ရွှေဥဒေါင်းမင်း

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၈) ရွှေဥဒေါင်းမင်း
326611ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း — သင်ခန်းစာ (၈) ရွှေဥဒေါင်းမင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၈)

ရွှေဥဒေါင်းမင်း[edit]

ရွှေဥဒေါင်းမင်းသည် တောအုပ်ကြီးတစ်ခုတွင် ဥဒေါင်းညိုတို့နှင့်အတူ နေထိုင်သည်။ သူသည် သူ၏ လှပသောအဆင်းကြောင့် အန္တရာယ်ရှိနိုင်ကြောင်း တွေးမိသည်။

ဥဒေါင်းညိုများ အိပ်ပျော်နေစဉ် လူသူကင်းဝေးရာ ဟိမဝန္တာတောင်သို့ ထွက်ခွာသွားခဲ့သည်။ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ဘုရားဂုဏ်တော်များကို ရွတ်ဆိုပူဇော်နေလေ့ရှိ၏။

တစ်နေ့တွင် ရွှေဥဒေါင်းမင်းကို မုဆိုးတစ်ယောက်က တွေ့မြင်သွား၏။ မုဆိုးက ပြန်ပြော၍ လှပသော ဥဒေါင်းမင်းအကြောင်းကို လူအများ သိသွားကြသည်။

မိဖုရားကြီးက ရွှေဥဒေါင်းမင်းကို လိုချင်သည်။ ရွှေဥဒေါင်းမင်းအား ဖမ်းပေးနိုင်သူကို ဆုငွေအများကြီး ချီးမြှင့်မည်ဟု ဘုရင်ကြီးက ကြေညာလိုက်သည်။

မုဆိုးများက ရွှေဥဒေါင်းမင်းကို ဖမ်းနိုင်ရန် ကြိုးစားကြသည်။ ရွှေဥဒေါင်းမင်းသည် ဘုရား ဂုဏ်တော်များကို အမြဲရွတ်ဆိုပွားများနေသည့်အတွက် မုဆိုးများ မဖမ်းနိုင်ခဲ့ကြပါ။

မြတ်စွာဘုရား ဂုဏ်တော်[edit]

“ဣတိပိ သော ဘဂဝါ အရဟံ၊
သမ္မာသမ္ဗုဒ္ဓေါ။
ဝိဇ္ဇာစရဏသမ္ပန္နော၊
သုဂတော၊
လောကဝိဒူ၊
အနုတ္တရော ပုရိသဒမ္မသာရထိ၊
သတ္ထာ ဒေဝမနုဿာနံ၊
ဗုဒ္ဓေါ၊
ဘဂဝါ”။