ကစွန်းအိုကျောင်း ကျောက်စာ

From Wikisource
Jump to navigation Jump to search
ကစွန်းအိုကျောင်းကျောက်စာ  (သက္ကရာဇ် ၆၂၄) 
by စိုးမင်းကြာသဝတ်လင်မယား

(မျက်နှာဘက်)
၁၊၂၊၁၄၉၊၁။
“။ ၀ ။ ၀ ။ သကရစ် ၆၂၄ ခု ပုဿနှစ် တပေါင်လ္ဆန် ၃ရျက် သောကြာနိယ်အာ။
စိုဝ်မင်ကြာသဝတ်မိယာ။ လင်ကြာသဝတ် ငာနှင်ပ္လုသော။ တန်တိုင်မိတာ
လိယ်မျက်နှာ။ ကူ ၁လုံ။ စလစ်မွံခောင်က္လောင်ကြီ ၁ ခု။ ကုလါက္လောင် ၁ခု။ စါသ
င်တိုက် ၈တိုက်။ စရဖုက် ၁ခု။ သိမ် ၁ခု ပိတကတ် ၃ပုံ။ တြျာပန်လင် ၁ခု။ ဤသိုဝ်ပ္လုဧအ်။
ဤသိုဝ် ငာတိုဝ်ပ္လုသောက္လောင်နှိုက်။ ပုရှာ တြျာ သင်္ဃာရတနာ ၃ပါသောကိုဝ်။ သာသနာ ၅
ဝဝဝမ္လောက်ဩာင် နောင်နှိုက် အရှည်တည်စိမ်သောငှာ။ ငာလှူသော ပုရှာကြီအာ ပုစဝ်အရပ်
နှိုက်။ စုံစီမဟာပိုလ် ပိယ်သော။ သစ်ငုတ်မျာမည်သော သံပုတ်လယ် ၁၀၀။ ရတနာပုံစရင်
နှိုက်။ နက္က်သမန်နှမတုရွင်တိုင်သည် ရောင်သော။ ပုစဝ်အရပ် ပုလုရွာနောက် လယ် ၄၀။ ဤယ်
ကာပုရှာတေ။”

[သက္ကရာဇ် ၆၂၄ ခု ဖုသျှနှစ်၊ တပေါင်းလဆန်း ၃ ရက်၊ သောကြာနေ့အား စိုးမင်းကြာသဝတ် မယား၊ လင်ကြာသဝတ် ငါနှင့်ပြုသော တံတိုင်းမီးတား လေး မျက်နှာ၊ ဂူ ၁လုံး၊ စုလစ်မွမ်ခေါင်း ကျောင်းကြီး၁ခု၊ ကုလားကျောင်း ၁ခု၊ စာသင်တိုက်၈တိုက်၊ စရဘုတ် ၁ခု၊ သိမ်၁ခု၊ ပိဋကတ်၃ပုံ၊ တရားပလ္လင်၁ခု၊ ဤသို့ ပြု၏။ ဤသို့ ငါတို့ပြုသောကျောင်း၌ ဘုရား တရား သံဃာ ရတနာသုံးပါးသောကို သာသနာ ၅ဝဝဝ မြောက်အောင် နောင်၌ အရှည်တည်စိမ့်သောငှာ ငါလှူသော ဘုရားကြီးအား ပူဇော်အရပ်၌ စုံစီ မဟာဗိုလ်ပေးသော သစ်ငုတ်များမည်သော သင်ပုတ်လယ် ၁ဝဝ၊ ရတနာပုံ စာရင်း၌ နက္ကသမန်နှမတုရင်တိုင်သည် ရောင်းသော ပူဇော်အရပ် ပုလုရွာနောက် လယ် ၄ဝ၊ ဤကားဘုရား တည်း။]

