Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/44

From Wikisource
Jump to navigation Jump to search
This page has been proofread.
၂၇
မဟာဂီတပေါင်းချုပ်ကျမ်း

လို့လို့၊ ရေမိုဃ်းဆန်များ၊ ဝပြောသာလို့လို့၊မိုဃ်းကဲရည်အောင်သာ၊ ထိပ်ထားရွှေဖွေရာ၊ယာမာ ယာမာ မျှမျှလေး၊ထက်နတ်ပြည်လုံး တူရေးမှတ်ကြတွေး၊နန်းနှင့်မြစ်ကယ်မှာ၊ များတည့်များမကွာ၊ပျော်ရာ ပျော်ရာစံခန်း သာယာစည်ပင်ထွန်း၊ သောင်းညာဒီပါကျွန်းကိုတည့်၊ တေဇာနေဝါလန်းပါလို့၊ သိမ်းမြန်းစိုးတော် မူလေတည့် သိမ်းမြန်းစိုးတော်မူ။


၂၀။ မြင်စိုင်းဆရာပန်းကြိုး

ခန်းတွင်းရိပ်သာ ပယ့်အိပ်ရာ နေလဲစိတ်မှာ- ညစ်တော့သာ၊ ထွက်ကာ သွားလဲ ပျော်ပါဘဲ သီးခြားဆိတ်ကွယ်တိတ်တိတ်ကယ်၊နေလဲ ချားနှယ် ချာချာလယ်၊ အုပ်ထွေသောသော ဘော်ချင်းနှော၊ နှီးနှောပြောဟောဖြေ၊ အလွမ်းငယ်ပူ သည်းအူချာကလေး x သည်းထဲမှာ ဆူပူသည် ပူလှလေး၊ တသောင်း မြေပြင်စိုးသည်ရှင်၊ယဉ်နွဲ့နွဲ့လေး x အရူးလိုပင်မယ်စိတ်မှာထင်၊မြင်ပါလှဲ့လှဲ့လေး x အကြူးမိုးဖျားထိအောင် ထိအောင်သား x စကားသာဖြူး မိန့်ပါဦး x ဝမ်းမြူး မြူးလေအောင် မိန့်ဟတောင်းတောင်း ကြူးတောင်း ကဲတောင်း၊နှုတ်ညွန့် လန်းလန်း၊ ထူးထွေဆန်း၊ ဆိုပါလေသည်ဟာများ တိမ်နှယ်ပါး x စကားယွင်းတော်မူခဲ့လေး x သနား ကင်းတော်မူခဲ့လေ x မိန့်တော်သာ မူလေမြဲ သွေတဲ့သွေလှန်ဘဲ x ကြင်နာသာ ကဲပါလို့၊ ဆွဲရစ်ခွေတည့် ဆွဲရစ်ခွေ။


၂၁။ ချစ်နံ့မပြယ် ကြိုးဟောင်း

(၎င်းကြိုးမှာ စစ်ကိုင်းမြို့ကောင်းစားစဉ်က ရေးသည်။)

ဘုန်းတောက် ပဝင်းဝင်း ပထွန်းလင်းxဆင်းသိကြားစံရာ မျှတူကာ၊ နတ်နန်း ဘုံသာ ကျွန်းဦးခုံမှာ ဘေးမျိုးလုံစွာ သာယာယဉ်မျိုး ဖြစ်ပေရလေး x အောင်ခန်းဗွေချာ ထွန်းလာတည်စ ဖြစ်ပေရလေး x အောင်ချာတိုင်း စံရာနှိုင်း၊ရွှေစစ်ကိုင်းမှာ၊ ချမ်းရိပ်မြဝေဆာ၊ ပန်းစေသာ နတ်နန်းဘုံသာ၊ကျွန်းဦးခုံမှာ ဘေးမျိုးလုံစွာ သာယာယဉ်မျိုး ဖြစ်ပေရလေ၊ အောင်ခန်း ဗွေချာ ထွန်းလာတည်စ ဖြစ်ပေရလေး x အောင်ခန်းဗွေချာ ထွန်းလာတည်စ ဖြစ်ပေရ၊ အောင်ချာတိုင်း စံရာနှိုင်း၊ ရွှေစစ်ကိုင်းမှာ၊ သီးရွက်မြစိမ်း ရွှမ်း၊ မှည့်ဝန်းရွှန်း၊ ကြိုးတပမ်းပေ ပျော်စချင့်ချေ၊ မိန်းမူး ဖြေဖြေဖြေ မပြေချေ၊ ဖြေဖြေဖြေ မပြေချေ၊ မိန်းမူးစိတ်နေ ပျော်ချေများတောင်း၊ သာယာမြစ်မ မြစ်ညာခင်မှာ၊ သာမောလှေတော်သာ လှော်ရရလေx ရာကျော်စွာရှည်ရရလေး x လှော်တော်သာ

(၆) ရတနာ့ဂုဏ်ရည် (က-၁၃)
(သတ္တမအကြိမ်)