ကိုယ်ကျင့်အဘိဓမ္မာ/စတုတ္ထအခန်း/အဓိမောက္ခ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
စတုတ္ထအခန်း အဓိမောက္ခ အကြောင်း

အဓိမောက္ခ အကြောင်း

ဆုံးဖြတ်ခြင်း သဘောသည် အဓိမောက္ခတည်း၊ ကိစ္စတခုခုကို ပြုလိုသောအခါ ဖြစ်စေ၊ အာရုံတခုခုကို အမှားအမှန် ဝေဖန်သောအခါဖြစ်စေ ဤ ဆုံဖြတ်ချက် ချတတ်သော အဓိမောက္ခသဘော ပါရပေသည်။ ပါဏာတိပါတ စသော ဒုစရိုက်မှုနှင့် ဒါန သီလ စသော ကောင်းမှုကိုလည်း ဤအဓိမောက္ခက ဆုံးဖြတ် လိုက်မှ အထမြောက်ကြသည်။ ထို့ကြောင့် ဆုံးဖြတ်-ဓိမောက်”ဟု ဆိုခဲ့ ပေသည်။သူတပါးက လိမ်သည်ကိုယုံရာ၌လည်း သဒ္ဓါမဟုတ်၊ ဤအဓိမောက္ခဖြင့် အမှားကို ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။