Page:UN Charter (Burmese translation).djvu/46

From Wikisource
Jump to navigation Jump to search
This page has been proofread.

ရည်ညွှန်းထားသည့် အမည်တင်သွင်းခြင်းခံရသော ပုဂ္ဂိုလ်များစာရင်းတွင် ထည့်သွင်းမထားစေကာမူ မိမိစာရင်းတွင် ထည့်သွင်းနိုင်သည်။

၃။ ပူးတွဲအစည်းအဝေးက မိမိသည် ရွေးကောက်တင်မြှောက်ရေးကိစ္စ အထမြောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ဟု ယူဆလျှင် ရွေးကောက်တင်မြှောက်ထားပြီးဖြစ်သော တရားရုံး၏ အဖွဲ့ဝင် တရားသူကြီးများက အထွေထွေညီလာခံတွင်ဖြစ်စေ၊ လုံခြုံရေးကောင်စီတွင် ဖြစ်စေ၊ မဲရရှိထားသည် အရွေးခံသူများတည်းမှ ရွေးချယ်၍ လစ်လပ်သောနေရာများတွင် လုံခြုံရေးကောင်စီ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဖြည့်သွင်းရမည်။

၄။ တရားသူကြီးများတွင် တစ်ဖက်နှင့်တစ်ဖက် မဲအရေအတွက်ချင်း တူညီနေလျှင် အသက်အကြီးဆုံး တရားသူကြီးက အနိုင် မဲ ပေးရမည်။

အပိုဒ် - ၁၃။

၁။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီးများကို ကိုးနှစ်ကာလအတွက် ရွေးကောက်တင်မြှောက်ရမည့်ပြင် ပြန်လည်ရွေးကောက် တင်မြှောက်ခြင်း လည်းပြုနိုင်သည်။ သို့ရာတွင် ပဌမရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံရသည့် တရားသူကြီးများအနက် တရားသူကြီးငါးဦး၏ ရာထူးသက်တမ်းမှာ သုံးနှစ်ပြည့်လျှင် ကုန်ဆုံးစေရမည်။ အခြားတရားသူကြီး ငါးဦး၏ ရာထူးသက်တမ်းမှာ ခြောက်နှစ်ပြည့်လျှင် ကုန်ဆုံးစေ ရသည်။

၂။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း လက်ဦး အစ သုံးနှစ်နှင့် ခြောက်နှစ်ပြည့်၍ ရာထူးသက်တမ်း ကုန်ဆုံးစေရမည့် တရားသူကြီးများကို ပဌမအကြိမ် ရွေးကောက်ပွဲ ပြီးစီးသွားသည်နှင့်တပြိုက်နက် အတွင်းရေးမှူးချုပ်က မဲနှိုက် ရွေးချယ်ရမည်။

၃။ တရားရုံး၏ အဖွဲ့ဝင် တရားသူကြီးများသည် မိမိတို့၏ နေရာများတွင် လူစားဖြည်သွင်းခန့်ထားခြင်း မပြုသေးသမျှကာလပတ်လုံး မိမိတို့၏ တာဝန်ဝတ္တရားများကို ဆက်လက်၍ ဆောင်ရွက်ရမည်။ ယင်းသို့ လူစားခန့်ထားပြီးသည့်နောက်တွင်လည်း ထိုတရားသူကြီးများသည် မိမိတို့ စတင်စစ်ဆေးခဲ့သောအမှုများကို ပြီးဆုံးအောင် စစ်ဆေးစီရင်ရမည်။

၄။ တရားရုံး၏ အဖွဲ့ဝင်တရားသူကြီး တစ်ဦး တစ်ယောက်ရာထူးမှ နှုတ်ထွက်လိုလျှင် ရာထူးနှုတ်ထွက်စာကို အတွင်းရေးမှူးချုပ်ထံ ပေးပို့ရန်အတွက် တရားရုံး ဥက္ကဋ္ဌထံမှတဆင့် တင်သွင်းရမည်။ ထိုသို့ အတွင်းရေးမှူးချုပ်ထံ အကြောင်းကြားပြီးသည်အခါ ထိုတရားသူကြီး၏ ရာထူးမှာ လစ်လပ်သွားရမည်။

အပိုဒ် - ၁၄။

အောက်ပါစည်းကမ်းချက်များနှင့် မဆန့်ကျင်စေဘဲ လစ်လပ်သောနေရာ များတွင် ပဌမရွေးကောက်ပွဲအတွက် ပြဋ္ဌာန်း ထားသည့် နည်းလမ်းအတိုင်းပင် ဖြည့်သွင်းရမည်။ ထိုသို့နေရာလစ်လပ်ပြီးနောက် တစ်လအတွင်း အပိုဒ် – ၅ တွင် ပြဋ္ဌာန်းထားသည့် ပန်ကြားချက်များကို အတွင်းရေးမှူးချုပ်က ထုတ်ဝေ၍ ရွေးကောက်ပွဲကျင်းပရန်နေ့ရက်ကို လုံခြုံရေး ကောင်စီက