Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/42

From Wikisource
Jump to navigation Jump to search
This page has been proofread.
၂၅
မဟာဂီတပေါင်းချုပ်ကျမ်း

တော်ရှည်၊ ဆယ်မည် ကျင့် သတင်းငယ်နှင့်လေး x နှုန်းလျော်ညီ တုံးစဉ်စိ-များဗိုလ်လူ x တိုင်းပြည်သူ x ကြည်ဖြူသားကဲ့သို့၊ သနားချစ်ကြည်ညိုလေတည့်တည့်၊ ထွတ်ထားဘုန်းပျိုပျို။



၁၅။ သိကြားခလုတ်ကြိုး

ရွှေ ရွှေ ရွှေဘုန်းပဝင်း၊ မွှေးပင်မွှေးပျံသင်း ၊ ညှင်းညှင်းသာသာလေ တည့်လေပြည်လာ ရှုကာတည့်-စိမ်းစိမ်းလန်း ညိုတည့် စိမ်းစိမ်းရွှမ်း x ထူးဆန်း ထူးဆန်းထူးဆန်းထွေ x ပန်းပျံစေသာ ပုံ ပုံ ပုံချည့်လေး x ပန်းပျံ စေသာ ပုံ ပုံ ပုံချည့်သေး x၊ ဝန်းကျင်လေ-ပတ်ကုံးကန်အားလုံးx၊၊ ကုံးလို့ထူးခြား စကားကံ့ကော်၊ စွယ်တော်တည့်လောင်းပန်း - အနန်းပန်း မောက်မိုအင်ကြင်းနီဝင်း ဇော်တ-သော်ကလေ မဟာလှေကား ဆပ်သွားကြိုင်ပျံ့လှိုင်နံ့လေး x နှင်းနှင့်သစ္စာနော်ဇာတည့်ရဲရဲ တွေ့တည့်ထွေထူးကဲ စပိစမ္ပာယ် စပယ်တည့်လန်းလန်း၊ ခေါင်တည့်ခေါင်ရမ်းပန်း x ထူးဆန်း ပန်းအိ လက်တံရှည်လေး-ကြက်ရုံးမွှေးစွ မဉ္စူပျံ့ရှား သာထွန်းဖြူစွာ-ပွင့်အာငုံသေး ပန်းပင်ပန်းမြတ်လေး x မြေမှာပစ်ထား ထပ်သွားထပ်များ၊ ချရားချရားယင်းမာ၊ ဇီတည့်-ဇီဇဝါx၊ ခတ္တာလေ - ခတ္တာလေ - ခတ္တာလေ - ပုန်းညက်၊ ဒန့်ပင် - ဒန့်ဒလက်x၊ ရွှေခွက်ကယ်လှဟန် ဆန်းလှလေး x နွယ်ပန်းခွာညိုပန်းကလေးxပွင့်စပန်းက လန်းကားကား၊ အခြားခြား ဖြူတည့်ဖြူထွားထွား x၊ ရေကမိုးနှင့်လက်တံရှည် လှိုင်ပင်လှိုင်ချည့်လေး x ရေကမိုးနှင့်လက်တံရှည် လှိုင်ပင်လှိုင်ချည့်လေး x ရေအမိုးနှင့် လက်တံရှည် လှိုင်ပင်လှိုင်ချည့်လေး x၊ ရေကမိုးနှင့် လက်တံရှည် လှိုင်ပင်လှိုင်ချည့်၊ ပိတောက်ပန်း-ပိတောက်ပန်းထူးထွေလာ၊ ထူးထွေလာနော်ဇာ သဇင်ပန်းငယ်နှင့် လောင်းပန်းဂမုန်းအင်လေတည့် လောင်းပန်းဂမုန်းအင်။



၁၆။ သိကြားမင်း တုရင်သံ ကြိုး

နှုန်းနန်းထောက်စာ - ပြိုင်ဘက်ရှား x မိုဃ်းသိကြား x ယိုးမမှားထင်xယောင်ဝိုးတဝါး x တိုင်းတလွှားကြေငြာ၊ ရှိန်တည့် ရှိန်အာဏာxဧတည့်သာ-ဧကရားxပွားများ-ပွားများလွန်ရှည်အောင် တိုင်း-ပြည်တော်ဘောင် x၊ ရွှင်လန်း - ရွှင်လန်းဘွယ် သွားတည့် ၊ သွားစမ္ပာယ် x သောင်းသဲအများ - သောင်းသဲအများ၊ ရထား ရထားဗိုလ်ခြေ မြင်းတည့် မြင်းဆင်တွေ x ရေမြေတောတောင်တည့် ခြိမ့်အောအောင် ခြိမ့်ခြိမ့်ငယ်လေး အုံးအင်း ရုံးတရင်း x တီးကြ မှုတ်ကြ၊ စည်းဗုံမောင်း ငြင်းသံသာစောင်း x၊ သံပြောင်း သံလွှဲ နှဲပတ်သာလေတည့် နှဲပတ်သာ။