာမင်းအမိန့်တော်ကျောက်စာ  (သက္ကရာဇ် ၆၁၁) 
by ကျစွာမင်း
  • ပုဂံကျောက်စာလက်ရွေးစင်မှစာကိုးယူပါသည်။

(မျက်နှာဘက်)
“။ ။ သကရစ်(၆၁၁)ခု (မြိက္က်သိုရ်သံဝ)
စ္ဆိုဝ်။ ကုဆုန်လဆန်၉ရျက် (ကြဿပတိ)
ယ်နိယ်။ မာခာနက်သတ်။ မေ(ဓုန်လက်)
(၅)နာရိပြိ။ အတိုဝ်(ဖ) ပုရှာစဝ်ကြီသ္ခိင်(သြိတြိ)
(ဘ)ဝနာတိတ္တျာပဝရ ပန်တိတာထမ်မရာဇာ (မည် သော)
ပုရှာရှင်တဝ်။ ရှိယ် ထုယ်တဝ်။ နင်အလွံသော(လုမျာ)
တကာတိုဝ်။ ဥိသာထက်အာ။ တင်လှာ(လင်၊ နင်)
လူမျာတကာတိုဝ်။ ဤလူတွင်သောချံသာ။ (တမုနွန် သော ချံသာ)
(ကိုဝ်။ လို)ဝ်သောသူကာ။ ဤငစာကာကိုဝ်။ ရိုဝ်သိယ်သော (ယုံသောမူရု)
၁၀ယ်။ လှမစောက်နာထောင်ရုယ် နာအပ်ဧ။ အ (ဖယ်ကြောင်)
၁၁(နှေဟူမူ)ကာ။ အာကြင်ကြောင် ဤ(ငာ)စာကာကာ၊ မိ၂(ကိုဝ်ပြညာ)
၁၂(ဖ္လ)င်ကြံရုယ် ဆိုဝ်(သော)မဟုတ်စွံ။ မ္လတ်စွာသော (ပုရှာသ္ခိင်သဗ္ဗညု)
၁၃စကာကိုဝ်မှီရုယ် ဆိုဝ်သတေ၊ ရှိယ်လွန်သော(မင်တိုဝ်)
၁၄ကာ။ ခိုဝ်စာသောသူ(တို)ဝ်ကိုဝ်ကာ။ တံက္လင်(လှုဝ်သောကစသော)
၁၅(အ)ထူ၂သော သတ်ခြင်ဖ္လင်၊ သတ်ကုန်ဧ။ ထိုဝ်သိုဝ်သော(သတွာ)
၁၆တကာဧ အပျက်အစိကိုဝ် မ(လိုဝ်)သောကြာင် သတ္တွာ (တကာ)
၁၇တိုဝ်ကိုဝ်။ မိ၂သက(ယ်)သိုဝ် (ဩက်)မိယ်လတ်ရုယ် ကြုနာ(သည်)
၁၈တိုက်လတ်ရုယ်။ ဆိုဝ်သောစကာတေ။ ထိုဝ်ကြာင်ရကာ ရိုဝ်သိ(ယ်)
၁၉သော ယူံသောမူရုယ် လှမစောက်နာထောင်ရုယ် နာအပ်ဧ (ဟူ)
၂၀သတေ အသိုဝ်မူရုယ် နာစိယ်သနှေ၊ ဩ ဤမင်ကြိကာ။ မိ(၂)
၂၁(ကိုဝ်)ပြညာ( ဖ္လ)င် ကြံရုယ်ဆိုဝ်သော မဟုတ်တကာ။ မ္လတ်စွာေ
၂၂သာပုရှာသ္ခိင်။ သပ်ပည်ုစကာကိုဝ်မှိ(ယ်)ရုယ် ဆိုဝ်သတေ။
၂၃(ဤ)စာကာကိုဝ်လို(က်)မူကာ ဤလူတွင်သောချံသာ။ တမုနွန်သော(ချံ)
၂၄(သာ)ကိုဝ် (မ)လွယ်ရလျင်သော(တကာ)။ ဤသိုဝ် နှစ်လုံမူရုယ် နာအပ်(ဧ)
၂၅ဤမျှသော ခိုဝ်စကုန်သောသုတိုဝ်သည်ကာ၊ ချံသာရ(အံ) သတေဟူရုယ် ခို
၂၆(ဝ်စာ)သတေ အယင်တိုဝ် ချံသာရနိုဝ်သောသည္က်ာ သုရှောက်သု(ရွာ)
၂၇(သုမျာ)သုသာ၊ သုဥိစောင်ဥိစာ။ အပျ(က်)အစိ။ အနိုင် အထက်မူသော(ကိုဝ်)
