ကုသသမုတိဘုရား ကျောက်စာ

From Wikisource
Jump to navigation Jump to search
ကုသသမုတိဘုရားကျောက်စာ  (သက္ကရာဇ် ၆၃၇) 
by အရီးစောမိဖွား

(မျက်နှာဘက်)
“။ ဝ ။ နမော သဗ္ဗဗုဒ္ဓါနံ။ ။ သကရာဇာ ၆၂၇ ခု။ စယ်သံဝစ္ဆိရ်နှစ်။ ပ္လသိုဝ်လပ္လည် ပုတ္တဟူနိယ်အာ။ အသရိယ်ဟိယ်သော ပုရှာ
တြျာ သင်္ဃာ ရတနာသုံပါသနှိုက်။ ရိုဝ်သိယ်မ္လတ်စွာသော။ စိုဝ်သာ မင်သာ အမတ်တျာ ဗိုလ်ပါ ဆင်ဖ္လူစသော ရတနာခုနှစ်ပါသ္ခိင်ဖ္လစ်သော
က္လွန်၄ က္လွန်ထွန်သောနိယ်ကယ်သိုဝ် အဟိန်ဇဝ် အရောင် အဝာတောက်ပစွာသော အသရိယ်ဟိယ်သော။ သြိတြိ ဘုဝနာဒိတျပဝရဓမ္မရာဇာ
မည်သော။ တြျာမင် အရီစဝ်မိဖွာသည်။ ပုရှာသ္ခိင်သာသနာနှိုက် သဒ္ဓါယုံကြည်စွာရုယ်။ ပ္လုသော ကောင်မှုအက္လိုဝ်ကိုဝ်
။ အသ္ခိင်မင်ကြီစသော။ စိုဝ်သာ မင်သာ အမတ္တျာဗိုဟ်ပါမကြွင်။ အမိပုရှာစသော။ စိုဝ်သ္မီ မင်သ္မီ မောင်မတဝ်မ
ကြွင်။ ဩက်ကာ အဝီစိ။ အထက္ကာ ဘဝက်။ ဖီလါကာ အနန္တစက္ကြဝဠာနှိုက်နိယ်သော။ လူ နတ် သတ္တွာ တြိစ္ဆန်မ
ကြွင်ခပင်။ သင်္သရာဆိုဝ်ငြယ်မှ။ ထွက်မ္လောက်ခရုယ်။ ဆိုဝ်ငြယ်မယ်သော နိယ်ရဗန်သိုဝ် ရောက်စိယ်လိုဝ်သော
ငှာ။ ငာလေ ဤယ်မိယ်မအဖ္လစ်မှလွတ်ခရုယ်။ လူရွာနတ်ရွာ ကျင်လည်သောခာ သ္တင် ပြည်ာ သစ္စာ သဒ္ဓါပ္လည်စုံ
စွာသော ယောက်ျာဖ္လစ်ရုယ်။ တုဿိတာပူရ မည်သော နတ်ပြည်နှိုက်။ အရိယမေတ္တည်ပုရှာလေါင်ထံ ဖ္လစ်လိယ်ရု
၁၀ ယ်။ စုလွည်တဝ်ဓာမနာသော စူလါမုနိစေတီထံနှိုက် သ္တင်သည်မွန် ဖ္လစ်လိယ်ခ္လျင်ဧအ်။ ဥစ္စာဟိယ်ဟိယ် မ
၁၁ ပိယ်လိုဝ်သော ဝန်တိုဝ်နှစ်လုံလေ ငာမဖ္လစ်လိုဝ်။ သူတပါဥစ္စာ မျာစွာမြင်လေ ငာမလိုဝ်ခ္လျင်။ ထင်ရှာကင်ကာ
၁၂ သိုဝ်ထာသော အကြင်ငာဥစ္စာ ခပ်သိမ်သောကိုဝ်ကာငာမပိယ်တည် ကွယ်ရာလျှင်လေ မရစိယ်သတေ မျက်မှော
၁၃ က်ကင်ကာလျှင်လေ နိုင်ထက်ယူယူ မရစိယ်သတေ။ အရိယျမေတ္တည်ပုရှာလေါင် စုတိယ်ခရုယ်။ လူဖ္လစ်လတ်
