ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၄၅

From Wikisource
Jump to navigation Jump to search
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၄၅  (1948) 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ
[1]

လုံခြုံရေးကောင်စီ၏ ၂၇၉ ကြိမ်မြောက် အစည်းအဝေးတွင် ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ မရှိ၊ ကြားနေမဲ ၁ မဲ (အာဂျင်တီးနား) တို့ဖြင့် ၁၉၄၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်-

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ လျှောက်ထားချက်နှင့်စပ်လျဉ်းသည့် အဖွဲ့ဝင်သစ်များတင်သွင်းခွင့်ဆိုင်ရာကော်မတီက တင်ပြသည့်အစီရင်ခံစာကို လက်ခံစဉ်းစားလျက်၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ကုလသမဂ္ဂ၏အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ တညီတညွတ်တည်း လက်ခံသဘောတူချက်ကိုအသိအမှတ်ပြုလျက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် အထွေထွေညီလာခံသို့ အဆိုပြုသည်။