၂၈(ချံ)သာနိုဝ်ပန်ကျင်သ(တေ၊) ထိုဝ်ချံသာဟုတ်သောသည် ကာ၊ ကိုဝ်သတ်(လတံ)
၂၉(ေ)သာချံသာတေ၊ ထိုဝ်ကာချံသာတေရဧလော၊ အပျ(က်) အစိတေရောက်(ကုန်)
၃၀(လော၊)ထိုဝ်လေ နင်တိုဝ်ကြံကုန်၊ ခိုဝ်သတိုဝ်သည်ကာ၊ မိလတ်သောလေ၊ တံက္လင်
၃၁(လျှိုဝ်)သော၊ ရင်ပုဆိန်ပေါက်သော၊ သံကြပ်ကင်သော၊ အဥိနုတ်သော၊ အေ(ပါ)င်အလ(က်)
၃၂(ဖယ်)သော၊ မျက်ဆန်ထွစ်သော၊ အသာလှီရုယ် စာပိယ် လာသော၊ အရိယ်ဆွစ်ရုယ်(သာ) ဆွစ်
၃၃(မာသော)၊ ထိပ်ထွင်ရုယ် ဆိပူသွန်သော၊ လည်ရှုယ်မ္လုပ် ရုယ်၊ ထွန်နှင်ထွန်သော(၊)
၃၄(ပုယန်)ထည်ရုယ် (ဆင်)နင်နယ်သော၊ သစ်ပင်ဖက် ပုယန် စိယ်ရုယ် တံသင်နှက်သော၊ အရှ
၃၅(င်မိ)မ္လိုက်သော၊ လည်ဖြတ်သော ဤယ်သိုဝ်သကစသဖ္လင် အယင်တိုဝ်ကာ (ဆိုငြယ်ကြီအာရောက်ကုန်သောတေ၊)မမိသ
၃၆ကြာလေ၊ ဤပ်သော၊ နိယ်သော။ (ရျပ်သော သွာသောက)စာသဖ္လင်လေ (တစိသလျင်လေ အယင်ကာ) မချံသာ (စွံ)(ေ)တ၊ ကြောက်လန်လျက်(ဟိ)
၃၇(ယ်)ကုန်တေ ဤမ်လေမနိယ်၊ နိယ်ပူမိုဝ်ရွာခံကျင်တေ၊ မခိုဝ်စသောသုလျ
၃၈င်လေ၊ (ဖုယ် ၁ခုခုတေ ရောက်လတ်မူကာ) ဤမ်တွင် နိယ်(ရ)လျက်မုလေ၊ နှစ်လုံဆိုဝ်ငြယ်စွာ သမတ်လော
၃၉ခိုဝ်စသောသုတိုဝ်ကာ၊ အဖယ်ဟုခလိ(မ်)နှေ၊ ယခင် အစန်၂ကာ၊ (ခိုဝ်စာသောသူတိုဝ်သည်) တယော
၄၀က်(တည်လျှင်)လေ လွတ်(ဧဟူ)သော (သည္ကာ)မဟိယ်ဖူ၊ ကြာစွာ(အဆုံ)ကာ၊ နှစ်၂သုံနှစ်မြိုဝ်ကာ၊ မကြာ(ဖူ)
၄၁(မ)လော၊ ဤယ်စကာကာ ယခုထိသာမဟုတ် တြျာတွင် လေ ဤယ်သိုဝ်မိန်ဧမတ်လော
၄၂မိယ်လျဝ်ရုယ် ခိုဝ်စသောသုကာ၊ ငြယ်ပြိတ္တာ၊ အသုရာ၊ တိရိတ်ဆန်၊ အပယ်၄ပါ
၄၃သကာ၊ သုခိုဝ်ဤမ်မည်ဧ၊ သိယ်လျှင်ရောက်လိယ်တုံတေ၊ မသိယ်မိလေ၊
၄၄ဖံမိလျှင် သုခိုဝ်ဟု၊ မင်နှပ်ဧ၊ မင်လေ၊ စံတလံ၊ ခိုဝ်သဟု အမည်မ
၄၅တင်မုရုယ်၊ ခိုဝ်မှုဆင်ခြင်သောသုကိုဝ် ပိယ်၂ဧ၊ ထိုဝ်သူတိုဝ် လေစိ
၄၆တ်စတ်ရုယ်၊ မဟုတ်မုကာ၊ လွှတ်ဧ၊ ဟုတ်မုကာ၊ အမနွန်စာကိုဝ်ဖတ်စိ
၄၇ယ်ဧ။ (အမုနွန်စာတွင် အကြင်)သုခိုဝ်သည်၊ ဤမည် သော၊ အပ္လစ်တေပ္လစ်မုကာ၊ ဤမည်ေ
