ဝါခေါင်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်

From Wikisource
Jump to navigation Jump to search
184772ဝါခေါင်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်စာရေးကြီး ဦးမောင်ကလေး

မငြိမ့်တငြိမ် ရွာတိမ်ယောင့်သည်
ပြာမှိန်တမှောင့်မှောင်အလျှံ
ဗျာဂိန်တထောင့် တောင်ကပါးယံငယ်
ဝါခေါင့်ဝသန် ဘန်တော်ပျိုး။
ပွေရုံဝင်လို့ လွင့်မပြယ်တယ်
မဆင်ခြင့်ချင် ဆင်ကွဲဆင်တဲ့မိုဃ်း။

လေဆိုင်ပြန်တဲ့ မြိုင်ခန်းဝါမူ
ကြိုင်နံ့ချပ်လွှာ သန္တာမျိုး။
ခိုင်ပန့်ခတ္တာ သမ္ဘာဖြိုးလို့
အာဏာတန်ခိုး ဟိတ်မပြေ (ပြယ်)။
အဿတာရာ ငွေရထား
သရဝဏ်ရွှေမြှား ထွန်းတင့်ပြိုင်တဆွယ်။

ကြည်ဘွယ်စုတဲ့ ရတုနယ်ဝယ်
သမုနေနွယ် ဒီပရာဇ်တို့
သီဝံနန်းသစ် ဆောင်ကူးမည်မှန်
ဘောင်မှူးရည်ဓိဋ္ဌာန်။
မြေပြင်လေးမျှ ရင့်ကြွေးညံအောင်
ရွှေစာရေးတံ လှူပွဲတော်နှင့်လေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse