Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/36

From Wikisource
Jump to navigation Jump to search
This page has been proofread.

မဟာဂီတ ပေါင်းချုပ်ကျမ်း


နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ။

ကြိုးသီချင်းများ


၁။ ပုစဉ်းတောင်သံ ကြိုး

ထံတျာ တေရှင်၊ ထံတျာ တေရှင်၊ တျန့်ကျန့် ထံတျာဘောင်× ဒလုဒလု ထုံးတ့ျန်တျန့် တောပင် တောလုံး နှံ့ပါလို့လေး × ထက်စငယ် ကောင်းကင် မိုဃ်းတည့် မိုဃ်းတိမ်ပြင်×စံရွှင် စံရွှင် ပျော်ပါးရွှေဘော်တစု၊ တစုများငယ်နှင့်လေးx သည်မိုဃ်း သည်မိုဃ်းဒေဝါ၊ မိုဃ်းတည် မိုဃ်းဒေဝါ×အုံ့ခါလေ တဖွဲဖွဲ×ရွာလေ တသဲသဲ × ထံတျာတေရှင်၊ ထံတျာ တေရှင်၊ တျန့်တျန့် တံတျာ တေရှင်×ဒလုဒလု ထုံးတျန့်တျန့် တျောတေထံတျာတေတျန့်၊ တျောတေတျာ။



၂။ တနည်းအားဖြင့် ကြိုးဘက်၍ပြသော စိတြဂိဝါခိုမင်းကြိုး

တျန့်တျောထပ်တျာ၊ ထပ်တျာ တျောထပ်တျာ×ငယ်စွာ ငယ်စွာကွေးလေး ဖောင်းဖွေးဖွေး × ခြေမွေး လက်မွေးနီတျာ၊ မရောက်လာ × ဘော်ကွာ ကိုယ်ထူးမရွှင်မြူးလေးမရွှင်မြူးလေး×ဒူးတျောထပ်တျာ၊ခိုတည့်ခိုတကာ၊ခိုတကာတွင် ငါသာလှယဉ်ကြူးချည့်လေ၊ ခိုတကာတွင် ငါသာလှယဉ်ကြူးချည့်လေးx ဒူတျောထပ်တျာ၊ တေေထံတျာ၊ ထပ်တျာတျေတျော၊ ဒူလေတေ လေတျော၊ တေဒူလေ တံတျန့်တျန် တေဒူလေ ထံတျန့်တျန့်၊ တျောထပ်တျာလေတည့် တျောထပ်တျာ။




၃။ တနည်း ကြိုးဘက်ကိုပြသော ရွှေဥဒေါင်းမင်းကြိုး

ထပ်တျာ ထပ်တျာ တျန့်ပင်ကျန့် ထပ်တျာ × မြိုင်သာ မြိုင်သာ တောခေါင်း၊ ရွှေဥဒေါင်း ငယ်မှာပင်၊ ပင်ပင်တိုင်း ပြောင်း × ၊ နွဲ့နောင်းဆင်းဝါ၊ လှသည့် လှရာမှာ ×လှရာမှာ ငါသာလွန်ကြူး မရှိဘူးလေ မရှိဘူး × ယဉ်ထူး


(၅) ရတနာ့ဂုဏ်ရည် (က-၁၃)
(သတ္တမအကြိမ်)