၁၄ သောခာလေ ငာလေလူဖ္လစ်ပါရုယ်။ ပုရှာဖ္လစ်ပြိ ဓမ္မစက္ကြာတြျာဥိ ပုရှာသ္ခိင် ဟဝ်တဝ်မူသရှဝ်ခာလျှင်။ ရမ္မ
၁၅ က် ၁၅ဝဝအန်ရုယ် အထွတ်မ္လတ်သော ရဟန်တာဖ္လစ်ခ္လျင်သောကြောင္အ်။ ။ ဤယ်သစ်မတီမည်သော မ္လိယ်အ
၁၆ ရပ်နှိုက်။ ဥတ်နှင်ပ္လုသော တန်တိုင်အရမ်တွင်။ ကလသာကွန်အိုဝ်နှင် တူလကည်သော။ စင်ကြံထက်နှိုက် တ
၁၇ င်တယ်စွာသော ကူလေတည်လတ်ရုယ်။ ကူဓာပနာသရှဝ်ခာနှိုက်။ သရီရတ်ထတ်တဝ်လေ ထည်၏။ ရှုယ်
၁၈ ပုရှာ ငုယ်ပုရှာ။ ရှုယ်ဥတ်။ ငုယ်ဥတ်။ ရှုယ်စမခန်။ ငုယ်စမခန်။ ရှုယ်ပေါက်ပေါက်။ ငုယ်ပေါက်ပေါက်
၁၉ ။ကိုဝ်ဆင်သော။ နာတောင် ခတ်ကြိုဝ်။ လက်စွပ်ထည် တဝ်မူသော။ ငုယ်လင်ပန်။ ငုယ်စလေါင်။ ငုယ်သန်
၂၀ တိယ်။ အခံအရာကုန်ဩင် ရတနာတိထည်ရုယ် ဓာပနာ ၏။ ကြိယ်နီအပိသာ ၁ဝဝခွစ်ရုယ်။ ရှုယ်၅၀ ပြတာ၂၀၀
၂၁ လူရုယ် ပ္လုသော လှစွာသော ရှုယ်ထွတ်လေ တင်ရ၏။ ပိဋကတ်၃ပုံ တြျာအဗုံလေ ပ္လုရ၏။ ။ သာရကပ်။ မဏ္ဍ
၂၂ ကပ်။ ဝရကပ်။ သာရမဏ္ဍကပ်။ ဘဒ္ဒကပ်။ ဤယ်ကမ္ဘာ ၅ပါသောထက်ဖ္လစ်သော ပုရှာဆင် ပုတဝ်ခပင် တခုမ
၂၃ ကြွင်။ ကက္ကုသန်။ ဂေါနာဂိုမ်။ ကဿပ။ ဂေါတမ။ မိတ္တြျာ ဤပုရှာ ၅ယောက် ဆင်ပုတဝ်လေ ပ္လုရ၏။”

[နမော သဗ္ဗဗုဒ္ဓါနံ။ သက္ကရာဇ် ၆၂၇ ခု ဇေယျသံဝစ္ဆရ နှစ်၊ ပြာသိုလပြည့် ဗုဒ္ဓဟူးနေ့အား အသရေရှိသော၊ ဘုရား တရား သံဃာ ရတနာသုံးပါးသော၌ ရိုသေ မြတ်စွာသော၊ စိုးသား မင်းသား အမတ်ရာ ဗိုလ်ပါ၊ ဆင်ဖြူ စသော ရတနာခုနစ်ပါးသခင်ဖြစ်သော၊ ကျွန်း လေးကျွန်းထွန်းသောနေကဲ့သို့ အရှိန်စော် အရောင် အဝါ တောက်ပစွာသော၊ အသရေရှိသော ခြီတြိ ဘုဝနာ ဒိတျပဝရဓမ္မရာဇာမည်သော တရားမင်း အရီးစော မိဖွားသည် ဘုရားသခင်သာသနာ၌ သဒ္ဓါယုံကြည်စွာ၍ ပြုသော ကောင်းမှုအကျိုးကို အသခင်မင်းကြီး စသော စိုးသား မင်းသား၊ အမတ်ရာ ဗိုလ်ပါမကြွင်း၊ အမိဖုရား စသော စိုးသမီး မင်းသမီး မောင်းမတော်မကြွင်း၊ အောက်ကား အဝီစိ၊ အထက်ကား ဘဝဂ်၊ ဖီလာကား အနန္တစကြဝဠာ၌နေသော လူ နတ် သတ္တဝါ တိရစ္ဆာန် မကြွင်းခပင်း သံသရာဆင်းရဲမှ ထွက်မြောက်ခ၍ ဆင်းရဲ မဲ့သော နေရပန်သို့ရောက်စေလိုသောငှာ ငါလည်း ဤမိန်းမအဖြစ်မှလွတ်ခ၍ လူ့ရွာနတ်ရွာ ကျင်လည် သောခါ သီတင်း၊ ပညာ၊ သစ္စာ၊ သဒ္ဓါ ပြည့်စုံစွာ သော ယောက်ျားဖြစ်၍ တုသိတာပူရမည်သော နတ် ပြည်၌ အရိမေတ္တေယျဘုရားလောင်းထံ ဖြစ်လေ၍ စုလည်းတော် ဌာပနာသော စူဠာမဏိစေတီထံ၌ သီတင်းသည်မွန် ဖြစ်လေချင်၏။ ဥစ္စာရှိရှိ မပေးလို သော ဝန်တိုနှလုံးလည်း ငါမဖြစ်လို။ သူတစ်ပါးဥစ္စာ များစွာမြင်လည်း ငါမလိုချင်။ ထင်ရှားကင်္ကာ သိုထားသော အကြင်ငါ့ဥစ္စာ ခပ်သိမ်းသောကိုကား ငါမပေးတည့် ကွယ်ရာလျှင်လည်း မရစေသတည်း။ မျက်မှောက်ကင်္ကာလျှင်လည်း နိုင်ထက်ယူယူ မရစေ သတည်း။ အရိမေတ္တယျဘုရားလောင်း စုတေခ၍ လူ ဖြစ်လတ်သောခါလည်း ငါလည်း လူဖြစ်ပါ၍ ဘုရား ဖြစ်ပြီး ဓမ္မစကြာတရားဦး ဘုရားသခင် ဟောတော်မူ သရောခါလျှင် ရမ္မက် ၁၅ဝဝအန်၍ အထွတ်မြတ်သော ရဟန္တာဖြစ်ချင်သောကြောင့် ဤသမထီးမည်သော မြေ အရပ်၌ အုတ်နှင့်ပြုသော တံတိုင်းအရံတွင်း ကလသာ ကွန်းအိုးနှင့် တူလကျင်သောစင်္ကြံထက်၌ တင့်တယ်စွာ သော ဂူလည်းတည်လတ်၍ ဂူဌာပနာသရောခါ၌ သရီရ ဓာတ်တော်လည်း ထည့်၏။ ရွှေဘုရား ငွေဘုရား၊ ရွှေအုတ် ငွေအုတ်၊ ရွှေစမ္မခဏ် ငွေစမ္မခဏ်၊ ရွှေပေါက်ပေါက် ငွေပေါက်ပေါက်၊ ကိုယ်ဆင်သောနားတောင်း၊ ခတ်ကြုံး၊ လက်စွပ်ထည့်တော်မူသော ငွေလင်ပန်း၊ ငွေစလောင်း၊ ငွေသန္တေး၊ အခံအရာ ကုန်အောင် ရတနာတိထည့်၍ ဌာပနာ၏။ ကြေးနီ အပိဿာ ၁ဝဝခုတ်၍ ရွှေ၅ဝ၊ ပြဒါး ၂ဝဝလူး၍ ပြုသော လှစွာသော ရွှေထွတ်လည်း တင်ရ၏။ ပိဋကတ် ၃ပုံ တရားအပုံလည်း ပြုရ၏။ သာရကပ်၊ မဏ္ဍကပ်၊ ဝရကပ်၊ သာရမဏ္ဍကပ်၊ ဘဒ္ဒကပ်၊ ဤကမ္ဘာ ၅ပါးသောထက်ဖြစ်သော ဘုရားဆင်းပု တော်ခပင်း တစ်ခုမကြွင်း ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ၊ မေတ္တေယျ ဤဘုရား ၅ ယောက် ဆင်းပုတော်လည်း ပြုရ၏။]

(ကျောဘက်)
၁၊၂၊၁၆၇၊၁။
၁၂“ဤယ်ငာ ပုရှာ တြျာ သင်္ဃာ ရတနာသုံပါသောကိုဝ်လှူသော။ ကျွန်။ လယ်။ ဥယန်။ ခပ်သိမ်သောကိုဝ် နောင်အခာနှိုက်။ လုယက်ဖျက်ဆီ
၁၃ ရစ်သောသူတိုဝ်ကာ။ ပုရှာသ္ခိင်ကိုဝ်ပ္လစ်သော ဒေဝတတ်သည်။ ကိုဝ်ကြိခြင် အရျက်၁ဝဝသွာလျှင်ဖ္လစ်ရုယ်။ သံ တန်တိုင်လိယ်မျက်နှာ သံ
၁၄ ဥဖုမ်ခွက်ခ္လပ်ထလျက်သော။ အယူဇနာ၁ဝဝဟိယ်သော။ အဝီစီငြယ်အထယ်နှိုက်။ အရှိယ်သိုဝ် မျက်နှာမုလျက်။ အရှိယ်သံတန်
၁၅ တိုင်မှ။ ထန်ပင်စည်ရှိလေါက်သော သံတံက္လင်သည်။ ရင်လျှင်ဝင်၂ နောက်ဖီခ္လင်ရုယ်။ အနောက်သံတန်တိုင်လျှင် ကန်၏။
၁၆ တောင်မှသံတံက္လင်လေ။ လကျာနံတောင်ဝင်၂ လက်ဝယ်ခ္လင်ရုယ် မ္လစ်ဩက်သံတန်တိုင်ကန်ဧ။ အထက်မှသော သံတံက္လင်လေ
၁၇ ဓိပ်လျှင်ဝင်၂ ဖင်ဝခ္လင်ရုယ် ဩက်သံမ္လိယ်လျှင် ကန်လျက်။ ကမ္ဘာတိုင်ခံသကဲသိုဝ်။ ထိုဝ်ကဲသိုဝ် အဝီစီငြယ် အထယ်နှိုက် ခံ
၁၈ စိယ်သတေ။ ထိုဝ်ငြယ်မှ လွတ်တုံသောလေ။ ငြယ်ကြီ ၈ထပ်နှိုက် ခံစိယ်သတေ။ ထိုဝ်ငြယ်မှ လွတ်တုံသောလေ။ ငြယ်ငဲ ၁၆
၁၉ ထပ်နှိုက် ခံစိယ်သတေ။ ထိုဝ်မှလွတ်တုံသောလေ အသယှသဒ္ဓိယ်အလှူခံသော သူဖုန်စာကိုဝ် မရှုလိုဝ်ရုယ် မျက်နှာတဖ္လင်တပါ မူကျ
၂၀ င်မှာသော ထိုဝ်ယောက္ကျမျက်နှာ တဖ္လင်တပါ မလှစွာ ကြောက်ဖွယ်နှန်သော ဘိလူပြိတ္တာဖ္လစ်သကဲသိုဝ်။ ဘိလူပြိတ္တာဖ္လစ်စိယ်
၂၁ သတေ။ လူလျှင်ဖ္လစ်လေ ဖုရှာအဖ္လစ်ဖ္လစ် မဖူစိယ်သတေ။ ဤယ်လူအဖ္လစ်နှိုက်လေ။ မင်သုံဖမိုတ်ကဲသိုဝ်။ ချတ်ကြစွာ မင်သုံဖမိုတ်
၂၂ သော မျာသာနှင် တဖ္လင်တပါကွိယ်ကင်ကြသလေ ဖ္လစ်စိယ်သတေ။ မင်ဖုယ်။ ခိုဝ်သောဖုယ်။ ရိယ်ဖုယ်။ မိဖုယ်တိုဝ်‌ေ
၂၃ လေ သင်စိယ်သတေ။ ဤလူအဖ္လစ်တင်တင် ရရျက်စိယ်ရုမ် အကိန်ထိုဝ်လျှင် သင်စိယ်သတေ။ ထိုဝ်မှလွတ်ငြာသောလေ။ ၇
