ကိုယ်ကျင့်အဘိဓမ္မာ/အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
အရှင်ဇနကာဘိဝံသ၏ ဘဝသံသရာ ဖြစ်စဉ်အကျဉ်း

အ မ ရ ပူရ မ ဟာ ဂန္ဓာ ရုံ ဆ ရာ တော်

အ ရှင် ဇ န က က ဘိ ဝံ သ၏

(ဆဋ္ဌမကျမ်းစာ)

ကိုယ်ကျင့်အဘိဓမ္မာ

မိမိစိတ်ကို ထက်မျက်ဖြူစင်အောင် လေ့လာလိုသူတိုင်း

ကြည့်ရှုလေ့လာရာ၌ မပျင်းကြဘို့ရာ

အဘိဓမ္မာသဘောကို သုတ္တန်နှင့်ရော၍ စီစဉ်ထားသည်။

အ ရှင် ဇ န ကာ ဘိ ဝံ သ၏ ဘ ဝ သံ သ ရာ ဖြ စ် စ ဉ် အ ကျဉ်း

၁။ အရှင်ဇနကာဘိဝံသ ဆရာတော်လောင်း သူငယ်ကို စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် သရိုင်ရွာ, ဦးဇောတိ-ဒေါ်အုန်းလှိုင်ဦးဇောတိ-ဒေါ်အုန်းလှိုင်တို့မှ ၁၂၆၁-ခုနှစ်, တပို့တွဲလပြည့်ကျော် (၁၄) ရက် (၁၉၀၀-ပြည့်၊ ဖေဖော်ဝါရီလ ၂၇-ရက်) အဂါနေ့တွင် ဖွားမြင်သည်။

၂။ ၁၂၆၆-ခုနှစ်၌ ပထမအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။

၃။ ၁၂၇၅-ခုနှစ်၌ ဒုတိယအကြိမ် ရှင်သာမဏေ ပြုတော်မူသည်။

၄။ ၁၂၇၉-ခုနှစ် သက်တော် ၁၈-နှစ် အရွယ်တွင် ပထမကြီးတန်း စာမေးပွဲကို အောင်မြင်တော်မူသည်။

၅။ ၁၂၈၀-ပြည့်နှစ် တပေါင်းလပြည့်နေ့၌ ပထမအကြိမ် ရဟန်းအဖြစ် ခံယူတော်မူသည်။

၆။ ၁၂၈၁-ခုနှစ် နယုန်လပြည့်နေ့၌ ဒုတိယအကြိမ်, ၁၂၈၁-ခုနှစ် တပေါင်း လပြည်နေ့၌ တတိယအကြိမ် ရဟန်းအဖြစ်ကို ခံယူတော်မူသည်။

၇။ ၁၂၈၉-ခုနှစ်၌ {ပဌမကျော်} အောင်မြင်တော်မူသည်။

၈။ ၁၂၈၉-ခုနှစ်၌ {သကျသီဟစာမေးပွဲ} ခေါ် {ပရိယတ္တိသာသနဟိတဓမ္မာစရိယ}ဘွဲ့ ရရှိ အောင်မြင်တော်မူသည်။

၉။ ၁၃၀၃-ခုနှစ် ဝါဆိုဦး (၁၉၄၁-၄၂) ဂျပန်စစ်တပ်များ မြန်မာပြည်သို့ ဝင်ရာက် သိမ်းပိုက်မည့်နေ့တွင် ယခုလက်ရှိ အမရပူရ မဟာဂန္ဓာရုံ ကျောင်းတိုက်နေရာသို့ ပြောင်းရွှေ့ သီ တင်းသုံးတော်မူသည်၊ ပြောင်းရွှေ့ လာခဲ့စဉ်က သံဃာတော် ငါးပါးမျှသာ ရှိ၍ ပျံလွန်တော်မူချိန်တွင် သံဃာတော် ငါးရာကျော်မျှ သီတင်းသုံးလျက်ရှိသည်။

၁၀။ (လွတ်လပ်ရေးရပြီးနောက်) ၁၃၁၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ၏(ရှေးဦးစွာ) {အဂ္ဂမမဟာပဏ္ဍိတိတိတ}ဘွဲ့တံဆိပ် ဆက်ကပ်ခြင်းကို ခံယူရသည်။