၄၈သာတန်(တေ)ပိယ်(အပ်ဧဟူပိယ်ဧ)၊ မင်ကာ(သုခိုဝ်အပ္လစ်နှင်) အမနွန်စာကိုဝ်နိုင်ကြရုယ်၊ ထိုဝ်အပ္လစ်နှင်
၄၉တင်အပ်သောတန်ကိုဝ်မုဧ၊ ဤကာ မင်တကာ အမနွန် ဟုတ်(အာ)
၅၀ခိုဝ်သုတိုဝ်ကာ (ဤယ်လူတွင်လေ) အထု၂သော သတ်ခြင်အာ ရောက်ကုန်ဧ၊ (အသိုဝ်သတ်ခြင်နှေဟူမူကာ)သ
၅၁ရိယ်နယ်သံဆူတပ်ရုယ် ခတ်သော၊ အဆူဟိယ်သော ကြိမ်လုံခတ်သော၊
၅၂နာလှိသော၊ နခောင်လှိသော၊ (ခြိယ်လက်ဖြတ်သော) ထိပ်ထွင်ရုယ် သံပူရယ်၂ထယ်ရုယ်၊ ဥနော
၅၃က်က္လိုက် ၂ဆူလျက်သိယ်သော၊ (ခံတွင်ကန်ဖိရုယ် ဆိမိငှိ သော ဆိယောက်ရာအရိယ်ရျန်ရုယ် ဆံဆောင်ငင်ဖိရုယ်)ဥိရိယ်ဆွစ်ပြိ၊ ဥိခောင်ခွံ ခ္လည်သံလှည်
၅၄ကန်ခတ်သော၊ လက်ဝယ်ပုခုမ်၊ လကျာပုခုမ်ဩက်၊ ပုစင်က
၅၅န်(အ)ရိယ်ဆွစ်ဖိရုယ် ဩက်သောအရိယ်ကာ အခြိယ် သိုဝ်ခ္လ၏”

[သက္ကရာဇ် ၆၁၁ ခု မိဂသီသံဝတ္တိုရ်၊ ကဆုန်လဆန်း ၉ရက်၊ ကြာသပတေးနေ့၊ မာဃနက္ခတ်၊ မေထုန်လဂ် ၅နာရီပြီ။ အတို့ဖဘုရားစောကြီး သခင်သီတြိဘဝနာ ဒိတျပဝရပဏ္ဍိတဓမ္မရာဇာမည်သော ဘုရားရှင်တော်ရှေ့ ထွေတော်။ “နင်အကျွံသောလူများတကာတို့ ဦးသာ ထက်အား တင်လှာလင့်။ နင်လူများတကာတို့ ဤလူ တွင်သောချမ်းသာ၊ တမလွန်သောချမ်းသာကို လိုသော သူကား ဤငါ့စကားကို ရိုသေသော၊ ယုံသောမူ၍ လှမစောက် နားထောင်၍ နာအပ်၏။ အဘယ်ကြောင့် နည်းဟူမူကား အကြင်ကြောင့် ဤငါ့စကားကား မိမိကိုယ်ပညာဖြင့် ကြံ၍ဆိုသော မဟုတ်ရွံ။ မြတ်စွာသော ဘုရားသခင် သဗ္ဗညုစကားကိုမှီ၍ ဆိုသတည်း။ ရှေးလွန် သောမင်းတို့ကား ခိုးစားသောသူတို့ကိုကား တံကျင်လျှို သောကစသော အထူးထူးသော သတ်ခြင်းဖြင့် သတ်ကုန် ၏။ ထိုသို့သော သတ္တဝါတကာ၏ အပျက်အစီးကို မလိုသောကြောင့် သတ္တဝါတကာတို့ကို မိမိသားကဲ့သို့ အောက်မေ့လတ်၍ ကရုဏာသည်တိုက်လတ်၍ ဆို သော စကားတည်း။ ထို့ကြောင့်ရကား ရိုသေသော၊ ယုံသောမူ၍ လှမစောက်နားထောင်၍ နာအပ်၏ဟူ သတည်း။ အသို့မူ၍ နာစေသနည်း။ ဩ ဤမင်းကြီး ကား မိမိကိုယ်ပညာဖြင့် ကြံ၍ဆိုသော မဟုတ်တကား။ မြတ်စွာသောဘုရားသခင် သဗ္ဗညုစကားကိုမှီ၍ ဆို သတည်း။ ဤစကားကို လိုက်မူကား ဤလူတွင်သော ချမ်းသာ၊ တမလွန်သောချမ်းသာကို မလွဲရလျှင်းသော တကား၊ ဤသို့နှလုံးမူ၍ နာအပ်၏။ ဤမျှသော ခိုးစား ကုန်သော သူတို့သည်ကား ချမ်းသာရအံ့သတည်းဟူ၍ ခိုးစားသတည်း။ အယင်းတို့ချမ်းသာရနိုးသောသည်ကား သူ့ရှောက်သူ့ရွာ၊ သူ့မယားသူ့သား၊ သူ့ဥစ္စောင့်ဥစ္စာ၊ အပျက်အစီး အနိုင်အထက်မူသော ကိုယ်ချမ်းသာနိုး ပန်းကျင့်သတည်း။ ထိုချမ်းသာဟုတ်သောသည်ကား ကိုယ်သတ်လတ္တံ့သော ချမ်းသာတည်း။ ထိုကား ချမ်းသာ တည်းရ၏လော၊ အပျက်အစီးတည်း ရောက်ကုန်လော၊ ထိုလည်း နင်တို့ကြံကုန်။ ခိုးသူတို့သည်ကား မိလတ် သောလည်း တံကျင်လျှိုသော၊ ရင်ပုဆိန်ပေါက်သော၊ သံကျပ်ကင်သော၊ အအူနုတ်သော၊ အပေါင်အလက် ဖဲ့သော၊ မျက်ဆန်ထုတ်သော၊ အသားလှီး၍ စားပေး လာသော၊ အရေဆုတ်၍ သမသော၊ ထိပ်ထွင်း၍ ဆီပူသွန်းသော၊ လည်ရွေ့မြှုပ်၍ ထွန်နှင့်ထွန်သော၊ ပန်းရန်ထည့်၍ ဆင်နင်းနယ်သော၊ သစ်ပင်ဖက်စေ၍ တံသင်းနှက်သော၊ အရှင်မီးမြှိုက်သော၊ လည်ဖြတ်သော ဤသို့သည်ကစသဖြင့် အယင်းတို့ကား ဆင်းရဲ ကြီးအား ရောက်ကုန်သတည်း။ မမိသောကြားလည်း အိပ်သော၊ နေသော၊ ရပ်သော၊ သွားသောကစသဖြင့် လည်း တစိသလျှင်လည်း အယင်းကား မချမ်းသာစွံ တည်း။ ကြောက်လန့်လျက်ရှိကုန်တည်း။ အိမ်လည်း မနေ၊ နေပူမိုးရွာခံကျင်တည်း။ မခိုးစားသောသူလျှင် လည်း ဘေးတစ်ခုခုတည်း ရောက်လတ်မူကား အိမ် တွင် နေရလျက်မူလည်း နှလုံးဆင်းရဲစွာ သမတ်လော။ ခိုးစားသောသူတို့ကား အဘယ်ဟူခလိမ့်နည်း။ ယခင် အစဉ်စဉ်ကား ခိုးစားသောသူတို့သည် တစ်ယောက် တည်းလျှင်လည်း လွတ်၏ဟူသောသည်ကား မရှိဖူး။ ကြာစွအဆုံးကား နှစ်နှစ်သုံးနှစ်မြို့ကား မကြာဖူး မလော။ ဤစကားကား ယခုထိသာမဟုတ် တရားတွင် လည်း ဤသို့မိန့်၏မလော။ မေ့လျော့၍ ခိုးစားသော သူကား ငရဲ၊ ပြိတ္တာ၊ အသူရာ၊ တိရစ္ဆာန်အပါယ် ၄ပါးသကား သူခိုးအိမ်မည်၏။ သေလျှင် ရောက်လေတုံ တည်း။ မသေမီလည်း ဖမ်းမိလျှင် သူခိုးဟုမင်းနှပ်၏ မင်းလည်း စံတလံခိုးသူဟု