ကဗျာသာရတ္ထသတ်ပုံ

From Wikisource
Jump to navigation Jump to search
ကဗျာသာရတ္ထသတ်ပုံ
by ညောင်ကန်ဆရာတော်

သုံးပါးရတနာ မြတ်ဆရာအား ပူဇာမာန သက္ကာရကြောင့် ဒုက္ခဗျာပါ ရောဂါမလိမ်း ကင်းပျောက်ငြိမ်းလျက် ခပ်သိမ်းသတ္တဝါ မျိုးလေးဖြာတို့ လေ့လာသိခက် ပင့်ရစ်ချက်ကို မိန့်မြွက်ချိုမြ ဖေါ်ထုတ်ပြပိမ့် တွင်းကျမှောက်ကျ ဆီးနှင်းကျနှင့် အားကျတဖန် ကျမ်းဂန်ကျန သဘောကျက အောက်ကျနောက်ကျ ကြေးကျတထွေ ငွေကျတခြား ကုလားကျမင်း ကျစွာမင်းနှင့် မျက်ပျဉ်းလည်းကျ ဆင်မုန်ကျလျက် အချက်ကျစေ အနေကျကျ ဤသို့စသည် ဧကဝစန ကျသည်အရာ ပင့်ပါကောင်းကောင်း ခနောင်ကြလဲ သွင်းမြဲကျီကြ သွားလာကြနှင့် ပြုကြမူကြ ကြောင့်ကြကြငှန်း ဖန်းခါးကြစု သိမှုခေါ်ဆို ကြလိုကြခတ် မှည့်အပ်ဝါးမှာ ကြပို့ရွာက မြို့ရွာကြခတ် ပညတ်ခေါ်မှု ဗဟုဝစန ကြအပေါင်းမျိုး ကြိုးကြိုးကြွကြွ ကြွတော်မူပါ ရစ်တို့ရှာရှင့် သကျာဝတ ပြောပချေငံ အသံကျာကျာ ငိုကျာကျာနှင့် ကျာကျာဟစ်ကြွေး ပင့်ရေးမှန်စွာ ငှက်ကြိုးကြာက စကြာနေကြာ တောင်ကြာကြာပြန် ကြာလန်ကြာအိုး ကြာရိုးကြာရွက် ကြာဘက်မြင့်ကြာ နေ့သောကြာနှင့် ရက်ကြာသပတေး ရေးလျှင်ရစ်မြောက် လောက်နှင့်ကျိကျိ ကျိကျိကျွတ်ကျွတ် ချော်ချွတ်ညစ်ကျိ အကျိအချွဲ တကွဲကြကျီ ကျီစယ်ဆိုသီး ငှက်တင်ကျီးနှင့် နင်းကြီးနင်းကျွံ စွဲလျှံမီးကျီး ကျီးအာကျီးကန်း ကျီးရန်းဆန်းကြယ် ပင့်ဘွယ်တခန်း အပန်းတကြီး ပြည်ကြီးကြီးစွာ ငှက်မှာတုံးကြီး ကောက်ကြီးကစ ဟူသမျှမှာ ရစ်ရာသမှု ကျိကျူနောက်ကျူ ညစ်ကျူစိတ်ယူ ကျူကျူငိုချင် ကျူပင်များစွာ အိမ်ရာလွန်ကျူး တွန်ကျူးကျူးအေး သံလေးရင့်ကျူး ကျူးကျော်သွားလာ စကျူးရွာတွင် လုလင်ငကျူး ကျိကျူးပင့်ရေး မွှေးကြူပျံ့ကြူ ရနံ့ကြူ၍ လှိုင်ကြူအလွန် ကြွေအန်လောင်းကြူး ကာမကြူး၍ စားကြူးသောက်ကြူး ပိုးစုန်းကြူးနှင့် ပျော်ကြူးအိပ်ကြူး ရိုက်ကြူးထိန့်ဆူ ရစ်လေဟူသည် မှတ်ယူပွါးအံ့ ပညာတည်း ။

ပွါးအံ့ပညာ မှတ်ပါစေ့စုံ ပွတ်ခုံပွတ်ကျေ ကျေပွန်စကား စားသောက်မကျေ မကျေကမ္ဘာ ပြည်ရွာမြို့ကျေး ငှက်ရွှေကျေးနှင့် ယဉ်ကျေးကတ်ကျေး တင်ကျေးကျေးဇူး တထူးကံကျွေး သစ်ပင်ကျွေးက လုပ်ကျွေးဆွမ်းကျွေး ကျွေးမွေးပင့်လေ အကြေအညာ အစာလည်းကြေ သိသိကြေက ပျက်ကြေညက်ကြေ ကမ္ဘာကြေ၍ ကြွေ့ကြွေ့ကျကြွေ အညှာကြွေသော် ကြွေအန်လည်းပစ် ညစ်ကြေးငွေကြေး ငါးကြင်းကြေးနှင့် ကြေးနီကြေးမုံ ရေးပုံထုံးစံ အခွံအကြေး မြီကြွေးဟစ်ကြွေး ထစ်ကြွေးကြွေးကြော် ရစ်သော်မလွဲ မကျဲမထူ နေပူကျဲကျဲ နွားကျွဲတန့်ကျွဲ ကျွဲကော်ပင့်ရေး ကြဲသေးစစ်ဝတ် ပစ်လွှတ်ကွန်ကြဲ ဖြောက်ဖြောက်ကြဲနှင့် စွန့်ကြဲသွန်ကြဲ စပါးကြဲမှာ ရစ်ရာသဘော မည်းကျောနက်ကျော သလင်းကျောနှင့် သင်းကျောပြောင်ပြောင် ရှောင်တကျောကျော လှကျောမွေးမှင် ကျော်ငွေသွင်တည့် လွန်းတင်လွန်းကျော့ ကျော့ကြည်ပျင်းရှောင်း ကျော့ခြောက်မြောင်းမှာ ပင့်ရာတလှစ် စစ်ကြောဆေးကြော ဇမ္ဗူကြောဝယ် ကြောရွာကြောခြင် ပင်လယ်ကြောလှိုင်း နှိုင်းရှည့်စောကြော အိမ်စကြောထက် မျက်စိကြောသွေး ဆိုရေးကြမ်းကြော့ လူစုကြော့နှင့် ရှင်ကြော့ကိုယ်ကြော့ ကြော့လေရစ်မော ကျော်စောကျူးကျော် အကျော်မွှေးမျိုး ကျော်ဟိုးကျော်ရွာ နံ့သာအကျော် ငကျော်မှည့်မြဲ မင်းရဲကျော်စွာ ကျော်စည်ရွာခေါ် ကလပ်ကျော်နှင့် ကျော်၍နင်းသွား ကျော်ကြားကျော်ထင် ဆေးလုလင်ကျော် ပန်းကျော်ချောင်းမှာ ပင့်ရာတရေး ကြွေးကြော်မုံ့ကြော် ကြော်လှော်ကြော်ငြာ ရစ်လေရာ၏ နံ့သာလိမ်းကျံ ရွှေရည်ကျံ၍ ကျံကျံမြည်ရိုး ကြိုးကြိုးကျံကျံ ဆည်းကျံကျံကြီး နင်းကြီးနင်းကျွံ စကားကျွံနှင့် ရွှံ့ကျံသည်ကို ပင့်လိုမလွဲ ရွှံ့ရွှံ့ကြံ့ကြံ့ ကြံ့ကြံ့ကြံခြင်း တင်းတင်းကြံ့ကြံ့ ကြံ့ကြံ့ခံရာ သတ္တဝါကြံ့ ထောက်ကြံ့ပင်ပျို ချိုလှစုပ်ကြံ စင်္ကြံသွားလာ ကြံခင်းရွာမျိုး သစ်ကြံပိုးပင် ကြံဟင်းပင်က ရာဇသင်္ကြံ ကြမ္မာကံနှင့် စိတ်ကြံလုပ်ကြံ ကြံမှိုင်ကြံရည် မြို့မည်ကြံညှပ် ရစ်အပ်လေမြောက် ပြောက်ပြောက်ကျားကျား ကျားတားတားနှင့် ပင်းကျားဘုရား ကျားမြီးဆွဲရွာ ကျားရွာသစ်ကျား ယောက်ျားပင့်အပ် စပ်ကြားတည်ကြား တလမ်းကြားက ပပ်ကြားလက်ကြား သစ်ကြားပင်ပျို အကြိုအကြား နတ်သိကြားနှင့် သကြားချိုလွင် အမြင်အကြား ဝါကြွားဟူသည် လူမည်ငကြွား ပြောဆိုကြွားမှာ ရစ်လေရာသည် ကျမ်းလာထုံးနည်း တံထွာတည်း ။

