ကိုယ်နေစာချုပ် ၁

From Wikisource
Jump to navigation Jump to search

သက္ကရာဇ် ၁၂၁၁ ခု၊ တောင်သလင်းလဆန်း ၇ ရက်နေ့တွင် ချောင်းဦး ၁၀ ရွာ သွောံကြီး သမန္တကျော်သူ ငမည် မောင်ရန်ကုန်၊ မယား ရှင်မင်းစ၊ သား ငမြတ်သာတို့က လယ်မှုတွက်ပြောဆိုရာ ငွေအသုံးလိုပါသည် ငမြတ်သာ ညီ ကျွန်တော်ကျွန်မတို့သား ငမြတ်ရာကို ကိုယ်နေငွေ ၄၅ိ ပေး၍ အစေကျွန်ခံ သေမဆုံးရှင်မပွါး ဝယ်ယူစေခိုင်းပါ သံတော်ဆင့် မဟာမင်းထင်မင်းကျော် သမီးခင်ပွန်းကို အစီရင်ခံသည်။ ၎င်းတို့အစီရင်ခံသည်အတိုင်း ဖြောင့်မတ်အောင် အစေမခံ တိမ်းရှောင်သော်၊ အရှင်သူကြီးဟောင်း မင်းနှုတ်စိုးယူရှိသော် ရှင်ပုံက ကျွန်တော်မတာဝန် ရှိပါစေတော့၊ ကိုယ်နေငွေ ၄၅ိ လုပ်ခွန်တွက်ပြောဆိုရာ ကုန်စာရိတ်ပေးပါမည် ဝယ်ယူစေခိုင်းပါ အစီရင်ခံ၍ ၎င်းတို့အစီရင်ခံချက်အတိုင်း သံတော်ဆင့်မင်း သမီးခင်ပွန်းက ၁ိ ၃ဲံ ၊ ငွေချိန် ၄၅ိ ကို လက်ရောံပေး၍ ငမြတ်ရာကို ဝယ်ယူစေခိုင်းသည့်ကာလ ငွေခန့် မောင်ရွှေရန်၊ စာစီစာရေး မောင်ပေါ်၊ သိရှိသူ မောင်ဘယ် မောင်ရွှေငြိမ်း။

မောင်ရွှေရန် ငွေခန့်သူ မောင်ပေါ် စာစီစာရေး
မောင်ဘယ် သိရှိသူ မောင်ရွှေငြိမ်း သိရှိသူ