Page:UN Charter (Burmese translation).djvu/19

From Wikisource
Jump to navigation Jump to search
This page has not been proofread.

လုံးဝသို့မဟုတ်တစ်စိတ်တစ်ဒေသရပ်စဲစေခြင်းနှင့်သံတမန်ဆက်သွယ်မှုကို ဖြတ်တောက် ခြင်းများလည်း ပါဝင်သည်။

အပိုဒ် ၄၂။

လုံခြုံရေးကောင်စီသည်၊ အပိုဒ် ၄၁ တွင် ပြဋ္ဌာန်းထားသော အစီအစဉ်များမှာ လုံလောက်မည်မဟုတ်ဟူ၍သော်လည်းကောင်း၊ လုံလောက်ခြင်း မရှိကြောင်း ထင်ရှားသည်ဟူ၍ သော်လည်းကောင်း ယူဆလျှင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်း စောင့်ရှောက်ရန် သို့မဟုတ်ပြန်လည်တည်ရှိရန်အတွက် လိုအပ်သည့်အတိုင်း ကြည်းတပ်များ၊ ရေတပ်များ သို့မဟုတ် လေတပ်များဖြင့် အရေးယူဆောင်ရွက်နိုင်သည်။ ထိုသို့ အရေးယူဆောင်ရွက်မှုများတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများ၏ ကြည်းတပ်များ၊ ရေတပ်များ သို့မဟုတ် လေတပ်များဖြင့် အင်အားပြခြင်း ပိတ်ဆို့ခြင်းနှင့် အခြားစစ်ဆင်ခြင်းများလည်း ပါဝင်နိုင်သည်။

အပိုဒ် ၄၃။

၁။ ကမ္ဘာ့ကုလမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုကို ကူညီထောက်ပံ့သောအားဖြင့် လုံခြုံရေးကောင်စီ၏မေတ္တာရပ်ခံချက်အရ၊ ထို့အပြင် အထူးသဘောတူစာချုပ် သို့မဟုတ် စာချုပ်များနှင့်အညီ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်း စောင့်ရှောက်မှုကိစ္စအတွက် လိုအပ်သည့် လက်နက်ကိုင်တပ်များ အကူအညီများ၊ ပြည်တွင်း ဖြတ်သန်းသွားလာခွင့် အပါအဝင် လွယ်ကူမှုများကို လုံခြုံရေးကောင်စီသို့ လွှဲအပ်ရန် တာဝန်ခံယူကြရမည်။

၂။ အဆိုပါသဘောတူစာချုပ် သို့မဟုတ် စာချုပ်များတွင် လက်နက်ကိုင် တပ်များ၏ အရေအတွက်နှင့် အမျိုးအစားများကိုလည်းကောင်း၊ ထိုလက်နက်ကိုင်တပ်များ အသင့်ပြင်ဆင်ပြီး ရှိရမည့် အခြေအနေနှင့် သာမန်တည်ရာဌာနကိုလည်းကောင်း စီမံပေးရမည့် လွယ်ကူမှုနှင့် အကူအညီမျိုးကိုလည်းကောင်း သတ်မှတ်ရမည်။

၃။ ထိုသဘောတူစာချုပ် သို့မဟုတ် စာများချုပ်ဆိုရန် လုံခြုံရေးကောင်စီက ဆောလျင်နိုင်သမျှ ဆောလျင်စွာ စတင်စေ့စပ်ပြောဆိုရှိမည်။ ထိုသဘောတူစာချုပ်များကို လုံခြုံရေးကောင်စီနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဖြစ်စေ လုံခြုံရေးကောင်စီနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံစုများကဖြစ်စေ ချုပ်ဆိုရမည်အပြင် လက်မှတ်ရေး ထိုးသည့် နိုင်ငံများကလည်း မိမိတို့၏ သက်ဆိုင်ရာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ လိုက်နာ ကျင့်သုံးသည့် လုပ်ထုံးလုပ်နည်းများ နှင့်အညီ လက်ခံအတည်ပြုရမည်။

အပိုဒ် ၄၄။

လုံခြုံရေးကောင်စီသည် စစ်မက်အင်အားကို အသုံးပြုရန် ဆုံးဖြတ်ပြီးသောအခါ ကောင်စီဝင် မဟုတ်သည့် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံအား အပိုဒ် ၄၃ အရ