ထုံးနည်းကျမ်းညီ စီစီကျွတ်ကျွတ် တကျက်ကျက်လျှင် အုပ်ကျက်စိမ်းကျက် ကျက်ကျက်နေပူ နည်းယူလေ့ကျက် ပင့်ရိုးထွက်ရှင့် ကြက်ဆူပင်ရင်း ကြက်ဟင်းခါးရွက် ကြက်သီးထဟန် ဗိတာန်ကြက်ခြင်း ကြက်ငှက်ရေကြက် တောကြက်တွန်ဟန် ကြက်သွန်နီဖြူ ကြွက်ကြွက်ဆူလှိုက် ကြွက်ကြွက်ရိုက်တာ သတ္တဝါကြွက် ကြွက်လျှောက်ရစ်သင့် ကျင့်တင့်တင့်လျှင် ပြုကျင့်မူကျင့် ကျင့်သည်တရား စားလတုံကျင် မေးလကျင်မူ ဇမ္ဗူဝန်းကျင် အေးကျင်နာကျင် တံကျင်လျှိုသည် ကျင်လည်ကျင်လျင် ဆံကျင်ခေါ်ငြား ကစားသည့်ကျင် ဆန့်ကျင်ကျွမ်းကျင် သကျင်ရပ်ရွာ ရွှေကျင်ရွာထုံး သုံးကျင်သစ်ပင် ပြုကျင်မူကျင် အောက်ကျင်ဆန်းငြင်း လွင်ကျင်းကုန်းကျင်း ခင်းကျင်းကျင်းပ ပင့်ထစင်စစ် ကြင်ချစ်ကြင်နာ ငှက်မှာလွန်းကြင် အကြင်သသူ လူမည်ငကြင် သစ်ပင်အင်ကြင်း ငါးငါးကြင်းနှင့် ကျန်ကြွင်းကိုရစ် တကျစ်ခေါ်ရိုး ကစားမျိုးနှင့် ကြိုးကျစ်ကောက်ကျစ် သင်းကျစ်စလွယ် တကျစ်နွယ်က ကျင့်ဘွယ်ကျစ်လစ် ကျစ်အပေါင်းမှာ အပင့်သာတည့် သတ္တဝါကျဉ် ထုံကျဉ်တဖန် တိရစ္ဆာန်ဦးကျည် ပိတ်ကျည်တံပိုး လူမျိုးအင်းကျည် ခိုင်ကျည်ဆုံကျည် ကျိုးကျည်ကျည်ရွာ တေဇာကြီးမား ကျည်ဘုရားရှင် စီရင်ကျည်လျောက် ကျည်တောက်ဝါးကျည် ပိတ်တကျည်ပင် ခေါ်ငင်သံကျည် တိလင်းကျည်နှင့် ကျည်ကျည်အော်အောင့် ဖနောင့်ဖကျည်း ရေတကျည်းပင် မန်ကျည်းပင်နှင့် ကျည်းပင်ခေါ်ရိုး ကျည်းလူမျိုးမှာ တကျည်းနာတိ ပျင်းရိကြော့ကျည်း တံခါးကျည်းလျှို ခတ်လျှိုထိပ်ကျည်း မန်ကျည်းကျပ်ငှန် မကျည်းကန်ရွာ ကျည်းကန်ရွာက မာခါခပ်ကျဉ်း အကျည်းအခဲ တကွဲခေါ်ရှောင်း ကျဉ်းမြောင်းနည်းကျဉ်း လုံးကျဉ်းကျဉ်းကျယ် ပင့်ဘွယ်အမြဲ ဖဲကြဉ်ရှောင်ကြဉ် မယှဉ်အမှု ကြည့်ရှုကြည့်လို ကြည်ညိုကြည်လင် ကြည်ရွှင်ကြည်ဆွ ကြည်မြကြည်သာ ရေကြည်ရွာက ရေကြည်-မှာ သောကြည်ရွာမူ ကြည်ဖြူတည်ကြည် ရေကြည်ကြည်ယုံ ရေးပုံတလီ ကြည်းဟီရိုက်ကြည်း လျကြည်းကုန်းကြည်း ကုတ်နှင့်ကြည်း၍ နာကြဉ်းသည်ပင် သန့်စင်ကြည်းကြည်း ကြည်းကြည်းယွင်းယွင်း ဆောင်ကြဉ်းကြဉ်းဆောင် မရှောင်ရစ်ငြား ဘုရားကျတ်ခေါက် တထောက်တသီး ကျတ်တီးကုန်းမော့ ဆော့ကျွတ်ကျွတ်လွတ် ကျွတ်ဆတ်မျိုးမှာ သတ္တဝါကျွတ် ကျွတ်ကျွတ်ကိုဝါး တရားအကျွတ် အောက်ကျွတ်မာန်ပြင်း သီတင်းကျွတ်လ ပင့်ကတသတ် နေလကြတ်ခါ ဝါဝါကြတ်ကြတ် ဆန်းငှက်ကြတ်နှင့် ညောင်ကြတ်မလွတ် ကြွတ်ကြွတ်လျင်လျင် ရစ်ချင်တရုံး တသတ်ထုံးကို သက်ဆုံးမှတ်တို့ ရာသတည်း ။

မှတ်ရာတတန် ကိုယ်ထီးကျန်က ဆင်ကျန်ဘုရား ကျန်စစ်သားမင်း မကြွင်းမကျန် မေ့လျော့ကျန်၍ ကျေးကျွန်အလား မကြားကျိုးကျွန် ကျွန်ုပ်ကျွန်နှင့် ရေးဟန်တခန်း မာကျန်းခိုင်ကျန်း ကျန်းတန်းကျန်းမာ ဤသာခံ့ကျန်း ဗညားကျန်းနှင့် ကြီးကျန်းသန်ကျန်း သောင်းကျန်းတုံလေ နွေလည်းကုန်ကျွန်း နေ့ရက်ကျွန်း၍ တုကျွန်းကိုင်းကျွန်း လေးကျွန်းဒီပါ ကျွန်းပြတ်ရွာတွင် ကျွန်းပင်ရွာမည် ကျွန်းစည်ကျွန်းချောင်း ရွာပေါင်းများစွာ ပင့်ရာမမှား ထွားထွားမကြန့် မှိတ်တုတ်ကြန့်က ဘုန်းကြန့်ကြန့်ကြာ လက္ခဏာကြန် နီကြန်ကြန်နှင့် သင်္ကြန်ထုံးကြန် အမှန်ရစ်မြဲ အင်တွဲထေးကျပ် ကျပ်ထပ်ကျပ်ရွာ ကျပ်နာကျပ်လေး ဆိုရေးတလီ အင်္ကျီလက်ကျပ် နားကိုကျပ်၍ တိုင်းကျပ်ရွှေကျပ် မန်ကျည်းကျပ်နှင့် သင်းကျပ်ရွှေရောင် ရှောင်ပေါင်ကျပ်မျိုး ပုဆိုးသစ်ကျပ် ဘီးကျပ်ကျဉ်းကျပ် မြောင်းကျပ်ပင့်မှန် ဆော်ဖန်ကြပ်မ မြဲလှကြပ်ကြပ် လက်ကြပ်ထက်ကြပ် ကြပ်ကြပ်ပြုရာ ဗိုလ်ပါစည်းကြပ် အတပ်အကြပ် စောင့်ကြပ်မြဲမြံ ထံပါးကြပ်ကြပ် နီကြပ်ကြပ်လျှင် အုတ်ကြွပ်သင်းကြွပ် ကြွပ်ဆပ်မုံ့ကြွပ် ခဲမကြွပ်နှင့် ဝက်ကြွပ်ဟင်းကြွပ် ရစ်အပ်အမှန် ကျမ်းဂန်စာကျမ်း တံသုတ်ကျမ်းတွယ် လယ်သမန်းကျမ်း တင်းကျမ်းကျွမ်းကျင် ကျွမ်းဝင်ချစ်ကျွမ်း သိကျွမ်းလေ့ကျွမ်း မီးတွင်ကျွမ်းငြား ကျွမ်းသမားမျိုး ကျွမ်းထိုးသည်မှာ ပင့်ပါစေချင် သစ်ပင်ဇောင်ကြမ်း နင်းကြမ်းကြော့ကြမ်း ကြမ်းတန်းကြမ်းကြုတ် နှုတ်ကြမ်းဘိခြင်း ရုန့်ရင်းကြမ်းတန်း နုကြမ်းရစ်ဘွယ် ကြီးကျယ်ကျဉ်းကျယ် ပညာကျယ်၍ နက်ကျယ်ဝန်းကျယ် နကျယ်သတ္တဝါ မင်းမှာနကျယ် တွင်ကျယ်နည်းကျယ် မြင့်ကျယ်ပင့်လေ ဖြစ်ထွေဆန်းကြယ် မိုးမှာကြယ်သို့ စင်ကြယ်မှေးမြူ ဆန်ဖြူကြိုးကြယ် ပုဗ္ဗကြယ်နှင့် ကောင်းကြွယ်ကုံကြွယ် သူကြွယ်ကြွယ်ဝ ရစ်ကြတခန်း လမန်းကျိတ်မျိုး ကျိတ်ကျိုးကျိတ်လိတ် ကျိတ်ကျိတ်မည်ထွေ ကျိတ်လိတ်သေငြား ကျိတ်ဓားကျိတ်ခက် မှတ်ချက်တသီး ကျိတ်ပုတီးပင် ချင်ချင်ကျိတ်ကျိတ် ကျိတ်ကျိတ်ခဲခဲ စေးနဲဆို့ပိတ် ကျိတ်ကျိတ်လဲ့လဲ့ ရှုငဲ့ပင့်ဟန် ကြိတ်မှန်သွားကြိတ် ညက်အောင်ကြိတ်မှ ညှစ်ကြိတ်ဝါကြိတ် ဖြူကြိတ်ကြိတ်မိ ရစ်ဘိတသတ် မှတ်လော့စိပ်စိပ် တကျိပ်နှစ်ကျိပ် ရေတွက်ကျိပ်မှာ ပင့်ရာပသတ် မှတ်ရာသမုတ် ကြေးကျုပ်ပင့်လေ အရေကြုတ်အောင် မျက်မှောင်ကြုတ်သည် မြည်သံကြုတ်ကြုတ် မည်းကြုတ်ကြုတ်လျှင် ကြမ်းကြုတ်ခွက်ကြုတ် သဒ္ဒါကြုတ်နှင့် သစ်ကြုတ်ကြုတ်ပင် ရစ်လျှင်တသတ် ခေါ်မှတ်လျှောက်ထုပ် အကြုပ်အဆင့် ရစ်သင့်ပသတ် အမြဲမှတ်သည် ပညပ်ရေးနည်း ဘာသာတည်း ။

