Page:UN Charter (Burmese translation).djvu/15

From Wikisource
Jump to navigation Jump to search
This page has not been proofread.
လုပ်ငန်းစဉ်
အပိုဒ် ၂၈။

၁။ လုံခြုံရေးကောင်စီကို ၎င်း၏ လုပ်ငန်းများ အဆက်မပြတ် ဆောင်ရွက်နိုင်စေရန် ဖွဲ့စည်းရမည်။ ထိုသို့ ဆောင်ရွက်ရန်ကိစ္စအတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံအသီးသီးသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ရုံးစိုက်ရာ ဌာနတွင် ကိုယ်စားလှယ် တစ်ဦးစီ အမြဲထားရှိရမည်။

၂။ လုံခြုံရေးကောင်စီသည် အစည်းအဝေးများကို အခါအားလျော်စွာ ကျင်းပရမည်။ ထိုအစည်းအဝေးများတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံအသီးသီးသည် မိမိ၏ အစိုးရအဖွဲ့ ဝင်တစ်ဦးကိုဖြစ်စေ၊ အထူးခန့်ထားသည် အခြားပုဂ္ဂိုလ် တစ်ဦးကိုဖြစ်စေ မိမိကိုယ်စားလှယ်အဖြစ် ဆောင်ရွက်စေလိုက ဆောင်ရွက်စေနိုင်သည်။

၃။ လုံခြုံရေးကောင်စီသည် အစည်းအဝေးများကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ ရုံးစိုက်ရာ ဌာနတွင်သာမက မိမိ၏ လုပ်ငန်းဆောင်ရွက်ရန် အလွယ်ကူဆုံးဖြစ်မည်ဟု ယူဆရသော အခြားနေရာဒေသများ၌လည်း ကျင်းပနိုင်သည်။

အပိုဒ် ၂၉။

လုံခြုံရေးကောင်စီသည် မိမိ၏လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်ဟု ယူဆသော လက်အောက်ခံ လုပ်ငန်းအဖွဲ့ များကို ဖွဲ့စည်း တည်ထောင်နိုင်သည်။

အပိုဒ် ၃၀။

လုံခြုံရေးကောင်စီသည် မိမိ၏လုပ်ငန်းစဉ် နည်းဥပဒေ များကို မိမိပင် ပြဋ္ဌာန်းရမည်း။ ထိုးနည်းဥပဒေများတွင် မိမိ၏ဥက္ကဋ္ဌ ရွေးချယ်ရန် နည်းလမ်းများ လည်းပါဝင်သည်။

အပိုဒ် ၃၁။

လုံခြုံရေးကောင်စီသို့ တင်သွင်းသည် အရေးကိစ္စ တစ်ရပ်ရပ်မှာ လုံခြုံရေးကောင်စီဝင် မဟုတ်သော ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံ တစ်ခုခု၏ အကျိုးသက်ဆိုင်ခွင့်များနှင့် အထူးသက်ဆိုင်သည်ဟု လုံခြုံရေးကောင်စီက ထင်မြင်ယူဆသည် အခါတိုင်း၊ အဆိုပါနိုင်ငံသည် ထိုအရေး ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် မဲပေးပိုင်ခွင့်မရှိ သော်လည်း ပါဝင် ဆွေးနွေး ပိုင်ခွင့် ရှိသည်။

အပိုဒ် ၃၂ ။

လုံခြုံရေးကောင်စီ အဖွဲ့ဝင် မဟုတ်သော ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်မည်သည်နိုင်ငံမဆို သို့မဟုတ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ဝင်မဟုတ်သော မည်သည်နိုင်ငံမဆို လုံခြုံရေးကောင်စီကအရေးယူ စဉ်းစားဆွေးနွေး လျက်ရှိသော အငြင်းပွားမှု တစ်ရပ်တွင် ပါဝင်နေလျှင်