၂၄ လစိယ်ရုမ် အကိန်ထိုဝ်လျှင် ရောက်စိယ်သတေ။ ထိုဝ်မှ ချွတ်ချွတ်လွတ်တုံသောလေ၊ ၇နှစ်ကာ အဖ္လစ်ဓမ္မတာ မလွတ်ရျာဟု
၂၅ မိန်သောထက်ရုံ ကြံမာစုံရုယ် အကိန်ထိုဝ်လျှင် ရောက် စိယ်သတေ။ ။”

[ဤ ငါ ဘုရား တရား သံဃာ ရတနာသုံးပါးသောကို လှူသော ကျွန် လယ် ဥယျာဉ် ခပ်သိမ်းသောကို နောင်အခါ၌ လုယက်ဖျက်ဆီးရစ်သောသူတို့ကား ဘုရား သခင်ကိုပြစ်သောဒေဝဒတ်သည် ကိုယ်ကြီးခြင်း အရက် ၁ဝဝသွားလျှင်ဖြစ်၍ သံတံတိုင်းလေးမျက်နှာ သံဦးဖုံး ခွက်ချပ်ထလျက်သော အယူဇနာ ၁ဝဝရှိသော အဝီစိ ငရဲအထဲ၌ အရှေ့သို့မျက်နှာမူလျက် အရှေ့သံတံတိုင်းမှ ထန်းပင်စည်ရှိလောက်သော သံတံကျင်သည် ရင်လျှင် ဝင်ဝင် နောက်ဖီချင်း၍ အနောက်သံတံတိုင်းလျှင် ကန်၏။ တောင်မှသံတံကျင်လည်း လက်ယာနံတောင်း ဝင်ဝင် လက်ဝဲချင်း၍ မြောက်သံတံတိုင်းကန်၏။ အထက်မှသော သံတံကျင်လည်း ထိပ်လျှင်ဝင်ဝင် ဖင်ဝချင်း၍ အောက်သံမြေလျှင်ကန်လျက် ကမ္ဘာတိုင် ခံသကဲ့သို့ ထိုကဲ့သို့ အဝီစိငရဲအထဲ၌ ခံစေသတည်း။ ထိုငရဲမှ လွတ်တုံသောလည်း ငရဲကြီး၈ထပ်၌ ခံစေ သတည်း။ ထိုငရဲမှလွတ်တုံသောလည်း ငရဲငယ် ၁၆ထပ်၌ ခံစေသတည်း။ ထိုမှလွတ်တုံသောလည်း အသယှ သေဋ္ဌေး အလှူခံသော သူဖုန်းစားကို မရှုလို၍ မျက်နှာ တဖျင့်တပါး မူကျင့်မှားသော ထိုယောက်ျား မျက်နှာ တဖျင့်တပါး မလှစွာ ကြောက်ဘနန်းသော ဘီလူး ပြိတ္တာဖြစ်သကဲ့သို့ ဘီလူးပြိတ္တာ ဖြစ်စေသတည်း။ လူ လျှင်ဖြစ်လည်း ဘုရားအဖြစ်ဖြစ် မဖူးစေသတည်း။ ဤ လူအဖြစ်၌လည်း မင်းသမ္ဘမိတ္တကဲ့သို့ ချစ်ကြစွာသော မယားသားနှင့် တဖျင့်တပါး ကွေကင်းကြသည်လည်း ဖြစ်စေသတည်း။ မင်းဘေး၊ ခိုးသူဘေး၊ ရေဘေး၊ မီးဘေးတို့လည်း သင့်စေသတည်း။ ဤလူအဖြစ် တင်တင် ၇ရက်စေ့ရုံ အကျိန်ထိုလျှင် သင့်စေသတည်း။ ထိုမှ လွတ်ငြားသောလည်း ၇လစေ့ရုံ အကျိန်ထိုလျှင် ရောက်စေသတည်း။ ထိုမှချွတ်ချွတ် လွတ်တုံသောလည်း ၇နှစ်ကား အဖြစ်ဓမ္မတာ မလွတ်ရာဟု မိန့်သောထက်ရုံ ကြမ္မာစုံ၍ အကျိန်ထိုလျှင် ရောက်စေသတည်း။]