ဘာသာရေးမြဲ ကျောက်ခဲကျောက်ဖျာ ကျော်ကာကျောက်မြောင်း ကျောက်ထောင်းကျောက်ရစ် ကျောက်ဆစ်ကျောက်စက် ဝက်သက်ကျောက်မျိုး ကျောက်ကုန်းရိုးနောက် ခြေဖြင့်ကျောက်၍ လိပ်ကျောက်စိန်ကျောက် နေရှိန်ကျောက်သို့ ကျောက်ဆောက်ကျောက်ဆောင် ပုဂံတောင်ပါး ကျောက်စကားမှာ ပင့်ရာမြဲပင် ကြောက်ငြင်လန့်ကြောက် ရွံ့ကြောက်ကြောက်ရှက် ရစ်ချစ်တလိုက် ကျိုက်ကျိုက်ဆူပွက် အုပ်ကျက်ကျိုက်ကျိုက် အောက်ပိုးကျိုက်မှ ခေါက်ကျိုက်တုံလေ ရေကိုကျိုက်ငြား စကားကျိုက်ထွေ မေးလေတုံမြောက် ကျိုက်ခေါက်ရှင်စော ကျိုက်ပေါကျိုက်ပွန် ကျိုက်သလွန်ကို ပင့်လိုသမှု ပြုကြိုက်မူကြိုက် စီရင်ကြိုက်ဝယ် ချစ်ကြိုက်ကြုံကြိုက် သွားလာကြိုက်မှာ ရစ်ရာအမြဲ ကျိန်ဆဲကျိန်စာ ကျိန်ဘွယ်ရာရှောင်း ကျိန်းအောင်းကျိန်းစက် ထွက်ကျိန်းကျပ်ကျိန်း ခန္ဓာကျိန်း၍ ခံ့ကျိန်းစပ်ကျိန်း မျက်စိကျိန်းထွေ ကျိန်းသေတို့မှာ ပင့်ရာနသတ် ရစ်ပတ်နွယ်ကြိမ် အကြိမ်ကြိမ်လျှင် ကြိမ်ကြိမ်သွားကြ ကြိမ်းပလန့်ကြိမ်း ကြိမ်း၍ဆိုမြောက် ကြောက်ကြိမ်းစွာလှ ကြိမ်းကြိမ်းထကို ရစ်လိုမသတ် ရေးမှတ်တခြား နွားကျောင်းထိန်းကျောင်း ရွှေကျောင်းတည်းဟူ ဂူကျောင်းမိကျောင်း ပင့်ကြောင်းပညပ် ကြောင်လက်စွပ်ရောင် ကြောင်သတ္တဝါ ကြောင်လျှာကြောင်ပန်း တခန်းရေးရိုး ကျိုးကြောင်းလမ်းကြောင်း ကြောင်းကြောင်းထသွား ကြောင်းလျားတကြောင်း ခြေကြောင်းရစ်ရာ သတ္တဝါကျိုင်း ဆောင်သည့်ကျိုင်းနှင့် ကျိုင်းလပ်ရွာမည် ကျိုင်းသည်ကျိုင်းတုံ ကျိုင်းရုံစသည် လူမည်ငကျိုင်း ကျိုင်းအပေါင်းမှာ ပင့်လေရာ၏ နံ့သာမွှေးကြိုင် သင်းပျံ့ကြိုင်၍ ငကြိုင်လူမည် ရှမ်းပြည်ဓားကြိုင် မြိုင်မြိုင်ရစ်လို ပုန်းရည်ကျိုရိုး ဆိုးရည်ကျိုရှောင်း ကောင်းမကောင်းကျိုး ဝပ်ကျိုးရိုကျိုး ဓားလှံကျိုးနှင့် နွံကျိုးကျိုးကုတ် နှုတ်သေတကျိုး ကျိုးကျည်မရှိ မသိကျိုးကျွန် ပင့်ဟန်တမျိုး ကြို့ထိုးလေကြို့ အောက်ကြို့ကြို့ပင် ခေါ်တွင်တသီး ခရီးဦးကြို ရွာစကြိုနှင့် စွယ်ကြိုဘုရား အကြားအကြို ဆီးကြိုမီးကြို နေကြိုနေကြား ရေးငြားတဖန် ပြင်းထန်အားကြိုး ကြိုးကြီးကျံကျံ မိုးကြိုးသံကြီး ဘီးဘီးရွာကြိုး ကြိုးကြီးကြွကြွ လုံ့လတညှိုး ကြိုးပမ်းကြိုးစား ကြိုးအားလည်ထုတ် ကြိုးကုတ်လည်းဟူ ဆံဖြူကြိုးကျယ် နွယ်ခမောက်ကြိုး ကျစ်သည့်ကြိုးနှင့် ကြိုးကြာငှက်ကို ရစ်လိုစင်စစ် ချစ်ကျုမ်းယုံကျုမ်း မှတ်ကျုမ်းရေးကျုမ်း ကျုမ်းစနောင်ချောင်း ကျုမ်းမြောင်းယူကျုမ်း ဆင်ကျုမ်းတလှစ် ကျုမ်း၍ပစ်မှာ ပင့်ရာမသတ် မှတ်လေယုံ့ယုံ့ ကြုံ့ကြုံ့တလီ ကြုံလှီဆူကြုံ ကြိုက်ကြုံတွေ့ကြုံ ဝိသုကြုံနှင့် ပန်းကြုံရွာသား ကြုံးဝါးကြုံးပ ရစ်ထမနှေး သေးသေးတင်မှတ် ဆုံးဖြတ်ထူးလည် ထုံးစဉ်ရှည်ကို ဖွေနည်စုံစမ်း ရာသတည်း ။

ခကွေး၌ဝယ် ပင့်ရစ်ဖွယ်ကား သိလွယ်စေလှ ဓိပ္ပါယ်ပြပိမ့် ချသည်စာပေ ဆင်ခြေလည်းချ မိန့်တော်ချ၍ ပစ်ချရှုတ်ချ ကိုယ်အမ်းချလျက် ကြွေးချမလပ် အရပ်ချနေ ပင့်လေစမြဲ အက်ကွဲခြခြ ခြပိုးရွမှာ ရစ်တို့ရှာရှင့် ကွန်ချာသေချာ ချာချာလှည့်လျက် နေ့ရက်မချာ အလယ်ချာနှင့် ရင်းချာမျိုးဆွေ ပင့်လေစကောင်း ကြောင်းခြာချုပ်ခြာ ဝေဆာရစ်ငြား အများအချိ သည်းခံချိ၍ မှုချိစစ်ချီ ချချီစချီ လက်အုပ်ချီနှင့် စချီတင်ရွာ ဘာသာတမျိုး ချီပိုးပန်းချီ ချီအပေါင်းမှာ အပင့်သာတည့် မှတ်ရာတသီး ပေးကောင်းချီးချီး ချီးမြှောက်မြှောက်ချီး အံ့ချီးချီးမွမ်း ပင့်မြဲတမ်းဟု ကျမ်းတစောင်လာ တစောင်မှာမူ ရစ်လေဟူ၏ ဆွတ်ချူတံချူ ရည်ရွယ်ချူ၍ ရွှေချူလည်ဆွဲ စေးနဲချူချာ ပင့်ရာတထူး ခြူးပန်းခြူးနွယ် ရစ်ဖွယ်မှန်စေ ကျေအောင်ချေ၍ ချေငံချေပ မြွက်ဟချေတင် သဘင်ကချေ လွန်မုန့်ချေ၍ နှုတ်ချေနံ့ရှိမ်း ယူသိမ်းကိုင်ချေ ပြုချေမူချေ တင်ဆောင်ချေဟု စေသောအရာ သတ္တဝါချေ မဲ့ချေကင်းလွတ် ဆတ်ဆတ်ချေခြင်း ရှင်းရှင်းချေသည် ချေသည်သင်္ချေ မသိချေလှည့် မကြည့်ဝံ့ချေ ကြံဦးချေနှင့် ဆွတ်ချွေချွေတာ ဥစ္စာလည်းချေး သံချေးလည်းတက် ချွေးထွက်ပင့်လေ ဗိုလ်ခြေလက်ခြေ ဂဏန်းခြေနှင့် သည်းခြေဆင်ခြေ မြင့်မိုရ်ခြေနှင့် မင်းခြေတိုင်းခြေ သံခြေခြွေရံ သံတခြေးခြေး ရစ်ရေးမလွဲ ချွဲချွဲနစ်နစ် ပြစ်ပြစ်ချွဲခြင်း မြင်းဗွေပြက်သချယ် ချုတ်ချယ်ချယ်လယ် ရွေးချယ်ချီချဲ့ ချဲ့ချဲ့တုန်ကပ် ဆန်ဖွပ်ချောချော့ ချော့မော့သင်းချော ရွှေစံချောနှင့် ချောမောချောမွတ် ချော်ချွတ်ပျက်ချော် ချော်၍လည်းအောင် နောင်နောင်ချွံချွံ ထင်းရောင်းချွံသို့ ချွံချွံလျင်လျင် ဆင်သို့နင်းချွံ ချွံချွံရက်ရက် ပျက်ချွံပင့်ရိုး ခြိုးခြံခွါခြံ စောင်းရမ်းခြံနှင့် ခြွံခြွံပစ်ငြား နွားခြံခြံရံ သမင်ခြံရွာ ရစ်ရာမမှား ချောက်ချားလက်ချား ရဟတ်ချားမှာ ပင့်ရာမှန်စေ မြေခြားလက်ချား ပိုင်းခြားမှန်စွာ သိသာခြားနား သီးခြားကွန်းခြား ခြားမဲ့ရစ်မြောက် တချောက်ချက်ချက် လူတို့ချက်နှင့် အချက်ကျရာ မီးမှာချက်ရိုး ချိုးချက်အရောင် ကြောက်ချက်လယ်ချက် ပင့်ရိုးထွက်သည် မပျက်ကျမ်းလာ အညီတည်း ။