၁၊၂၊၁၄၉၊၂။
၂၀ ...“ဤမျှသော (လှူတုံ)သလဲ
၂၁ ကိုဝ် ထေရသ္ခိင်ကာတဆ။ သင်္ဃာတိုဝ်ကာ ၄ဆ အလိုဝ်ရစိယ်သတေ။ ။ အပေါင်ကြီ ပုရှာ တြျာ
၂၂ သင်္ဃာ ရတနာ၃ပါသောအာ လှူသောလယ်ကာ ၆၅၂ပယ်ဟိဧအ်။ ဝ။ ဤမျှသော ပုရှာ တြျာ သ
၂၃ င်္ဃာ ရတနာ၃ပါသောကိုဝ် ပစ်စည်၄ပါ အထောက်အပင်ဖ္လစ်စိမ်သောငှာ က္လောင်အာ။ ငုယ်။
၂၄ ၁၀၀၀။ ရှုယ်၁၀၀။ ငာလှူတုံဧအ်။ ၀ ။”

[ဤမျှသော လှူတုံသောလယ်ကို ထေရသခင်ကား တစ်ဆ၊ သံဃာတို့ကား ၄ဆ အလိုရစေသတည်း။ အပေါင်းကြီးဘုရား တရား သံဃာ ရတနာ၃ပါးသော လှူသောလယ်ကား ၆၅၂ပယ်ရှိ၏။ ဤမျှသော ဘုရား တရား သံဃာ ရတနာ ၃ပါးသောကို ပစ္စည်း ၄ပါး အထောက်အပင့်ဖြစ်စိမ့်သောငှာ ကျောင်းအား ငွေ ၁ဝဝဝ၊ ရွှေ ၁၀ဝ ငါလှူတုံ၏။]

(ကျောဘက်)
“ဤငာပ္လုသ ကောင်မှုအက္လိုဝ်ဖ္လင်ကာ။ လုရွါန
တ်ရွါ သင်သရါအရှည် ကျင်လည်ရရါ လုရွါဖ္လစ်လေလုထက်အမ္လတ် မန်ထတ်မင်ဧအ် စည်စိမ်သိုဝ်သော
စည်စိမ်ကိုဝ်လျှင် လိုဝ်ခ္လျင်သတေ။ နတ်ရွါဖ္လစ်လေ။ ဟူရရါသ နတ်ရွါတိုဝ်ထက် သာယာစွါဟု ပုရှာလေါင်
တကာ ဖ္လစ်ရါအမှတ် မ္လတ်သနတ်ရွါ တုသိတာလျှင် ဖ္လစ်ခ္လျင်သတေ။ လုရွါနတ်ရွါ စည်စီမ်ချံသာ ခံပြီ
သောခာ။ ပုရှာမ္လတ်စွါ မိတ္တရျာလက်ထက် အမိုက်အမျက်ရမ်မက်အန်သ အရဟန္တ်ာဖ္လစ်ရုယ် နှစ်ဆစ် ရမ်မက်
မပ္လန် နိဗ္ဗန်မည်သော မသိယ်ပြည်လျှင် ဝင်ရလိုဝ်သတေ။”

ဤငါပြုသော ကောင်းမှုအကျိုးဖြင့်ကား လူ့ရွာနတ်ရွာ သံသရာအရှည် ကျင်လည်ရာရာ လူ့ရွာဖြစ်လည်း လူထက်အမြတ် မန္ဓာတ်မင်း၏ စည်းစိမ်သို့သော စည်းစိမ်ကိုလျှင် လိုချင်သတည်း။ နတ်ရွာဖြစ်လည်း ဟူရာရာသော နတ်ရွာတို့ထက် သာယာစွာဟု ဘုရား လောင်းတကာ ဖြစ်ရာအမှတ် မြတ်သော နတ်ရွာ တုသိတာလျှင် ဖြစ်ချင်သတည်း။ လူ့ရွာ နတ်ရွာ စည်းစိမ် ချမ်းသာ ခံပြီးသောခါ ဘုရားမြတ်စွာ မေတ္တေယျာလက်ထက် အမိုက်အမျက် ရမ္မက်အန် သော အရဟန္တာဖြစ်၍ နှစ်ဆစ်မပြန် နိဗ္ဗာန်မည်သော မသေပြည်လျှင် ဝင်ရလိုသတည်း။]

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse