ကောက်စိုက်မတို့ ရှေးကသီဆိုကြသော ရာပြည့်အိုင်

From Wikisource
Jump to navigation Jump to search
ကောက်စိုက်မတို့ ရှေးကသီဆိုကြသော ရာပြည့်အိုင်
by အမည်မသိ ရှေးစာဆို
ဂီတဝိသောဓနီမူ

(၁) ချစ်တဲ့သူငယ်လေ။ ။ သူငယ်ချင်းရယ်ကောင်းသည့် ယောင်းမတို့လေ။ စိုက်ရေးငယ်မှကျင်းကျင်း။ နှမကြီးမယ်သာစိုက်သည့် ကောက်ပင်ရင်းမှာ။ ကင်းကိုဘယ်ကထားသလဲးတော်။ စိုက်ရေးငယ်မှကျင်းကျင်း။ နှမကြီးမယ်သာစိုက်သည့် ကောက်ပင်ရင်းမှာ။ ကင်းကိုဘယ်ကထားသတဲ့။ နေ့ကိုမပေးညဉ့်ကိုပေးသည်။ ညှင်းလေးငယ်မှပြဲ့ပြဲ့။ အမကြီးငယ် မယ်တို့နေသည်။ အိမ်ခြေဝင်းနှင့်။ ရွှေအင်းသူငယ်။ မဲ့ညှင်းအုံကို၊ အကုန်မပေး ကြွင်းသေးငဲ့လေ။ ။ အပျိုဖြူငယ်က ကျွမ်းသည့် လွမ်းတုံ့တင်လေး။ ။

(၂) ချစ်တဲ့သူငယ်လေ။ ။ သူငယ်ချင်းရယ်ကောင်းသည့် ယောင်းမတို့လေး။ ဝါဆိုငယ်မှဝါခေါင်၊ ရေဖောင်ဖောင်နှင့်။ ရွာ့တောင်ကချောင်း၊ ရွာ့နောက်ပေါင်းကို။ ထနောင်းကြောင်ချစ်။ ဆူးရစ်ပွင့်ကာ။ မိုးမရွာသည်။ ရွာပါသော်လဲး၊ မိုးမသဲး။ ။ လယ်ပြင်ငယ်မှပတ်သန်း။ ပျို့ကောက်ပန်းနှင့်။ အလွမ်းငယ်မှဖျော်ရာ။ နှမကြီးမယ်သာစိုက်တဲ့။ ကောက်ငန်းတာကို မောင်ကလေးငယ်။ မောင်မလာသည်။ မလာကဘဲး။ နှမကြီးငယ်ဝမ်းမနဲး။ ။ ကောက်ငန်းငယ်မှသွယ်ဝိုက်။ ကန်သင်း ပေါ်က။ မြှော်မိလိုက်တိုင်း။ ပျိုကြိုက်တဲ့သူ။ ပုဝါထယ်။ ထိပ်လယ်မှာပေါင်း။ ဆံသွယ်ပျောင်းငယ်နှင့်။ ဗောင်းကြော့လူကို။ စိတ်တူနှောလို့မပြောရလေ။ ယင်းမာပန်လျက်။ ကောက်စိုက်တက်ကို။ လက်ခုပ်ပင့်တောင်။ ပညောင်ပင်လှ-နှောပင်ခွလျက်။ လမ်းမဒိုးယို။ ဆီးခြုံရိပ်မှာလ။ တဆိပ်ကယ်ခိုပြီးလျှင်။ ခြုံညိုစွန်းမှာတဲ့ အလွမ်းဖြေလေး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.