ကဆုန်လဘွဲ့ သဖြန်လေးဆစ်
Jump to navigation
Jump to search
←တန်ခူးလဘွဲ့ သဖြန်လေးဆစ် | ကဆုန်လဘွဲ့ သဖြန်လေးဆစ် by |
နယုန်လဘွဲ့ သဖြန်လေးဆစ်→ |
စကဝါ ငုံသင်းလို့
ကြယ်မင်းတဲ့ ဝိသာခါ
တိမ်ဘွေမှာ ရောင်ချည်းရွှန်း
ထွန်းတဲ့ ချိန်ခါ။
စုံကန္တာ
ဟေမာမြိုင်ထဲ
ရွှေကျေး ပျံသင်လို့
စံပျော်ရွှင် သည်ကို ကူးလို့ငယ်
မြူးကြစမြဲ။
![]() |
This work was published before January 1, 1927, and is in the public domain worldwide because the author died at least 100 years ago. |