ကူညီတတ်သော ခွေးလိမ္မာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၁။ ကူညီတတ်သော ခွေးလိမ္မာ
326580ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း — ၂၁။ ကူညီတတ်သော ခွေးလိမ္မာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၁)

ကူညီတတ်သော ခွေးလိမ္မာ[edit]

နွားကျောင်းသားလေးသည် ပစ္စေကဗုဒ္ဓါကို သွားပင့်သည့်အခါတိုင်း ခွေးငယ်လေးနှင့်အတူ သွားလေ့ရှိသည်။ လမ်းတွင် အန္တရာယ်ပြုမည့် တိရစ္ဆာန်များ ထွက်ပြေးအောင် တုတ်ဖြင့် ချုံနွယ်များကို ပုတ်ခတ်ခြောက်လှန့်လေ့ရှိသည်။

လိမ္မာသော ခွေးငယ်လေးကို ပစ္စေကဗုဒ္ဓါနှင့် နွားကျောင်းသားလေးတို့က အလွန်ချစ်ခင်ကြသည်။

နွားကျောင်းသားလေး မအားလပ်သည့်အခါ ခွေးလေးသည် ပစ္စေကဗုဒ္ဓါကို သွားရောက် ပင့်ဆောင်ပေးလေ့ရှိသည်။

လမ်းတွင် ဘေးကင်းစေရန် ခွေးငယ်လေးက အသံကျယ်ကျယ်ဟောင်ပြီး လမ်းရှင်းပေးသည်။

ပစ္စေကဗုဒ္ဓါကို ဘေးရန်ကင်းအောင် အသံဖြင့် ကူညီပေးသော ခွေးငယ်လေးသည် နောက် ဘဝတွင် အသံအလွန်ကောင်းသော နတ်သားတစ်ပါး ဖြစ်သွားခဲ့လေသည်။

ခွေးလိမ္မာလေး၏ ကုသိုလ်[edit]

နွားကျောင်းသားလေး သွားလေရာ၊
ခွေးလိမ္မာလေး အမြဲပါ။
ပစ္စေကဗုဒ္ဓါ အပင့်သွား၊ နေ့စဉ် သူ လိုက်သွား။
သားရဲတိရစ္ဆာန် အန္တရာယ်၊
အသံပေးလို့ သူကာကွယ်။
လမ်းမှန်ပြကာ သတိပေး၊
ကုသိုလ်ယူတဲ့ ခွေးကလေး။ ။