ကိုယ်ကျင့်အဘိဓမ္မာ/တတိယအခန်း/မုဒိတာ ပို့နည်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ
by အရှင်ဇနကာဘိဝံသ
တတိယအခန်း မုဒိတာ ပို့နည်း
325647ကိုယ်ကျင့်အဘိဓမ္မာ — တတိယအခန်း မုဒိတာ ပို့နည်းအရှင်ဇနကာဘိဝံသ

မုဒိတာ ပို့နည်း

“မုဒိတာ”ဟူသည် ချမ်းသာနေသူကို မြင်ရ ကြားရသောအခါ ဝမ်းမြောက် ဝမ်းသာ ဖြစ်ခြင်း၊ ထိုရရှိနေသော စည်းစိမ်ချမ်းသာမှ လက်မလွတ်စေလိုခြင်းတည်း။ ထို့ကြောင့် မုဒိတာ ပိုရာ၌ ပါဠိလို “ယထာလဒ္ဓသမ္ပတ္တိတော မာဝိ ဂစ္ဆန္တု”၊ မြန်မာလို “ရရှိနေသော စည်းစိမ်မှ လက်မလွတ်ပါစေသတည်း”ဟု ပို့ရသည်၊ ဤ မုဒိတာလည်း ချမ်းသာသူကို မြင်ရ ကြားရ၍ ဝမ်းမြောက်ပို့မှ မုဒိတာအစစ် ဖြစ်သည်။ နှုတ်လွတ်ရ၍ “ယထာလဒ္ဓသမ္ပတ္တိတော မာဝိဂစ္ဆန္တု ဆိုရုံဖြင့် မုဒိတာ မဖြစ်ပါ။