ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၆၈

From Wikisource
Jump to navigation Jump to search
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၆၈  (1961) 
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ

၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပခဲ့သော ၉၇၂ ကြိမ်မြောက် အစည်းအဝေးတွင် လုံခြုံရေးကောင်စီက တညီတညွတ်တည်း အတည်ပြုခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည်-

အထွေထွေညီလာခံက သတ်မှတ်ထားသော ၁၉၆၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ တွင်ကုန်ဆုံးမည့် အထွေထွေအတွင်းရေးမှူးချုပ်၏ ရာထူးသက်တမ်းအတွက် ဖြည့်စွက်ရေးပြဿနာကို ထည့်သွင်းစဉ်းစားလျက်၊

အထွေထွေညီလာခံက သတ်မှတ်ထားသော သက်တမ်းမကုန်ဆုံးသေးသည့် သက်တမ်းအပိုင်းအတွက် လေးစားအပ်ရသည့် ဦးသန့်အား ကုလသမဂ္ဂ၏ ယာယီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ရန်အဆိုပြုသည်။