သံဝေဂ ရှစ်ဆယ်ပေါ်တေးထပ်

From Wikisource
Jump to navigation Jump to search
သံဝေဂ ဆယ်ရှစ်ပေါ်တေးထပ်  (၁၉၃၇) 
by မင်းကွန်းဆရာတော်ကြီး

ဥပါဒ်နောက်တွင် ဌီဘင်ဆက်လို့၊
ဒီတွင်တသက် ချုပ်ဟန်လာ၊
စီစဉ်မပျက် ရုပ်နာမ်နှစ်ဖြာကို၊
သမုဋ္ဌာန်ပါ ဝေဖန်ချင်။ ။
ရူပံဤရုပ် ရေမြှုတ်ဟန်ကို၊
ရွှေနှုတ်တော်သံ မြတ်ကျမ်းမြှော်ဖို့သင့်။
ဝေဒနာ ရေပွတ် စံကပ်ခါငယ်၊
တံလျှပ်သညာ ဟောဆိုဖွင့်။ ။
နာမ်ဓာတ်သင်္ခါ ငှက်ပျောလိုတမင့်ဟု၊
သဘောယိုယွင့် သိလျက်ကို။
မျက်လှည့်သည်နှယ် အလိမ်အဝါပေါ၊
ဝိညာဏက္ခော မနောစိတ်အလို။ ။
ခန္ဓသံယုတ် ကျမ်ဂန်အဆိုကို၊
လမ်မှန်နဂို မြင်ပါလျှက်နှင့်။ ။
သခင်ဆရာအတွက် ဘယ်ကြောင့် ကိုယ်ဆွေးပွေ၊
ကွယ်ထောင်ငို၍ နေ။ ။
အနိစ္စ ဒုက္ခ အနတ္တ အနေကို၊
မပြတ်ဆချွေ အို.....စောပါဗျလေး။ ။
ကြုံမြဲမှန်စွာ့ သံသရပဝေကို၊
ဓမ္မအခြေ အို.....ဟောပါဗျလေး။ ။
မချမ်းမြေ့ ကျွမ်း၍ လွမ်းငွေ့ ပွေလျှင်၊
နွမ်းခွေ့ တစ်ခွေ အို........မောမှာပလေး။ ။


မှတ်ချက်

  • ပထမဓမ္မနာဒဆရာတော်ကြီး လွန်တော်မူသောအခါ ဖွားဖွားလေး ဒေါ်ဣန္ဒစာဂီ ခဏခဏ ငိုနေ၍ တိပိဋကဆရာတော်လောင်းလျာ ဦးဝိစိတ္တသာရာဘိဝံသက ခန္ဓသံယုတ်ကျမ်းနှင့်အညီ သတိပေးဆုံးမဖွဲ့ဆိုအပ်သော တေးထပ်ဖြစ်ပါသည် (၁၂-၆- ၁၂၉၉)