၁၊၂၊၁၆၇၊၂။
၂၅“နောင် မိုဝ်နှောင်သံထင်ခာ။ အဆင်အခြင် သိကြာပြညာ
၂၆ သဒ္ဓါယုံကြည် နှစ်လုံတည်သော။ မင်မ္လတ်တိုဝ်ကျင် လေည္ကာင်။ အမတျာကစသော သူတိုဝ်ကျင်လေည္ကာင်။ ဤယ်ငာ
၂၇ လှူသောအလှူကိုဝ် အရိယ်အရံယူရစ်အံ။ စောင်မချင်ရစ်အံ။ ထောက်ပင်ရစ်အံ။ ထိုဝ်သိုဝ်သော သူတဝ်မ္လတ်တိုဝ်ကာ ငာနှင်အက္လိုဝ်
၂၈ ထပ်တူ ရစပါစိယ်သတေ။ အသက်လေ ရှည်စိယ်သတေ။ စည်စိမ်ချံသာလေ တည်စိယ်သတေ။ ဖိုယ်ခပ်သိမ်လေပျော
၂၉ က်စိယ်။ ချံသာလေ မျက်မှောက်တင်၂ရောက်စိယ်။ ပုရှာသ္ခိင် နိယ်ရဗန်မမူမီ။ သကြာမင်ကိုဝ်ခဝ်ရုယ်။ သိန်ခိုဝ်က္လွန်နှို
၃၀ က်။ သိရီဓမ္မသုက်မင်ကြီသာ။ မဟိန်တတ္ထေရ သာသနာ တည်ရစ်အံ။ နင်စောင်မချင်ရစ်မင်ဟု နှင်ခရကာ။ သကြာမင် စော
၃၁ င်မချင်ရစ်ရုယ် အသက်ရှည်စွာဖ္လစ်သကဲသိုဝ်။ အသက်ရှည်စွာဖ္လစ်စိယ်၏။ နိယ်ရဗန်ဆုလေ ရစိယ်ကုန်ဧအ်။
၀ ။”

[နောင် မိုးနှောင်းသံထင်ခါ အဆင်အခြင် သိကြား ပညာ သဒ္ဓါယုံကြည် နှလုံးတည်သော မင်းမြတ်တို့ကျင် လည်းကောင်း၊ အမတ်ရာက စသော သူတို့ကျင် လည်းကောင်း ဤငါလှူသောအလှူကို အရေးအရံ ယူရစ်အံ့၊ စောင်မချင်ရစ်အံ့၊ ထောက်ပင့်ရစ်အံ့၊ ထိုသို့သော သူတော်မြတ်တို့ကား ငါနှင့်အကျိုးထပ်တူ ရစပါစေသတည်း။ အသက်လည်း ရှည်စေသတည်း။ စည်းစိမ်ချမ်းသာလည်း တည်စေသတည်း။ ဘေးခပ်သိမ်း လည်း ပျောက်စေ။ ချမ်းသာလည်း မျက်မှောက် တင်တင် ရောက်စေ။ ဘုရားသခင် နေရပန်မမူမီ သိကြားမင်းကိုခေါ်၍ “သိန်းခိုကျွန်း၌ သီရိဓမ္မာသောက မင်းကြီးသား မဟိန္ဒထေရ် သာသနာတည်ရစ်အံ့။ နင် စောင်မချင်ရစ်မင်း”ဟု နှင်းခရကား သိကြားမင်း စောင်မချင်ရစ်၍ အသက်ရှည်စွာဖြစ်သကဲ့သို့ အသက် ရှည်စွာဖြစ်စေ၏။ နေရပန်ဆုလည်း ရစေကုန်၏။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse