ကမ္ဘာမကျေ

From Wikisource
Jump to navigation Jump to search
ကမ္ဘာမကျေ  (1947) 
by ဆရာတင်
ကမ္ဘာမကျေသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်သီချင်းဖြစ်သည်။ သီချင်း၏ အစပိုင်း(ခြေဆင်း) ကို မြန်မာ့ရိုးရာသံစဉ်ဖြင့် တီးခတ်ထားခဲ့သည်။ ထို့နောက် အနောက်တိုင်းဂီတသံစဉ်သို့ ပြောင်းလဲ တီးခတ်ထားသည်ကို တွေ့ရသည်။

ဤသီချင်းစာသား၊ သံစဉ်များကို ဝိုင်အမ်ဘီ ဆရာတင် ခေါ် သခင်တင် ရေးစပ်သီကုံးထားခဲ့သည်။ ထို့နောက် ၁၉၄၇ ခုနှစ် စက်တင်ဘာ ၂၂ တွင် တိုင်းပြုပြည်ပြု လွှတ်တော် တတိယညီလာခံ ဆဋ္ဌမမြောက် အစည်းအဝေး မှ ကမ္ဘာမကျေ ကို နိုင်ငံတော်သီချင်း အဖြစ် အတည်ပြုခဲ့သည်။

— အခမဲ့လွတ်လပ်စွယ်စုံကျမ်း ဝီကီပီးဒီးယားကမ္ဘာမကျေ ဆောင်းပါးမှ ထုတ်နုတ်ထားသည်။

သီချင်းစာသား[edit]

တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊
တို့ပြည်၊ တို့မြေ၊
များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့၊
ခွင့်တူညီမျှ၊ ဝါဒ ဖြူစင်တဲ့ ပြည်၊
တို့ပြည်၊ တို့မြေ၊
ပြည်ထောင်စုအမွေ၊ အမြဲတည်တံ့စေ၊
အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ ။
(ကမ္ဘာမကျေ၊ မြန်မာပြည်၊
တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ။)
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ၊
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်နက်မြေ။
တို့ပြည် တို့မြေ အကျိုးကို ညီညာစွာတို့တစ်တွေ
ထမ်းဆောင်ပါစို့လေ တို့တာဝန်ပေ အဖိုးတန်မြေ။