အမည်မတင်မူ၍ ခိုးမှ ဆင်ခြင်သောသူကို ပေးပေ၏။ ထိုသူတို့လည်း စိတ်စစ် ၍ မဟုတ်မူကား လွှတ်၏။ ဟုတ်မူကား အမနွန်စာကို ဖတ်စေ၏။ အမနွန်စာတွင် အကြင်သူခိုးသည် ဤမည် သော အပြစ်တည်း ပြစ်မူကား ဤမည်သော ဒဏ် တည်းပေးအပ်၏ ဟူပေ၏။ မင်းကား သူခိုးအပြစ်နှင့် အမနွန်စာကို နှိုင်းကြ၍ ထိုအပြစ်နှင့် တင့်အပ်သော ဒဏ်ကိုမူ၏။ ဤကား မင်းတကာ အမနွန်ဟုတ်အာ။ ခိုးသူတို့ကား ဤလူတွင်လည်း အထူးထူးသော သတ်ခြင်း အား ရောက်ကုန်၏။ အသို့သတ်ခြင်းနည်းဟူမူကား သားရေနယ် သံဆူးတပ်၍ခတ်သော၊ အဆူးရှိသော ကြိမ်လုံးခတ်သော၊ နားလှီးသော၊ နှာခေါင်းလှီး သော၊ ခြေလက် ဖြတ်သော၊ ထိပ်ထွင်း၍ သံပူရဲရဲ ထည့်၍ ဦးနှောက် ကျိုက်ကျိုက်ဆူလျက် သေသော၊ ခံတွင်းကန်ဘိ၍ ဆီမီးညှိသော၊ ဆီရောက်ရာ အရေ ရဉ်၍ ဆံဆောင့်ငင်ဘိ၍ ဦးရေဆုတ်ပြီး ဦးခေါင်းခွံ ချည်း သံလှင်ကန်ခတ်သော လက်ဝဲပခုံး၊ လက်ယာ ပခုံးအောက် ပုစင်ကန်အရေဆုတ်ဘိ၍ အောက်သော အရေကား အခြေသို့ချ၏။]

 (ကျောဘက်)
“အထက်သောအရိယ်ကာ ဥိခောင်သိုဝ် လှံလိယ်သော အရိယ်
ခပင် ဆွစ်ပြိသောကာ အတွင်ရိယ်ကာ အပသိုဝ်ထာရုယ်လွှံ
သော (မိ)ယ်ညှပ်နှင် အရိယ်ကိုဝ်ငင်ရုယ် ကတ်ကြိယ်နှင် ရျန်
သော အသာဟိယ်ရာစိတ်ရုယ်လှီသော လက်တန်တောင် ရှိယ်
ဖြတ်သော ခြိယ်ပုဆစ်ရှုယ်ဖြတ်သော သံဂွ ၄ခုစွပ်ရုယ် တွာစိယ်သော၊
(တစောင်ဣပ်စိ)ယ်ရုယ် နာတွင်(တံသင်နက်သော။ ခြိုယ် ၂)
(ဖက်သုံရုယ်) ပတ်၂လှည်(သော တူနှင်နုပ်၂ထူ)
(ဗြိရုယ်။) ကိုဝ်ခပ်သိမ် (အရိုဝ်ရွပ်ရွပ်ခတ်ပြီ) ခုယ်ဖိရုယ်လှီသော အရိယ်
(ကိုဝ်သင်ထုန်နှင်)စိတ်ရုယ်၊ ဆာသံပြာပ္လရ(ည်) သွန်သော၊ အရှ(င်)
၁၀(လျှင်ခိုယ်စာစိ)ယ်သော၊ လည်ဖြတ်သော၊ ကိုဝ်လက်ခပင် အ
၁၁(မှိုက်ရေစ်)ရုယ်၊ မိဖုတ်သော။ ဤသိုဝ်သော သတ်(ခြ)င် သတ်ကုန်၊
၁၂(ဧအ်။ ထိုမြိုဝ်) တမနွန်လေ၊ တာပနမည်သောငြယ်ကြိနှိုက်၊
၁၃(ကိုဝ်အလုံလျှင်) အတွင်အပ ငြယ်မိ(တိပ္လည်လျက်) တောက်ထ
၁၄(သုတေ။) (အယင်)တိုဝ်ကာ (မီ)အ(စာလျှင်) ဖ္လစ်သတေ (နိငအတ)..
၁၅့(အ)သိုဝ် က္လွယ်ထသတေ။ (အသက်မ္လ)င်ခြင်ကာ ငြယ်အသက်
၁၆ဖ္လင်ကာ အနှစ်တသိန် လုနှစ်မှတွက်(တုံ)မုကာ ကုတိယ်တ
၁၇...(၆)ဝဟိဧ၊ ခိုဝ်စလျက် မခိုဝ်စ(ယောင်)မုသော ခိုဝ်
၁၈(သု)ခံခြင်ကာ၊ လုဖ္လစ်ရုယ်၊ အမိဝံ၊ ထွက်သကာ၊ မိယာ
၁၉(မ)မြင်ရမူရုယ် သိယ်(သောကာ) (ဆိုဝ်)ငြယ်ကာ၊ တစ်ကံဖာလျှင်ခံ
၂၀တေ၊ ခံပြိရုယ်၊ (လု)ဖ္လစ်လျက် ရှင်တုံမုလေ၊ ကိုဝ်ဝတ်
၂၁ရုံလျှင် မြတတ်သော ဆိုဝ်ငြယ်ကြိလျှင် ဖ္လစ်သတေ၊ ဥ
၂၂(စ္စာ)ရငြာတုံလေ၊ အယင်လက်တွင်၊ အကြင်အခြင်ဖ္လင်
၂၃(တ)ည်ခ္လျင်သောဥစ္စာသည်၊ မတည်စိမ်သောငှာ၊ လှိယ်(မှော)
၂၄(က်)သော၊ ဤ ံလောင်သော၊ ဖိုယ်နှင်၂ ဖ္လစ်ဧ၊ ခိုဝ်စသော အကျ
၂၅(င်)ကြောင်၊ တမုနွန်သော ဆိုဝ်ငြယ်ကာ၊ ဤလူတွင်သောဆိုဝ်
၂၆(ငြ)ယ်ကြိရောက်(ပြိရင်)၊ တမုနွန်ချံသာ ဤလူတွင်ချံသာရ
၂၇(ကြောင်)အကျင်သည်ကာ ခ္လောင်၊ လယ်၊ ရျာ၊ ဥယန်၊ ရိယ်ကန်
၂၈(ကုန်စ)ယ်၊ ကြုယ်ဆယ်၊ သူခ္လ စသဖ္လင်လည်ကောင်၊ သုတပ်
၂၉သောလုံလသဖ္လင်လည်ကောင်၊ တြျာသဖ္လင်၊ အသက်(မုယ်)
၃၀(အ)ပ်ဧ၊ ဤသိုဝ်ကျင်မုကာ၊ ဤလူတွင် စည်စိမ်ချံသာကြွ
၃၁(ယ်)ဝသော ဖ္လစ်အံသတေ အလှူလေ ပိယ်အပ်ဧ၊ ၊ သတင်လေ သုံအ
၃၂ပ်ဧ၊ ထိုဝ်သိုဝ်မုပြိမူကာ၊ တမုနွန်နှို
၃၃က်လေ၊ သကြာမင်စည်စိမ်၊ မလွယ်ရလိမ်သတေ၊ တမုနွ
၃၄န်သော၊ ဤလုတွင်သော၊ စည်စိမ်ချံသာ ရအံသောကြောင်ကာ၊ ခိုဝ်
၃၅သောအကျင်၊ မကျင်အပ်၊ ကောင်သောအကျင်ကာ ကျင်အပ်ဧ၊
၃၆ဤသိုဝ် ငာမုသောကောင်မှုက္လိုဝ်ကာ၊ နိယ်ရပန် ပစ်စည်လေ ဖ္လ
၃၇စ်စိယ်သတေ၊ သတ္တွာတကာလေ ချံသာစိယ်သတေ၊ မိုဝ်လိယ်လေ
၃၈ကောင်စိယ်သတေ ပြည်တယ်လေ ချံသာစိယ်သတေ၊ ၄၄၄ (။)
၃၉က္လောက်စာတိုင်ဆောက်သကာ နိယ်ကျန်လေဖွယ်၊ တန် (ေ)
၄၀ဆာင်ပ္လု၊ ပိတန်ဆင် ရွာကြိစုတ်၊ တရွာမလွတ် ဆောက် စိယ်
၄၁တေ၊ ရွာငယ်စွာ အဆုံကာ အဤ ံ ၅ဝယှုယ်ဆောက်စိယ် တေ တ
