Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/40

From Wikisource
Jump to navigation Jump to search
This page has been proofread.
၂၃
မဟာဂီတ ပေါင်းချုပ်ကျမ်း

၁၀။ ကလပ်ငယ်ကြိုး

သီတာ သီတာ မြအလား၊ ကြာ ကြာ ကြာ ငါးပါး x ၊ ကမ်းနား ကမ်းနားဝန်းကျင်၊ ငွေ - ငွေသဲပြင်တည့်မှ၊ ပျော်ချင်ဘွယ် x မြစ်တွေး မြစ်တွေး၊ ဇင်ယော် ကျူးတည့် ကျူးသံကြော် x ငှက်တော်လေကြိုးကြာ ကျူးရင့်ရင့်ကာ x လိင်ပြာလေပျံသွား ဟိုမှာ သည်မှာနား၊ ရေပေါ်မှာ လွှားပါလို့၊ ကြာဆံကို စားပါလို့ ဝဲခါပျံလေတည့် ဝဲခါပျံ။




၁၁။ ကလပ်ကြီးကြိုး

သာယာ သာယာ မြည်လေကြွေး၊ သာလိကာငယ်လေးကျေး x ၊ ချည်ခင်စွတ်ကယ်က၊ ကျူးတယ်ကျူးတယ်ကို သင်တိုင်းဝတ်ကယ်က မြူးတယ်မြူးတယ်ကို x သံချိုတည့် ဧ ဧ ဧ ပဲတည့် ပဲထွေးထွေး စာပေးခွံ ကြ ချစ်ရေးခင်ရေးပြပါလို့လေး x အတူစုံခါ - စံတည့်စံပျော်ရာxချစ်ခင် ချစ်ခင် ချစ်ပါလှသည်ရှင်xချစ်ခင်လေ လွန်မြတ်နိုး ဇီသည့် ဇီဝဇိုးxဥမျိုးတွန်သီသာ သာလှလေ၊ မ,ကို မ,၍ ဘော်သွေး၊ ပါပင် ပါချည့်လေး x မယ်ညို ဖြူပြာ နီတည့် နီရွှေဝါxလိပ်ပြာငယ်ပျံကာသွား ပိတုန်းပိတုန်းပျား ရေပေါ်ကို လွှားပါလို့၊ ကြာဆံကိုစားပါလို့၊ ဝဲခါပျံလေသည့် ဝဲခါပျံ။




၁၂။ ညွန်တက်သံသာကြိုး-ဆင်ဖြူတော်ချီး

ဝေဘာဂီရိ တောင်နယ်တွင် သိကြားနတ် ယာဉ်ဆင်x ၊ သည်ဆင်ကိုတည့် ပေးနှင်း၊ သိကြား-သိကြားမင်း x လျှင်စေကာ ထံတော်မှာ ဆက်ရမည်မှန်သာ x နီတွေးတွေး ရောင်ပြေးပြေး၊ သက်မဲ့ ပြိုင်တိုင်းဝေး x ခြေသည်း ခြေသည်း နီသန္တာ x နှင်းတည့်နင်းခြေရာ x မြင်ခါ မြင်ခါ ဆင်မျိုး၊ ကြောက်ရွှံ့ရွံ့စိုး x ဝေးဝေး ထွက်ပြေးသွား၊ ကျုံးကိုမုန်းလို့လား x ဆီးတား ဆီးတားခါ၊ ဆင်ဖြူလား ဆင်နီလား၊ ဆို ဆိုဆိုကြလေxဆင်တော်ပြောင် ဆင်တော်ပြောင်၊ တောင် တောင် တောင်ရှိ၊ မျိုးဆဒ္ဒန်လေတည့်၊ မျိုးဆဒ္ဒန်။



၁၃။ သိကြားမင်း ခရုသင်းသံ ကြိုး

ပုံပမာ-ထွေထွေသာ ဒေဝရာလိုပင်၊ ဧကရာထိုရှင်၊ အသွင်ယဉ်မျိုး၊ပမာတူရိုး ဇမ္ဗူကျော်ဟိုး၊ အခေါင်စီစိုး၊ နေမျိုးစည်ထွန်း စံညွှန်း ရွှေနန်း ဟိုရေးဟိုမင်း၊ ပုံခင်းတူဘဲ၊ အာဏာရွှေလက်ရုံး၊ ကြေငြာတိုက်လုံး၊ နှိုင်းမနှုန်း ထွေ