သီပေါမင်းသားထံပေး တေးထပ်
Jump to navigation
Jump to search
သီပေါမင်းသားထံပေး တေးထပ် by |
မြတောင်မြို့စား ထိပ်စုဘုရားလတ်က သီပေါမင်းသားထံသို့ ပထမဦးစွာ ရေးသား ပေးပို့တော်မူသော တေးထပ် |
မြကေသာ ထွာခန့်က၊
ခါငံ့လို့ကြင်ဟန်၊
ကြာတနန့်ပင်စံမှာ၊
ဘုရင်ခံထင်ရွေ့။
နန်းမွေရ အပြီးယူတယ်၊
ငွေထီးဖြူပွင့်လိမ့်ဘအေ့။
ရွှေသစ္စာ ယခုမူလျှင်၊
ကမ္ဘူ့သူယနေ့။
စုတဆူ ကလေ့က၊
မမေ့ပေါင် နော်နော်။
နတ်ဆိုတာအနန္တကိုလ၊
တင်ပင့်ဆွေနှင့်ပျော်ပျော်။
မြင်သမျှ အရေးကိုဖော်မယ်၊
လေးတင်တော်မူတတ်ကဲ့၊
လောင်းသိဒ္ဓတ် ပွင့်လျာနှယ်၊
အောက်မေ့လို့ရွယ်။
ရှိဦးချ ပူဇော်လှယ်တယ်၊
ယသော်မယ်လိုဘဲ ဖျလေး။ ။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.
Public domainPublic domainfalsefalse