၁၁။ ၄င်းနှစ်မှာပင် နိုင်ငံတော်စာသင်ကျောင်းများ၌ သင်ကြားရန် မူလတန်း ဗုဒ္ဓဘာသာလက်စွဲခေါ် သင်ခန်းစာများကို ရေးသားခဲ့သည်။

၁၂။ ၁၃၁၅-ခုနှစ်၌

(က) ဆဋ္ဌသံဂီတိ ဩဝါဒါစရိယ သံဃနာယက,

(ခ) ဆဋ္ဌသံဂီတိ ဘာရနိတ္ထာရက,

(ဂ) ဆဋ္ဌသံဂီတိ ပါဠိပဋိဝိသောဓက,

(ဃ) ဆဋ္ဌသံဂီတိ ဩသာနသောဓယျပတ္တပါဌကအဖြစ် တင်မြှောက်ခြင်းကို ခံယူရသည်။

၁၃။ ၁၃၃၇-ခုနှစ် ပဲခူးမြို့၌ ကျင်းပအပ်သော ဂိုဏ်းလုံးကျွတ် အစည်း အဝေးကြီးက ရွှေကျင်ဂိုဏ်းကြီး၏ ဥပဥက္ကဋ္ဌ (ဒုတိယ သာသနာပိုင်) အဖြစ် တင်မြောက်ခြင်းကို ခံယူတော်မူသည်။

၁၄။ ၁၂၉၁-ခနု စှ်သက်တော်(၃၀မှ စ၍ကျမ်းစာများကို စတင်ပြုစုတော်မူခဲ့ရာ ၁၂၉၃-ခုနှစ်တွင် ပထမဦးဆုံး ကျမ်းစာကို ရေးသားပြီးစီးတော်မူ၍ ၁၃၃၈-ခု၊ တန်ဆောင်မုန်းလတွင် နောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓနောက်ဆုံး ဆယ်လ မြတ်ဗုဒ္ဓကျမ်းစာကို ရေးသားပြီးလျှင် {တစ်ဘဝ သံသရာ}အမည်ဖြင့် ထေရုပ္ပတ္တိကို ကိုယ်တော်တိုင် ရေးသားတော်မူခဲ့သည်၊ ပဉ္စပကရဏဘာသာဋီကာနှင် မူလဋီကာနိဿယ ပါဠိတော်နိဿယများကို၁၃၃၆-ခုနှစ် တန်ဆောင်မုန်း လဆန်း ၅-ရက် (၁၈-၁၁-၇၄) တနင်္လာနေ့ ၁-နာရီအချိန် စတင်ပို့ချ ရေးသား၍ ၁၃၃၉-ခုနှစ်၊ ဝါခေါင်လဆန်း ၁၂-ရက်နေ့မှာ ပြီးဆုံးခဲ့ပါ သည်၊ သုတ် မဟာဝါဘာသာဋီကာကို ၁၃၃၇-ခုနှစ် ဝါဆို လပြည့်ကျော၂်-ရက် ကြာသပတေးနေ့ (၂၄-၇-၇၅) တွင် စတင် ပို့ချ ရေးသား၍ ၁၃၃၉-ခုနှစ် နတ်တောလ် ဆန်း ၁၃-ရက် (၂၁-၁၂-၇၇) သောကြာနေ့ ပျံလွန်တော်မမူမီ ၅-ရက် အလိုတွင် ပြီးတော်မူခဲ့ပါသည်၊ ပါထေယျ ဘာသာဋီကာကိုပင် တစ်ရက်မျှ ရေးသား ပို့ချခဲ့ပါသေးသည်။

၁၅။ ၁၃၃၉-ခုနှစ်၊ သက်တော် (၇၈)နှစ် အရောက် နတ်တော်လပြည့်ကျော် ၂-ရက် (၁၉၇၇-ခုနှစ် ဒီဇင်ဘာလ ၂၇-ရက်) အင်္ဂါနေ့ ညနေ ၄-နာရီ မိနစ် ၃၀-တွင် တစ်ဘဝအတွက် ငြိမ်းတော်မူပါသည်။

၁၃၉၂ ခု၊ ကမ္ဘာအေးလမ်း၊ မဟာဂန္ဓာရုံကျောင်းတိုက်သို့ မူလတန်း၊ ဗုဒ္ဓဘာသာလက်စွဲရေးသားပြီးနောက် ကြွလာစဉ် ရိုက်ထားသော ပုံတော်