ကန်စွန်းရွက် လေးချိုး

From Wikisource
Jump to navigation Jump to search
ကန်စွန်းရွက်
by မန်လည်ဆရာတော်

စိမ်း ညို ရင့်
ရွက်ပွင့်က ရိုးတံချီ။

မြဘက်ရည် အလေ့နော်ပ၊
ရေ့ပေါ်မှာ အသာလျှောက်
ဖူးညှောက်စီစီ။

မြတ်ပွဲတော် စားတော်ဆက်ရ၊
ကြော်ချက်ကတဲ့ သင်းပျံ့ကြည်၊
ဟင်းချိုရည် ဆိမ့်အေး။

မှီ မတူ နီအူဝက်သော်မှ၊
မဖက်ပေါင် ဆယ်ပြန်လွှမ်းနိုင်ရဲ့ကွယ်၊
ဇွန်း ရွှေ တက်သေး* ။ ။

(*တက်သေးအင်းမှ ကန်စွန်း)

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.