ကျမ်းလာမပျက် ချင့်တွက်ချင့်မိ ထောက်ချင့်သိရိုး လူမျိုးကချင် ချင်ချင်မာသည် ချင်မွတ်သည်ပင် ချင်ချင်ရဲရဲ ချင်မရဲလျှင် ချင်ချင်မရှိ မသိစေချင် ကြံစေချင်မှု ပြုစေချင်ထ တောင့်တသောထွေ မိုးမြေထုတ်ချင်း လျှို့ထုတ်ချင်းလျှင် အချင်းခပ်သိမ်း ချင်းစိမ်းပိတ်ချင်း အချင်းချင်းလျှင် ဘော်ချင်းချင်းနင်း သီချင်းသာချင်း တယောက်ချင်းနှင့် မင်းချင်းချင်းတွင်း ငှက်အောက်ချင်းဟု လူမည်ငချင်း လူမျိုးချင်းစစ် ချင်းတွင်းမြစ်နား ရွာချင်းယားတွင် ချင်းယားပင်ကြီး ရပ်နီးချင်းတင် ချင်းပင်ဝေမြိုင် မထိုင်မချင်း အချင်းအတ နွားမအချင်း ကိုယ်ချင်းမစာ လိပ်ချင်းရွာမူ ပင့်ရာသဘော အကြောအခြင် ဖြုတ်ခြင်တလီ ခြင်ဆီအရိုး အမိုးအခြင် ဝက်ခြင်ခြင်္သေ့ နောက်ရှေ့ဆင်ခြင် စပါးခြင်မူ လွယ်ကူအခြင်း ရက်သည့်ခြင်းက ချက်ခြင်းငြိမ်းခြင်း ခြင်းခြင်းနီစေ နေခြင်းထိုင်ခြင်း ပြုမူခြင်းနှင့် အခြင်းအရာ ကိရိယာမူ ရစ်ရာထုံးစံ အသံခြစ်ခြစ် ချုပ်ချစ်ချစ်ခင် ကြင်ချစ်ပင့်မြဲ တကွဲရေးရစ် ရစ်လေဆောလျင် အသွင်ပျောင်းချည့် ချည့်ချည့်ပါးပါး ကိုယ်နားချည့်နဲ့ ထွက်ခဲ့သွေးချည် ကြိုးဖြင့်ချည်၍ ရွှေချည်ပိုးချည် ပရိတ်ချည်နှင့် ဖြူချည်ပြာချည် ဝါချည်ချည်ပါ မေတ္တာနှောင်ချည် ချည်ချောင်းမှုတ်မြောက် တယောက်ထည်းချည်း ကြင်ဘွယ်ချည်းလျှင် အချည်းသက်သက် နေ့ရက်ချည်းနှီး တသီးခေါ်ဝေါ် နာပျော်ဘွယ်ချည်း ဤသို့ချည်းသာ ခါချဉ်လူချဉ် တောက်ရပ်ချဉ်နှင့် ချိုချဉ်ရသာ စိတ်မှာချဉ်လစ် ချဉ်ပြစ်ချဉ်ပေါင် နီးအောင်ကပ်ချဉ်း စေ့ချဉ်းချုံးချဉ်း စပ်ချဉ်ပင့်ငြား ခြောက်ပါးရောင်ခြည် အခြည်အဝါ ထင်လာရိပ်ခြည် နှုတ်ခြည်တိမ်းခြည် ဆံခြည်တမျှ ပျပျခြည်းခြည်း ခြည်းရရည်းလျှင် ဖြုတ်ခြည်းရုပ်ခြည်း သွတ်ခြည်းဆတ်ခြည်း ခြည်းခြည်းသံခြေ ရစ်လေတသင်း ယွင်းချွတ်ချေချွတ် အချွတ်ချွတ်လျှင် ချွတ်လွဲလှဘိ သတိလည်းချွတ် ပုဆိုးချွတ်ခိုက် လိုက်သည်ချွတ်ချွတ် နှမ်းချွတ်ပင့်ခြင်း ချင်းချန်ချီချန် လေချွတ်တခြား မြှားချွန်လှံချွန် ထက်စွာချွန်၍ စုတ်ချွန်မှိုချွန် အချွန်အစောင်း ချွန်းတောင်းနိုးချပ် ကွမ်းချပ်ပွင့်ချပ် ကျောက်ချပ်တသီး တီးသည်လက်ချပ် ချပ်ဝတ်တန်းဆာ ချပ်လွှာပေချပ် သင်းခွေချပ်နှင့် ချပ်၍လည်းထား ပါးပါးချပ်ချပ် ချပ်ချပ်လျလျ လျင်လှချပ်ချပ် ပင့်လေအပ်သည် ထုံးစပ်အစီ အစဉ်တည်း ။

စီစဉ်စုံစေ့ ချမ်းမြေ့ဆိတ်ချမ်း အောင်ချမ်းသာရွာ ချမ်းသာငြိမ်းချမ်း မချမ်းနားမှာ မေတ္တာရေချမ်း ညနေချမ်းနှင့် စောင်ချမ်းသစ်ပင် ပင့်လျှင်မမှား ဝါးခြမ်းခွဲခြမ်း ဆံတခြမ်းမျှ ဝေခြမ်းရစ်ငြား စကားငင်ချိတ် ပုခက်ချိတ်နှင့် ချိတ်မိပေါက်ချိတ် ချွန်းချိတ်ပင့်ခြင်း တသတ်လျှင်းလော့ ကောက်ညှင်းငချိပ် ချိပ်ချိပ်အရောင် ညောင်ချိပ်ဆီးချိပ် ချိပ်ဆိုးပင့်ရာ ပသတ်ပါလော့ ရန်ရှာမချုတ် ချုတ်ချယ်ဟူသည် ချုတ်ချုတ်မြည်ခိုက် ချုတ်ချုတ်တိုက်ရိုး ထိုးသည်ချုတ်ချုတ် ချစ်ချုတ်ပင့်မှတ် ပသတ်မဟုတ် ခြုတ်ခြုတ်သိက ခြုတ်ခြုတ်ကျမှာ ရစ်ရာတသတ် မှတ်လေတအုပ် ပခြုပ်ရစ်ရာ ပသတ်ပါလော့ အချာတည်းချုပ် အပြီးချုပ်ခြင်း စာရင်းလည်းချုပ် အကျဉ်းချုပ်၍ ချုပ်ကိုင်ဆွဲလျက် အမျက်ချုပ်ချုပ် နွေးချုပ်ချုပ်နှင့် ပြောက်ချုပ်ချုပ်ရုပ် အုပ်ချုပ်ဆိုငြား ချုပ်ထားမိုးချုပ် စုတိချုပ်သွား ရထားပေါင်းချုပ် ချုပ်တည်းပင့်မှတ် ပသတ်သဘော တောချောက်ခြိမ်းချောက် လန့်အောင်ချောက်၍ ဓါတ်ချောက်ဓါတ်ချား ချောက်ချောက်သွားသော် တောဖျားမြိုင်ချောက် ကျော်ချောက်ဝှန်ကြား အပင့်ငြားလိမ့် ရေသားပိန်ခြောက် အမဲခြောက်နှင့် မည်းခြောက်ခန်းခြောက် သွေ့ခြောက်ခေါ်မှု ခြောက်ခုစသည် ရစ်မည်တလိုက် ဓအောက်ခြိုက်နှင့် နှစ်ခြိုက်ရွှင်ပျ အားရအင်ခြိုက် ဗထက်ခြိုက်မှာ ရစ်ပါစေချင် ချိန်ခွင်နှိုင်းချိန် အချိန်သင့်လျက် ချိန်းချက်ပင့်မှတ် နသတ်တချက် မစက်တတ်ချိမ့် ပြုချိမ့်မူချိမ့် ဆိုချိမ့်စသည် ပင့်မည်အမြဲ ပွဲတခြိမ့်ခြိမ့် သဲခြိမ့်ခြိမ့်နှင့် ခြိမ့်ခြိမ့်မည်ရှောင်း ခြိမ်းမောင်းခြောက်ခြိမ်း ထစ်ခြိမ်းခြိမ်းမဲ ရစ်မြဲမသတ် မှတ်လေထစ်ချုန်း ချုန်းချုန်းမြည်မှတ် နသတ်ပင့်မှု ကြက်ဥဆန်ချောင် လျော့၍ချောင်နှင့် အချောင်ထဲနက် အသက်တချောင်း ရအောင်ချောင်း၍ ရေချောင်းကန်ချောင်း တုတ်တချောင်းနှင့် လက်ချောင်းတို့မှာ ပင့်လေရာ၏ အာဏာမွန်ခြောင်း ပဲ့တင်ခြောင်းမျှ ရိုက်ခြောင်းဝှန်တက် အမျက်ခြောင်းခြောင်း ထွက်ခြောင်းအလေ့ အငွေ့ခြောင်းခြောင်း ရစ်ကြောင်းမပျက် သစ်ခက်ကိုချိုင် မြို့ကျိုင်းချိုင်နှင့် ချိုင်ချိုင်ငိုတမ်း ချိုင့်ဝှမ်းရွှေချိုင့် ချိုင့်ချိုင့်ချို့ချို့ အကြောင်းချို့၍ ချို့တဲ့တချို့ နှပ်ချို့ပင်ပါး နွားချိုနွယ်ချို ဆိမ့်ချိုချိုအေး သံလေးချိုချို သွေးချိုချိုမြက် သစ်ခက်ကိုချိုး ရေချိုးအမှန် တိရစ္ဆာန်ချိုး ထမင်းချိုးနှင့် ချိုးချက်မြည်အောင် အရောင်ချိုးချက် ပင့်လျက်ရေးရိုး ခြိုးခြံရစ်ပုံ တောခြုံတရိုး ညှိုးခြုံးခန်းခြုံး မိုးခြုံးခြုံးလျှင် ပိန်ခြုံးပင့်ထိုက် ပိုက်ခြုံလုံခြုံ ပန်းခြုံရပ်ရွာ ရစ်မြဲရာသည် ကဗျာကျမ်းမြတ် အဆီတည်း ။

