ကဝိလက္ခဏသတ်ပုံ/အယ်

From Wikisource
Jump to navigation Jump to search
အယ် ကာရန် ၄၆ ပုဒ်
by စိန္တကျော်သူ ငဩ
  1. ရောင်ခြည်ခြောက်သွယ် ဘဝဂ်ကယ် အံ့ဘွယ်ဆဲ့ရှစ်ဖြာ
  2. ပရိသတ်လယ် ပျော်စံပယ် ဘုန်းကြွယ်လူ့ထွတ်ချာ
  3. ရနံ့မပြယ် ပန်းစပယ် ခက်သွယ်နှာမောင်းဖြာ
  4. မုရင်းတံစယ် ကောက်သန်လယ် ကတွယ်မစိုက်ရာ
  5. ပျိုပျိုရွယ်ရွယ် နောင့်ဆွေမယ် ချစ်ဘွယ်များသည်သာ
  6. မင်းဆက်ငါးသွယ် ရှင်ဘို့မယ် နန်းလယ်တင်သည်သာ
  7. လဟာပြင်ကျယ် မိုးမှာကြယ် ပြိုင်ဆွယ်မနှုန်းရာ
  8. ပိန်းကောလှေငယ် မြစ်ပင်လယ် အလွယ်မကူးသာ
  9. အရိပ်နည်းငယ် မကုံကယ် ကုန်စယ်သွားလေပါ
  10. ဖေါင်းစိမ်းသက်ငယ် ကိုင်းစက်စယ် ပိတ်ကွယ်မိုးရှက်ကာ
  11. တုံ့ပယ်တုံ့ပယ် ယက်ကန်းရှယ် သွယ်လှယ်ပြန်လူးလာ
  12. သပ်သပ်ပါယ်ပါယ် ပျိုနုနယ် ထက်ဝယ်ဘွဲ့ခွေကာ
  13. မင်းပရိယာယ် ငတင့်တယ် နားဝယ်မလည်ရှာ
  14. ပြက်ပြက်ပြယ်ပြယ် ငရဲလွယ် မျိုးနွယ်မြတ်ဆန်းသာ
  15. ရတုချဘွယ် အသွယ်သွယ် ခြောက်ဆယ်ကိရိယာ
  16. ဆန်းဆန်းကြယ်ကြယ် ပညာကျယ် တဆယ်ဥပစာ
  17. စင်စင်ကြယ်ကြယ် မျက်စုံချယ် လည်ဝယ်ဆွဲစရာ
  18. မနှိပ်မနယ် အလမ္ပာယ် ကယ်ဆယ်မစပါ
  19. ငပြေငဖယ် စက်ဆုပ်ဘွယ် မဝယ်မခြမ်းရာ
  20. ရေကိုဖလှယ် အိုးသစ်စယ် သံဒယ်မဖြစ်ရာ
  21. အခြင်ရနယ် မြဲအောင်တွယ် မျှော့မယ်နနှင့်သာ
  22. ဒီပဲရင်းဝယ် ကိုးသန်းပယ် ထိုနယ်လေးမျက်နှာ
  23. လက်ဖြင့်ဆုပ်နယ် ကြာပွင့်နှယ် ညှိုးငယ်မဲ့မျက်နှာ
  24. ပြုံးပြုံးရယ်ရယ် အကယ်ကယ် ကျိန်တွယ်မဲ့သစ္စာ
  25. ချီချီသယ်သယ် ထုပ်ပိုးလွယ် လဲလှယ်သူ့ဥစ္စာ
  26. နွမ်းလည်းနွမ်းနယ် ဟင်းနုနယ် သိပ်နယ်မချက်ရာ
  27. လ္လက်ချောင်းဝယ် မှတ်သောနှယ် ချိန်တွယ်ကိုးဗိဿာ
  28. ပတ်မှာတံရှယ် ကြိုးဖြင့်သွယ် ညာဘယ်တီးဘို့သာ
  29. ကိုးကိုးကွယ်ကွယ် ပုဗ္ဗကြယ် ရည်ရွယ်ပတ္ထနာ
  30. သမင်ဒရယ် ဖြင်ပေါပယ် နကျယ်သတ္တဝါ
  31. သံတအယ်အယ် သုရကာယ် အပါယ်လေးဘုံမှာ
  32. ကလနားဝယ် အဖျားသွယ် သံနယ်ဆူးကန့်ကာ
  33. ယွန်းပြည်ဇင်းမယ် ကျိုင်းကိုးသွယ် မိုင်းကယ်ရှမ်းတို့ရွာ
  34. မော်တုံမော်ကယ် ရွာမိုင်းအွယ် သုံးဆယ်သီပေါမှာ
  35. ပြည်အန္တရာယ် ဖြစ်စဘွယ် ပြည်စွယ်မချိုးရာ
  36. တလိုင်းသဘွယ် လူသူငယ် နောက်ဖယ်မရိတ်သာ
  37. ကြေးနီတဆယ် ငွေတဆယ် သည်ဖွယ်သုံးဗိဿာ
  38. သစ်ကြားသစ်အယ် စားချင်ဘွယ် ဓါးဝယ်မြို့ကျေးမှာ
  39. သလေးကောက်သွယ် နွားနှင့်နယ် ရွှေနွယ်တုသိတာ
  40. အချင်းအိုဟယ် အာလုပ်သွယ် အဘယ်ခေါ်ဝေါဟာ
  41. နံနွင်းကသယ် လိမ်းဆီနယ် မီးမယ်ဖျူးပါးမှာ
  42. မြင်းကျော်ဗွေဝယ် ပြက်သချယ် လယ်ပယ်ဘွဲ့ချင့်စာ
  43. ရွှေဝမြို့ဝယ် တံခါးငယ် မလွယ်ရှစ်ပေါက်သာ
  44. ပဲကူးမြို့ဝယ် မွေသောက်သွယ် သပ္ပါယ်ရှုစရာ
  45. အသွယ်အသွယ် နတ်ပွဲပွယ် နာဘွယ်သူ့နှုတ်လျှာ
  46. မြက်သီးခပ်ခွယ် အဝကျယ် ညာဘယ်ယမ်းတိုင်းပါ