ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
ဒုတိယအခန်း
340057ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်းအရှင်ဇနကာဘိဝံသ

စိတ်ကို မကောင်းအောင် ခြယ်လှယ်သော အကုသိုလ်စေတသိက် ၁၄-ပါး

၁။ မောဟ
၂။ အဟိရိက
၃။ အနောတ္တပ္ပ
၄။ ဥဒ္ဓစ္စ
၅။ လောဘ
၆။ ဒိဋ္ဌိ
၇။ မာန
ဂ။ ဒေါသ
၉။ ဣဿာ
၁၀။ မစ္ဆရိယ
၁၁။ ကုက္ကစ္စ
၁၂။ ထိန
၁၃။ မိဒ္ဓ
၁၄။ ဝိစိကိစ္ဆာ

[ဆောင်] မသိတတ်ဘိ−မောဟ သိလော၊ အဟိရိက-မရှက်စွတည့်၊ နောတ္တပ္ပမူ-မလန့်ဟူ၏၊ မှတ်ယူပြန့်လျက်-မငြိမ်သက်ထ–ဥဒ္ဓစ္စနှင့် လောဘသဘော-လိုချင်ဟော၍၊ မှားသောအမြင်-ဒိဋ္ဌိတွင်သား၊ မာနကားမူ–ထောင်လွှား ကြွတက်၊ ဒေါသတွက်ကြောင့်၊ ခက်ခက်ထန်ထန်၊ ဣဿာလျှံမူ-လွန်ငြူစူ၏၊ ပြောထူ မစ္ဆေ-ဝန်တို့ လေသတဲ့၊ တထွေမှတ်ကြ—ကုက္ကုစ္စကား၊ နောင်တ တဖန်-ပူပန် ထန်ပြင်း၊ ထိုင်းခြင်း ထိန၊ မှိုင်းမိဒ္ဓနှင့် ဗုဒ္ဓ စသည့် ယုံမှားဘိမူ-ဝိစိကိစ္ဆာ၊ ဆဲ့လေးဖြာသည်၊ မှန်စွာ အကုသိုလ်ချည်းတည်း။

(ကုသလ-ကုသိုလ်၏ + အ-ဆန့်ကျင်ဘက်၊ အကုသလ-ကုသိုလ်၏ + ဆန့်ကျင်ဘက်။)