ဂအက္ခရာ ပင့်နည်းမှာမူ သတ္တဝါဂျွမ်း လူမျိုးဂျွမ်းနှင့် ရက်ကမ်းဂျွမ်းလျှင် ဤမျှထင်၏ ထိုပြင်တချက် နက္ခတ်သင်္ဂြိုဟ် ရာဇဂြိုဟ်နှင့် သင်္ဂြိုဟ်သည်မှာ ရစ်ရာမပျက် တအက္ခရာ ပင့်ပုံမှာမူ တျာတျာနီထွေး တေးတျာဖွဲ့ချက် တျက်တျက်မာခြင်း တျင်းတျင်းကုန်စင် ဤရွေ့ထင်၏ ထိုပြင်ဗမှာ ဗျာပါဗျာဒိပ် နိမိတ်ဘော်ပြ ဗျူဟသုံးခွင် စစ်ဆင်သဘော ဥဘတောဗျည်း ပုဒ်ဗျည်းပင့်ရာ ဗြဟ္မာဗြဟ္မဒတ် ရစ်မြဲမှတ်သည် ထုပ္ပတ်ကြောင်းလျား ဖွေရှာတည်း ။

ငအက္ခရာ ရစ်နည်းမှာမူ ငြာကြော်ကြော်ငြာ အာသာလည်းငြိ ကပ်ငြိတပ်ငြိ စွန်းငြိငြိတွယ် ရေးဘွယ်တသီး မငြီးငြီးငွေ့ ခေါ်လေ့ငြူစူ မှတ်ယူတော်ငြား ပြောဆိုငြားနှင့် ပြုငြားမူငြား တွေ့ကြုံငြား၍ မေးငြားအိပ်ငြား နေငြားဆိုချက် ငြိမ့်ငြက်ဘွဲ့နွဲ့ ရူကြောက်ငြိုငြင် ငြိုငြင်စောင်းငြှင်း ကြိမ်ကြိမ်ငြင်း၍ ဆန်ငြင်းငြင်းဆန် တတန်မီငြမ်း ငြမ်းဆောက်ငြမ်းထူ မှတ်ယူစေချင် ကြောခြင်ငြိမ့်ငြိမ့် ငြိမ့်လေးငြိမ်ဆိမ် ရိပ်ငြိမ်သာဝှမ်း ငြိမ်းချမ်းငြိမ်းမြ ငြိမ်းလှတထူး ဆူးငြောင့်ခေါ်ဆို ငြင်ငြိုခေါ်ရိုး ရန်ငြိုးဖွဲ့ရာ ရစ်လေမှာသည် စဉ်လာရေးရိုး ဝေဆာသောဝ် ။

ညအက္ခရာ အကျဉ်းမှာကား ဘယ်ညာတောင်ညာ ကျေညာထွန်းညိ ပြောင်ညိဆိုရိုး ညိုးညိုးညီးညီး တသီးခန့်ညား ကြေထွားညက်ညက် ဆင်းညက်ညက်လျှင် ယာဉ်ညက်သံညင်း ငှက်ဒိန်ညင်းနှင့် မွေးညှင်းစာညှင်း အမဲညှင်းတစ် ညစ်ညမ်းကြည်ညို ပြာညိုတသင်း ရှေးမှကြွင်းမူ သန့်ရှင်းသေချာ သက်သက်သာလျှင် ရေးခါသတိ မူစေသောဝ် ။

ပအက္ခရာ ရေးထုံးမှာကို နည်းနာပုံပြင် နိဒါန်းဆင်ပိမ့် ရွှင်ရွင်ပျပျ မရွှင်ပျ၍ ပျောင်းပျချိုပျ တပျပျလျှင် မင်းလွင်မှိုင်းပျ နေအံ့ပျမှာ ပင့်ရာမယွင်း ပြင်းပြင်းပြပြ နေလှမ်းပြ၍ ဖေါ်ပြညွန်ပြ ပေါက်ပြဝှန်းဝါ ပြည်ရွာမြို့ပြ ပြရယ်ဆိုငြား ပြယိုးယားကျောက် လွှဲဖေါက်မရွေ့ ပြကတေ့မှာ ရစ်ရာတလိုက် ယမိုက်ပြာဋိဟာ တောင့်ဆပ်ပြာပင် ခွင်စဖိုပြာ ခပ်ပြာဆပ်ပြာ စံကောပြာ၍ ပြာသိုညိုပြာ လိပ်ပြာရစ်ဟန် မှန်ပြီဟုတ်ပြီ တပြီဆိုသီး စားသောက်ပြီး၍ လုပ်ပြီးဆောင်ပြီး ပြီးစီးရစ်မှု ပျူပျူပျပျ ပင့်တနည်းတူ ပြုမူပြုစု သပြုပင်မှာ ရစ်ရာတထူး ပျံ့ပျူးပျူငှါ ပင့်ရာတမျိုး လူမျိုးမှာပြူ မပြူရန်ဘက် ထွက်ပြူမပြေ ရှင်းရှင်းပြေ၍ ပြေပြစ်ထွက်ပြေး ပြေးသွားကြွင်းမဲ့ ပြဲ့ပြဲ့တင်လွယ် ရနံ့ပြယ်၍ တသွယ်ပေါက်ပြဲ ရစ်မြဲသဘော ရွှင်ပျောရှုပျော ပြတ်မိန်းမောမျှ ငှက်ပျောညွတ်ပျော ငှက်ပျောဒိုင်းရွာ ပင့်ရာပျောင်းပြော့ ဆောင်သီးပြော့နှင့် ပြော့ကြောင်းထိုးသည် စည်ပင်ဝပြော ပီတိပြော၍ ပြုံးပြောရွာကို ဆိုပြောကျယ်ပြော ထူပြောဖြင်ပြော နှီးပြောတောခန်း တဆန်းတသီး တီးသည်စည်ပြော ပြန့်ပြောရစ်လေ့ ပျော်မွေ့အိပ်ပျော် ရွှင်ပျော်ပျော်ပါး ပင့်ငြားတနည်း ပျံ့ဖြည်းမွှေးပျံ့ လှိုင်ပျံ့ဖြူပျူး ကွန့်မြူးဝဲပျံ အတာပျံမှာ ပင့်ရာမှန်မော ရောပြွံချစ်ပြွံ များမပြွံလေ ရွှေရည်ပြွံငြား စကားပြွံထ ရစ်မြဲကျ၏ ချိုလှသည့်ပျား အပင့်ငြားလိမ့် စိတ်ပြားဆန်းပြား ထူးပြားထွေလည် လူမည်ငပြား စုံမြုိင်ပြားနှင့် ပျဉ်ပြားပြားစား မင်းပျဉ်ပြားကို ရစ်လိုတခြား ဆားပျက်သည်ကြီး ပျက်စီးပျောက်ပျက် လူသူပျက်နှင့် ဝမ်းပျက်ဖြစ်ပျက် ပင့်လျက်ရေးရိုး ပြိုးပြက်လျှပ်ပြက် လက်ဝါးပြက်နှင့် ပြက္ခဒိန်တွင် ထင်ထင်ပြက်ပြက် ငါးပြက်ငါးကင် သပြက်ပင်နွယ် ပြက်ရယ်ပြောဆို ရစ်လိုအမှန် ကလန်သံပျင် ကျမ်းသံပျင်နှင့် သံပျင်မင်းသမီး ရွာကြီးသံပျင် ခေါ်တွင်သားပျင်း ကျမ်းတပျင်းတည့် ပျင်းရိလေးပျင်း ပြီးပျင်းကိုလျှင် ပင့်စေချင်သည် ဆင်ခြင်ဤသို့ ခွဲဝေတည်း ။

