ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ပုညကြိယဝတ္ထု ၁၀-ပါး

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ဆဋ္ဌအခန်း ပုညကြိယဝတ္ထု ၁၀-ပါး


ပုည ကြိ ယ ဝတ္ထု ၁၀-ပါး

မိမိ စိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေတတ်သော တရားကို ပါဠိလို “ပုည” မြန်မာလို “ကောင်းမှု = ကောင်းသောအမှု”ဟု ခေါ်၏။ ထိုပုညစုကို ဧကန် ပြုထိုက်သောကြောင့် ပါဠိလို “ကြိယ” မြန်မာလို “ပြုသင့်သောတရား”ဟု ခေါ်၏။ [ဝတ္ထု =ကောင်းကျိုး ချမ်းသာ၏ တည်ရာ၊ ဤ စကားအစဉ်ဖြင့် ကောင်းကျိုးချမ်းသာမင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ် ပြုထိုက်သော ကောင်းမှုများကို “ပုညကြိယဝတ္ထု” ခေါ်သည်ဟု မှတ်ပါ။ ထိုပုညကြိယဝတ္ထုသည် ၁၀-ပါး ရှိ၏။

၁။ ဒါန
၂။ သီလ
၃။ ဘာဝနာ
၄။ အပစာယန
၅။ ဝေယျာဝစ္စ
၆။ ပတ္တိဒါန
၇။ ပတ္တာနုမောဒန
ဂ။ ဓမ္မသဝန
၉။ ဓမ္မဒေသနာ
၁၀။ ဒိဋ္ဌိဇုကမ္မတည်း။