ဝိနယသံခိပ်/သင်္ကန်းဟူသော မှီရာနိဿယ

From Wikisource
Jump to navigation Jump to search
ဝိနယသံခိပ်လက်စွဲကျမ်း
by လယ်တီဆရာတော်
၄။ သင်္ကန်းဟူသော မှီရာနိဿယ
323113ဝိနယသံခိပ်လက်စွဲကျမ်း — ၄။ သင်္ကန်းဟူသော မှီရာနိဿယလယ်တီဆရာတော်

၅၃။ သင်း ကိုယ် ဒု မိုဃ်း၊ မာ ငါးမျိုး၊ ထိုးလေ ဗိန္ဒုညှင်း။
၅၄။ ကြေးညှိ သစ်စိမ်း၊ ရွှံ့ညွန်လိမ်း၊ ခပ်သိမ်း မည်းနက်ဆင်း။
၅၅။ သင်္ကန်းထောင့်မှာ၊ တစ်ခုသာ၊ ပမာ ဒေါင်းမျက်ကွင်း။
၅၆။ သမန်းမျက်ဖျား၊ အငယ်ထား၊ အပ်ငြား ဗိန္ဒုညှင်း။

အကပ္ပိယ ဆိုးရည်ကိုးမျိုး

၅၇။ နံနွင်း ထန်းကျင့်၊ ဆူးပန်းပွင့်၊ ပေါက်ပွင့် ပိန္နဲနွယ်။
၅၀။ ကြပိုင် ဒေါက်ရပ်၊ မဲ ဒန်းမှတ်၊ မအပ်ဆိုးရည်ဝယ်။

ဇာတိဘေဒသင်္ကန်း ခြောက်ထည်

၅၉။ ခုံ ပိုး ဝါ ဘန်၊ ကမ္ဗလံ၊ ပိုက်ဆံ ချည်ခြောက်ပါး။

အနုလောမ သင်္ကန်းခြောက်ထည်

၆၀။ ပဋ္ဋုဏ် စိန၊ သောမာရ၊ ကုလ နတ်လှူငြား။
၆၁။ ဧဟိ ဘ္ခုံ၊ တန်ခိုးကြုံ၊ နုလုံ ခြောက်ထည်ပြား။
သင်္ကန်းဟူသော မှီရာနိဿယပြီး၏၊

-----------------