ဆင်ခြင်ဤသို့ ပြင်စည်မြို့က ထို့ပြင်သည့်ပြင် ဆင်ပြင်သွင်ပြင် ရွာပန်းပြင်နှင့် ပုံပြင်ပဲ့ပြင် မြေပြင်ပြင်လျာ စိုင်ပြင်ရွာက ပြင်ပပြင်ဆင် မစင်တီးပြင် အပြင်ထလျက် လက်ပြင်သောင်ပြင် ကျပ်ပြင်တွင်းပြင် မင်းရင်ပြင်ဝယ် ပြုပြင်စွဲပြင်း မီးပြင်းကြီးပြင်း ပြင်းပြင်းပြပြ ပြင်းတင်းလှလျက် ငှက်ပြင်းတပါး ငါးမှာငပြင်း ကံပြင်းသစ်ပင် ရစ်ချင်ကောင်းကောင်း တပေါင်းတပျစ် စေးပျစ်ချုံနွယ် သက်ငယ်ကိုပျစ် ကြောင်ပျစ်သစ်ပင် ငါးကင်ကင်ပျစ် နှမ်းပျစ်ချိုဟန် ဗိတာန်ပျစ်ရှက် ပင့်လျက်ရေးမြဲ ချွဲချွဲပြစ်ပြစ် ပြစ်ပြစ်ကုန်စင် သစ်ပင်မြေပြစ် ပြစ်ပြစ်ပြုံးလေ ပြေပြစ်အပြစ် ရစ်မြဲဖြစ်၏ ချောပစ်စွန့်ပစ် နုတ်၍ပစ်လေ ရေမှာပစ်ထား မြှားဖြင့်လည်းပစ် ပစ်ခတ်သတ်ပစ် ပင့်ရစ်မပါ သက်သာသာတည့် နေရာအင်းပျဉ် ကျောက်ပျဉ်ပျဉ်ပြား တခြားခေါ်တွင် သစ်ပင်ပါးပျဉ်း မြို့မိုင်းပျဉ်းနှင့် ပြော့ပျဉ်းပျဉ်းနှေး ခေါ်ရေးပျဉ်းပင် ပင့်လေချင်လော့ ပြည့်စင်ပင်မျိုး ပြည့်ဖြိုးပြည့်လျှမ်း ပြည့်မွမ်းပြည့်စုံ လျင်တုံစိုပြည် စရွတ်ပြည်နှင့် ရွာပြည်သွေးပြည် မဲ့ကိုပြည်၍ လေပြည်ပြည်မြို့ နှစ်လို့ဖွယ်ပေ ပြည်ပန်းရွှေမူ ရစ်လေတကြောင်း ဦးခေါင်းကပြည်း ရှိန်ပြီးမျက်နှာ ရှက်ရှာလေတုံ တပြုံပြည်းပြည်း ပြည်းပြည်းကုန်မှတ် ပြာသာဒ်ဦးပြည်း ရစ်ဖွယ်ချည်းရှင့် ပေါပည်းဖြင်ပည်း လိပ်ကမ္ပည်းနှင့် ယမ်းပည်းတို့မှာ သက်သက်သာလျှင် ရေးရာမချွတ် မပြတ်လာသွား ပြတ်သားပြတ်သတ် ရွာကျွန်းပြတ်နှင့် ကင်းပြတ်စဉ်ပြတ် အမျိုးပြတ်က ပြတ်လေအဘိုး ရေပြွတ်အိုးကို ပြွတ်ပြွတ်ဆိုလျက် ပြွတ်ပြွတ်ထွေထွေ ရေပြွတ်ကျည်းပြွတ် တသတ်ရစ်ငြား စကားပြန့်ပြန့် ပြန့်ပြောများစွာ ဗီဇနာပြန် စကားပြန်နှင့် နောက်ပြန်ဖေါက်ပြန် ပြန်လှန်ပြန်ပြောင်း အကြောင်းကြားပြန် ပြုပြန်မူပြန် ဆိုပြန်ခေါ်ထွေ ရေပြွန်ထွက်ပြွန် နီလာပြွန်မှာ ရစ်ရာနသတ် အမြဲမှတ်သည် ဆတ်ဆတ်ကျမ်းလာ အနေတည်း ။

ကျမ်းလာအမြဲ ပျပ်စွဲပျပ်စပ် ပျပ်ငပ်နိမ့်ပျပ် ပျပ်ပျပ်ရိုသေ ပျပ်ပျပ်နေမူ ပင့်လေပသတ် မှတ်လေတတည် ရွှေရည်ဆိုပြွပ် စိန်နှင့်ပြွပ်၍ ပြွပ်ပြွပ်လျှော်ဖွပ် ဆေးဆိုးပြွပ်မှာ ရစ်ကာပသတ် ပညပ်တသီး မြီးပျမ်းပျမ်းမျှ အပင့်ကျ၏ တကွရောပြွမ်း ပြိုးပြွမ်းရစ်မှတ် မသတ်အဟုတ် ဘုတ်ပြိတ်ပြိတ္တာ ရစ်ကာတသတ် ရေးမှတ်ခေါ်မှု ပြုတ်တုချက်ပြုတ် အစပြုတ်ငြား သခွါးငပြုတ် ပြုတ်ပြုတ်တီးအပ် ရှပ်ရှပ်ပြုတ်ပြုတ် အဟုတ်ရစ်မှတ် တသတ်တခြား ဘားပြုပ်ရစ်မှတ် ပသတ်လေမြောက် သေပျောက်ပျက်ပျောက် တချက်ပျောက်ရှ ပျောက်နိပ်စသည် ပင့်မည်တအုပ် လက်ခုပ်ပြောက်ပြောက် စွန်းပြောက်နေပြောက် ပြောက်စွန်းပြောက်ကျား ပြောက်ပြိန်းများက ပြိုက်ပြိုက်ကျလျက် ပြိုက်စက်ပြိုက်ရွမ်း ရစ်တမ်းမှန်ပြောက် ပြောက်ပြိန်းလူပြိန်း အပြိန်းဆိုသီး ပြုန်းတီးပျက်ပြုန်း မပြုန်းမကျည်း သံဟည်းဟည်းမြည် စည်သံပြုန်းပြုန်း ရစ်နှုန်းနသတ် ပျောင်းညွတ်ဝပ်ပျောင်း ညွတ်ပျောင်းပျောင်းပျ နွမ်းလျပျောင်းအိ မချိပျောင်းပြော့ ကြော့မော့သွယ်ပျောင်း ထပ်ထပ်ပျောင်း၍ ပျောင်းမည်ပျောင်းခွေ ပင့်လေအပ်စွာ သတ္တဝါပြောင် ဝင်းဝင်းပြောင်၍ ချေပြောင်ပိန်ပြောင် ကြီးပြောင်ခေါ်ရှောင်း တောင်ပြောင်းမြောက်ပြောင်း သေနတ်ပြောင်းနှင့် ပဲပြောင်းထူးလည် မှုတ်သည်ပြောင်းမှာ ပြောင်းပြာမြို့မူ ရစ်မြဲဟူ၏ ပြုိင်တူပြုိင်ခိုင်း ပြိုင်းပြုိင်းတထွေ ရစ်လေထိုမြို့ ဖတ်စာပျို့နှင့် ပျို့တို့ပျို့အန် တဖန်ငယ်ပျို ယွယ်ပျိုနုပျို ဖွံ့ပျိုတင့်ကဲ ပျိုးကြဲစိုက်ပျိုး ပင့်ရိုးမလွဲ ပြိုကွဲပြိုပျက် ပြိုအက်တရိုး ပြိုးပြက်ရစ်ပုံ တပြုံပြည်းပြည်း တနည်းတောင်ပြုံး ပွါးပြုံးရွှင်ပြုံး ချွန်းသီးပြုံးနှင့် ပြုံးပြုံးပြုံးရယ် တသွယ်ဝေါဟာ ပြုံးပြောရွာကို ရစ်လိုမသတ် အမြဲမှတ်သည် ပညပ်ရှေးသူ မြွက်ထွေတည်း ။