၄၂လမဆွတ် လပ္လည်သတင်နိယ်နှိုက် ရွာသု(ကြိ)ရှောက်သုကြိ ရွာ
၄၃သည်ခပင်ရသော တန်ဆာဆင်လျက် ပေါက်၂တန်ဆောင်
၄၄ပန်တောင်ကဝ်ထာနှင် ပုစဝ်၊ စည်ပသာလေတိ၊ ဤသိုဝ် မုရုယ် က္လော
၄၅က်စာတိုင်စာကိုဝ် နာစိယ်ကုန်သတေ ဆောက်ဥိသော..စဝ် (ကြိ)
၄၆စွာမုစိယ်သတေ စာဖတ်သသူလေ၊ ရသောတန်ဆာဆင်ရုယ် (ဖ)
၄၇တ်စိယ်သတေ တိုင်မဟိယ်သော ရွာငယ်ရှောက်ငယ်(လေ)
၄၈ဆင်ခဝ်ရုယ်၊ တိုင်ဟိယ်ရာသိုဝ် နာပါစိယ်ကုန်(။)”

[အထက်သောအရေကား ဦးခေါင်းသို့လှန်လေသော၊ အရေခပင်း ဆုတ်ပြီးသောကား အတွင်းရေကား အပသို့ ထား၍လွှမ်းသော၊ မီးညှပ်နှင့် အရေကိုငင်၍ ကတ်ကြေး နှင့်ရဉ်သော၊ အသားရှိရာစိတ်၍ လှီးသော၊ လက် တံတောင်ရွေ့ဖြတ်သော၊ ခြေပုဆစ်ရွေ့ဖြတ်သော၊ သံခွ ၄ခုစွပ်၍ တွားစေသော၊ တစောင်းအိပ်စေ၍ နားတွင်း တံသင်းနှက်သော၊ ခြေ ၂ဖက်သုံး၍ ပတ်ပတ်လှည့်သော၊ တူနှင့်နုပ်နုပ်ထုပြီး၍ ကိုယ်ခပ်သိမ်း အရိုးရွပ်ရွပ်ခတ်ပြီး ခွေဘိ၍လှီးသော၊ အရေကို သင်တုန်းနှင့်စိတ်၍ ဆား သံပရာ ပြာရည်သွန်းသော၊ အရှင်လျှင် ခွေးစားစေ သော၊ လည်ဖြတ်သော၊ ကိုယ်လက်ခပင်း အမှိုက်ရစ်၍ မီးဖုတ်သော၊ ဤသို့သောသတ်ခြင်းသတ်ကုန်၏။ ထိုမြို့ တမလွန်လည်း တာပနမည်သောငရဲကြီး၌ ကိုယ်အလုံး လျှင် အတွင်းအပ ငရဲမီးတိပြည့်လျက် တောက်ထ သတည်း။ အယင်းတို့ကား မီးအစာလျှင်ဖြစ်သတည်း။ (နေ့ညအတ)... အသို့ကြွယ်ထသတည်း။* အသက်မြင့် ခြင်းကား ငရဲအသက်ဖြင့်ကား အနှစ်တစ်သိန်း လူနှစ်မှ တွက်တုံမူကား ကုဋေတ...၆၀ရှိ၏။ ခိုးစားလျက် မခိုးစား ယောင်မူသော ခိုးသူခံခြင်းကား လူဖြစ်၍ အမိဝမ်း ထွက်သောကား မိယာ**မမြင်ရမူ၍ သေသောကား ဆင်းရဲကား တစ်ကမ္ဘာလျှင်ခံတည်း။ ခံပြီး၍ လူဖြစ်လျက် ရှင်တုံမူလည်း ကိုယ်ဝတ်ရုံလျှင် မရတတ်သော ဆင်းရဲ ကြီးလျှင် ဖြစ်သတည်း။ ဥစ္စာရငြားတုံလည်း အယင်း