ဖအက္ခရာ ရေးပုံမှာကား နည်းနာထုံးမှီး ဖျသီးမြို့မှ ကြွင်းသမျှကို ဖြအပေါင်းမှာ အရစ်သာဟု စာဆိုငယ်ခေါ် မင်းကျော်ပုံသေ ဆုံးဖြတ်ထွေကြောင့် လိုက်လေဖြဖြ သန်းဖြကိုက်ခဲ ခြကွဲဖြဖြ ဖြဖြလာသည် ရစ်မည်မှန်စွာ အိပ်သည့်ဖျာနှင့် စိတ်ဖျာတံဖျာ ငွေတဖျာရွာ ဖျာဖျာတက်မျှ ပင့်ထအမြဲ လင့်ကဲတဖြာ အဖြာဖြာလျှင် ခက်ဖြာရွက်ချပ် ဖြီးထပ်ပုံဖြီး ဖြီးထွေဆံဖြီး ဝက်မှင်ဖြီးနှင့် ခေါင်းဖြီးရစ်ဖွယ် မီးမယ်ဖျူးမှာ ပင့်လေရာ၏ သာယာပြည့်ဖြူး လေသုတ်ဖြူး၍ ဖြင့်ဖြူးသွယ်ဖြူး မတ်ဖြူးဖြူးနှင့် ဖြန့်ဖြူးသဲဖြူး သင်ဖြူးမွေ့ရာ သတ္တဝါဖြူ ဆောင်းထီးဖြူက ဆီးဖြူဆံဖြူ ဖလံဖြူနှင့် စင်ဖြူကျင့်နေ ပြေအောင်ဖြေ၍ စိတ်ဖြေဖျောက်ဖြေ တထွေသွားဖြဲ ရစ်မြဲမှန်စွာ မျက်နှာပိန်ဖျော့ တက်ဖျော့ပင့်ငြား များသည်ဖြောဖြော ပြုတ်ပြုတ်ဖြောလေ အရေဖြော့တော့ ရေဖြော့တော့နှင့် ရေလုံးဖြော့မှာ ရစ်ရာစင်စစ် ရှစ်ပါးအဖျော် တဖျော်ဖျော်လျှင် ဖြေဖျော်ရေဖျော် ခေါ်ဝေါ်လက်ဖျ တောဖျအလား ဖျပျဝါးခြင်း ဖလင်းဖျားရွာ ဖျားနာဖျားရေး နေဝင်ဖျိုးဖျား ထွတ်ဖျားကဲမိုး သတိုးမင်းဖျား တရာ့ဖျားနှင့် သည်ဖျားဆွတ်ကျင် နှင်တံတံဖျား အပင့်ငြားလိမ့် ပိုက်ဖြားလှည့်ဖြား နို့ရည်ဖြားလျက် ဖျက်ဖျက်မိုးပေါက် ဖျောက်ဖျက်ပယ်ဖျက် ဖျက်ဖျက်ဖြည်ပြီး ဖျက်ဆီးအကျင့် တဖျင့်တပါး တဖျင့်ရှားခေါ်မြဲ တဖျင့်ကွဲမည်မှတ် တဖျင့်ခတ်ဟူကျင့် တဖျင့်သုံးရွာကြိုး မိုးတဖျင်ဖျင် ဆစ်မျက်ဖျင်နှင့် ဖျင်ပုဆိုးစင်း သူငယ်ဖျင်းက ဖျင်းသိမ်ပင့်ငြား များဖြင်ပေါဖြင် အဖြင်ဖြင်တည့် ပည်းဖြင်ဖြင်မျှ များကခေါ်မူ ပြုမူသဖြင့် ဟူသဖြင့်က စသည်ရစ်မြဲ ရဲရဲထူဖျစ် ဝါဂွမ်းဖျစ်နှင့် မီးဖျစ်လက်ဖျစ် ဖျစ်ဖျစ်မည်ရှောင်း စောင်းလှက်ဖျစ်တံ ပစ်ထုံးစံကို မြဲမြံမှတ်စေ ကုန်သတည်း ။

မြဲမြံမှတ်ရေး ရှေးဖြစ်နှောင်းဖြစ် ယခုဖြစ်နှင့် အဖြစ်သဘော မှန်မောဖြစ်ငြား တားဖျဉ်ဖြောက်ဖျဉ် ဖြေဖျဉ်မညဉ်း စပ်ဖျဉ်းဖျဉ်းနား တက်လာဖျဉ်းဖျဉ်း ဖျဉ်းအိုးပင့်လှည့် ပြည့်အောင်ဖြည့်၍ ဖြည့်ဖြူးဖြည့်တင်း ဖြည်းညှင်းဖြည်းညံ့ ပျံ့ဖြည်းသာဖြည်း ရစ်နည်းစေ့စပ် လန့်ဖျပ်ကိုသာ ပင့်ရာပသတ် ဖျတ်ဖျတ်မြည်ခိုက် ဖျတ်ဖျတ်ရိုက်မှာ ပင့်ရာတသတ် ဆုံးဖြတ်ဆုတ်ဖြတ် ပြတ်အောင်ဖြတ်၍ ပိုင်းဖြတ်သည်မှာ ရစ်ပါတသတ် မှတ်လေတခန်း ဆွတ်ဖျန်းရေဖျန်း လေသုတ်ဖျန်းနှင့် ကြဲဖျန်းပင့်မှန် နက်ဖြန်ဖြန့်လွှား ကွဲငြားဖြန်းဖြန်း လေးညှို့ဖြန်းနှင့် စီးဖြန်းဖြန်းတော မှန်မောရစ်ကာ နသတ်ရာ၏ သတ္တဝါဖြုတ် ခင်ပွန်းဖြုတ်၍ ဖြီးဖြုတ်ညှို့ဖြုတ် သစ္စာဖြုတ်နှင့် ဖြုတ်ဖြုတ်မည်ထ ခဏချက်ဖြုတ် အစဖြုတ်မှတ် တသတ်ရစ်ရာ နှာရည်ဖြုပ်ကို ရစ်လိုပသတ် မှတ်လေတထောက် သင့်ရာဖျောက်၍ ဖျောက်ဖျောက်ဖျောက်လွှင့် ဖျောက်သင့်ဖျောက်ပယ် မိုးကြယ်ဖျောက်ဆိပ် ဖျောက်ဆိပ်ပင်အောက် တဖျောက်ဆိတ်ဆိတ် စိတ်မသာငြား ယား၍ဖျောက်မှာ ပင့်ရာမှန်လှ ဖြောက်ဖြောက်ကျမြဲ ဖြောက်ဖြောက်ကြဲမိုး ဖြိုးဖြိုးဖြောက်ဖြောက် ရစ်မြောက်တချက် ဖျက်ဖြုန်းဆန်ဖြုန်း တဖြုန်းဖြုန်းလျှင် ဖြုန်းဖြုန်းပျံ့တတ် ရစ်နသတ်တည့် ဖြောင့်မတ်ဖြောင့်ထ မြားဖြောင့်စသည် ရစ်မည်တထောက် ဖျောက်ဖျောက်ဖျိုးဖျိုး ဖျိုးဖျိုးဖျစ်ဖျစ် မြည်လစ်တချက် ဖျိုးဖျိုးဖျက်လျှင် နေဝင်ဖျိုးဖျား ပင့်ငြားစင်စစ် သက္ကရာဇ်ဖြို ဖျက်ဖြိုခေါ်ထုံး ဖြိုးလုံးပြည့်ဖြိုး မောက်မောက်ဖြိုးနှင့် ငဖြိုးလူမည် ခိုင်ကြည်မဖြုံ ပေါက်တုံဖြုံ့ဖြုံ့ ဆုံ့ဆုံ့တင့်နိုး ရစ်ရေးရိုးကို နွံကျိုးမပျင်း လေ့လာခြင်းဖြင့် လျှင်ပြင်းတတ်စေ ကုန်သတည်း ။

မအက္ခရာ ရေးနည်းမှာကို သိသာစေလှ ဓိပ္ပါယ်ပြပိမ့် ပျမ်းမျှမည်မျှ တူတမျှနှင့် မျှတဘယ်မျှ အဘီမျှလျှင် အကြင်မျှလောက် ပင့်လေမြောက်လော့ မြကျောက်ရတနာ မြရိပ်ရွာက မြိုးမြိုးမြလျှင် အေးမြချမ်းမြ စိမ်းမြမြနှင့် မြောင်းမြမြို့မှာ ရစ်ပေရာရှင့် မြာတိုင်ငမြာ မြာတောရွာနှင့် မြာမြက်မြာပင် ဖွါးမြင်အမြွာ မျက်မြွာကြွေးမြီ မြောက်မြီသားမြီ မြီးထူးမြူးဖုန် မြူးခုန်မြူးထူး ပိုးရည်မြူးနှင့် ထိမ်မြူးရောင်မြူး ကမြူးချောမြေ့ စေ့မြေ့မိုးမြေ မြေသေဉ်မြေက မြောက်မြေပိုင်က မြွေပါတခြား မြွေနဂါးနှင့် သားမြေးအမြှေး စဉ်ရှေးမြင့်မြဲ သွားလာမြဲနှင့် မြဲစွဲမြဲမြံ ထုံးစံရစ်မှန်း နစ်မွန်းမျောလေ ရေဝယ်လည်မျော မျောမျောရှုသည် မျောခံသည်မှာ ပင့်ရာမှန်ဘိ နှမိနှမြော မြော၍သေရှာ သတ္တဝါမြှော့ သံမြှော့ရစ်မှု ရှုမျှော်ပင့်ချက် မျက်မြော်ဖူးမြော် မြင်မြော်မြဲမြံ မြမ္မာရစ်ငြား ယများဆွဲကြ ချသည်များလျား ပေါများရွှေငွေ တွက်ရေအများ လူနတ်များနှင့် ဘိုးများနည်းများ ငါးများပင့်မှတ် ဆတ်ဆတ်မြားမြား အိမ်ထိမ်းမြားနှင့် လေးမြားမြောက်မြား ပတ္တမြားက တမြာရစ်ရာ ရတနာမြတ်မွန် မျက်မာန်ခိုက်မျက် ဆစ်မျက်ဖမျက် အရိုးမျက်နှင့် ကျောက်မျက်ရွာလမ်း မျက်ရမ်းမသိ မျက်စိမျက်နှာ မျက်နှာပန်းပင် ခတ်ချင်မျက်စဉ်း မျက်ပျဉ်းမျက်ကန်း ရှက်မှန်းတပ်တပ် ပင့်လေအပ်ရှင့် ထူထပ်ပေါင်းမြက် တံမြက်လှည်းဟန် ငန်သည်မြက်မြက် မြိုးမြုိးမြက်လျှင် ဟမြွက်အမြွက် မိန့်မြွက်ရစ်ငြား လှုပ်ရှားရန်မျှင် ပိုးချည်မျှင်နှင့် ဆံမျှင်ကိုပင့် မြို့အမြင့်က ကြီးမြင့်မြတ်မြင့် တူတမြင့်နှင့် နိမ့်မြင့်မြှောက်မြင့် ချီးမြှင့်တထူး ဖူးမြော်မြော်မြင် စမြင်ကြေးမြင် မြင်ဝါးနှီးဖြာ ပေါက်မြင်ရွာနှင့် သမြင်စွာဆင် သမြင်ထုံမြို့ မြင်စိုင်းမြို့သား ငါးငမြင်ရင်း ကျောက်မြင်းသီလာ မာမြင်းဟောင်းမြင်း စမြင်းဒေါသ စီးကြသည့်မြင်း တောင်မင်းမြင်းမိုရ် သားကိုလှီးမြွင်း ဓားမြွင်းရစ်ဖွယ် အဓိပ္ပါယ်သည် မှတ်လွယ်သိသာ ထူးဆန်းတည်း ။

ထူးဆန်းမှတ်လွယ် ဓိပ္ပါယ်ပျံ့ပျူး ဥဒါန်းကျူးပိမ့် ညွန့်ဖူးဝါးမျစ် ပျိုမျစ်နုမျစ် ကြောင်ခြင်မျစ်ငြား တပါးစပ်မျစ် ပင့်မြဲဖြစ်၏ မြစ်အောက်ခေါ်ရှောင်း ချောင်းမြစ်ရေမြစ် သစ်မြစ်မြစ်တား ငါးမှာမြစ်ချင်း မြစ်တွင်းရွာသာ ငှက်မှာမြစ်ထွေး ကြောမြစ်ထွေးမှာ ရစ်ရာမပျက် စက်မျည်းမျောက်မျည်း ငိုက်မျည်းခေါ်လေ့ မျဉ်းခွေ့ပြော့မျဉ်း မြို့မိုင်းမျဉ်းနှင့် တမျဉ်းကြိုးမှတ် တမျဉ်းခတ်မြဲ ထဲမျဉ်းမြို့ထိပ် နိမိတ်တမျဉ်း ကိုင်သည့်မျဉ်းက မျဉ်းချပေါင်းမျဉ်း ခိုင်မျဉ်းပင့်လေ ကြေသည့်မြည့်မြည့် ဆွေးမြည့်ဆိုမြည် အသံမြည်ငြား စကားစမြည် မြည်တမ်းသည်နှင့် ပိုးမြည်မြူးမှာ သတ္တဝါမြည်း တနည်းကြီးမြတ် ကုန်ဝယ်မြတ်၍ ထွတ်မြတ်သမုတ် ယုတ်မြတ်မြင့်မြတ် ကျော်မြတ်မြတ်သာ ပြေးကာလျင်မြန် မြန်သန်မြန်ထက် ခေါ်လျက်မေးမြန်း နီမြန်းမြန်းနှင့် သွေးမြန်းသိန်းမြန်း ညှိုးမြန်းရိုးမြှင် စင်လည်းအမြိတ် ထုံးမြိတ်မြိတ်ဆာ စားရာတမြိတ် မြိတ်စွန်းတိမြုပ် ကိုယ်လုံးမြုပ်လေ ရွှေငွေကိုမြုပ် ရေမြုပ်စသည် ရစ်မည်မှန်စွာ သတ္တဝါမျောက် စားသည့်မျောက်နှင့် မျောက်မည်းပင့်မှတ် သေနတ်အမြောက် တောင်မြောက်မြောက်မြား တရားသိမြောက် ခုံလျှင်မြောက်၍ မြောက်ဆိပ်ရွာတွင် မြောက်ဆိပ်ပင်ကြီး ချီးမြှောက်မြှင့်မြှောက် မြှောက်စားမြှောက်စည် မျိုသည်မြိုက်မြိုက် အမြိုက်သုဓာ ရသာအမြိုက် မီးမြိုက်စမြိန်စာ ရသာမြိန်မြိန် စားချိန်သက်စောင့် အမြှောင့်ပေါင်မြှောင် သွယ်မြှောင်စီမြှောင် စမြောင်စောင်းမြောင်း မြို့ကျောက်မြောင်းနှင့် ကျဉ်းမြောင်းစွာလှ မြောင်းမြမြို့နေ ရေမြောင်းချောင်းမြောင်း မြောင်းမြိုင်ရပ်ရွာ ဝေဆာမြိုင်မြိုင် ရိပ်မြိုင်တောမြိုင် မြိုင်ရွာရစ်ငြား ဝါး၍မျိုလေ့ မျိုးစေ့လူမျိုး ဆွေးမျို့တတည် သည်မျိုးတချို့ မျှို့မင်္ဂလာ ပင့်လေရာ၏ မြို့ရွာကိုမြို့ ပြုသမြို့နှင့် ဆိုမြို့ရှိနိုး မြိုးမြိုးမြမြ မိန်းမအမြုံ လူမျိုးမြုံနှင့် ရိပ်မြုံကြက်မြုံ စားတုံမြုံ့မြုံ့ မြုံ့မြုံ့ရှိဟန် ပြန်သည်စမြုံ့ မြုံ့မြုံ့လည်းဝါ ငါးထောင်သည့်မြုံး မှတ်ဖွယ်ရုံးသည် ရစ်ထုံးဤလည်း တခန်းတည်း ။

အက္ခရာလ ပင့်ပုံပြပိမ့် နွမ်းလျဝမ်းလျ လျကြည်းပြင်လျာ တသက်လျာနှင့် သည်းလျာမင်းလျာ ကလျာငါးကွင်း ဟင်းလျာကောင်းမွန် တမ်းခွန်ကြက်လျှာ နှုတ်လျှာလျစ်လျူ တူလျောလိုက်လျော ချေလျောတင်းလျော လျော့ညံ့လျော့လျား စကားညီလျော် နှိုင်းလျော်သင့်လျော် တော်လျော်စေ့စပ် ဖွပ်လျှော်ဆေးလျှော် ထန်းလျှော်ပေါ်လျှံ အပေါ်လျှံနှင့် စီးလျှံမီးလျှံ ရောင်လျှံရှည်လျား တွဲများလျားလျှင် လျင်လျားလျော့လျား စုလားခြုံမြောက် လျောက်လျားဝန်းလျား တန်းလျားထန်းလျက် လျှာဖြင့်လျက်၍ ပြောလျက်ဆိုလျက် သန်လျက်အလျင် မြို့သံလျင်က လျင်လျင်လျားလျား လှုပ်ရှားငလျင် လျပ်လျပ်လျင်နှင့် ပြုလျှင်မူလျှင် ကျင့်လျှင်ကောင်းခြင်း အလျှင်းစွန့်ပစ် လျစ်လျူလျော့လျည်း တနည်းရွတ်ဘတ် လျည်းလျည်းပြတ်ရှောင်း လျည်းလျည်းကောင်း၍ လျည်းလျောင်းရွေ့လပ် စပ်လျည်းအလျဉ်း မြို့မိုင်းလျဉ်းနှင့် လျဉ်းပါးတုံလတ် ပသတ်ထိုမှ ကိစ္စလျပ်လျပ် လျင်လျပ်လျပ်လျှင် သိအပ်ပေါ်လျှပ် ပါးလျှပ်လျှပ်နှင့် လျှပ်လျှပ်တမ်းခွန် မိုးစွန်အထက် လျှပ်ပြက်သည်မှာ ပသတ်ရာ၏ များစွာပြည့်လျှမ်း လျှမ်းလျှမ်းမောက်ကာ သာသာလျှောက်လျောက် ထုပ်လျောက်လျောက်လျား မူထားလျောက်ပတ် မြဲမှတ်ကြားလျှောက် တံတားလျှောက်နှင့် ကြွက်လျှောက်တရိုး သံကြိုးသံလျောင် မြဲနှောင်ချည်ရှောင်း လုံးလျောင်းသာလျောင်း လည်းလျောင်းယို့ယို့ လျှို့လျှို့ပြေးဝင် တံကျင်လျှိုခြင်း ထုတ်ချင်းလျှိုထိုး ငုံ့လျှိုးတိုးလျှိုး ရေရိုးသနစ် တံတားထစ်သည် ပင့်ရစ်အပြီး နိဂုံးတည်း ။