လက်တွင် အကြင်အခြင်းဖြင့် တည်ချင်သောဥစ္စာသည် မတည်စိမ့်သောငှာ လှေမှောက်သော၊ အိမ်လောင်သော ဘေးနှင်နှင်ဖြစ်၏။ ခိုးစားသောအကျင့်ကြောင့် တမလွန်သောဆင်းရဲကား ဤလူတွင်သော ဆင်းရဲကြီးရောက်ပြီး ရင်၊ တမလွန်ချမ်းသာ ဤလူတွင် ချမ်းသာရကြောင်း အကျင့်သည်ကား ချောင်း၊ လယ်၊ ယာ၊ ဥယျာဉ်၊ ရေကန်၊ ကုန်စယ်၊ ကြွေးဆယ်၊ သူချ စသဖြင့် လည်းကောင်း၊ သူတပ်သောလုံ့လသဖြင့်လည်းကောင်း တရားသဖြင့် အသက်မွေးအပ်၏။ ဤသို့ကျင့်မူကား ဤလူတွင် စည်းစိမ်ချမ်းသာကြွယ်ဝသော ဖြစ်အံ့ သတည်း။ အလှူလည်း ပေးအပ်၏။ သီတင်းလည်း သုံးအပ်၏။ ထိုသို့မူပြီးမူကား တမလွန်၌လည်း သိကြား မင်းစည်းစိမ်မလွဲ ရလိမ့်သတည်း။ တမလွန်သော၊ ဤလူတွင်သော စည်းစိမ်ချမ်းသာ ရအံ့သောကြောင့်ကား ခိုးသောအကျင့် ကျင့်အပ်၊ ကောင်းသောအကျင့် ကား ကျင့်အပ်၏။ ဤသို့ငါမူသော ကောင်းမှုကျိုးကား နေရပန်ပစ္စည်းလည်း ဖြစ်စေသတည်း။ သတ္တဝါတကာ လည်း ချမ်းသာစေသတည်း။ မိုး၊ လေလည်း ကောင်း စေသတည်း။ ပြည်တဲလည်း ချမ်းသာစေသတည်း။ ကျောက်စာတိုင်ဆောက်သည်ကား နေကျန်းလည်းဖွဲ့၊ တန်ဆောင်းပြု၊ ပိတာန်ဆင်၊ ရွာကြီးစုတ် တစ်ရွာ မလွတ် ဆောက်စေတည်း။ ရွာငယ်စွအဆုံးကား အိမ် ၅ဝ ရွေ့ဆောက်စေတည်း။ တစ်လမဆုတ် လပြည့် သီတင်းနေ့၌ ရွာသူကြီး ရှောက်သူကြီး ရွာသည် ခပင်းရသော တန်ဆာဆင်လျက် ပေါက်ပေါက်၊ တန်ဆောင်၊ ပန်းတောင် ကောထာနှင့်ပူဇော်။ စည် ပသာလည်းတီး။ ဤသို့မူ၍ ကျောက်စာတိုင်စာကို နာစေကုန်သတည်း။ ဆောက်ဦးသောပူဇော်ကြီးစွာ မူစေ သတည်း။ စာဖတ်သသူလည်း ရသောတန်ဆာဆင်၍ ဖတ်စေသတည်း။ တိုင်မရှိသော ရွာငယ်ရှောက်ငယ် လည်း ဆင့်ခေါ်၍ တိုင်ရှိရာသို့ နာပါစေကုန်။”]

  • အနက်မသိသာ
    • ပုံအမှတ် ၁၇ဝတွင် အလင်ဟုရှိသည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse