ရွှေဖီဦးကို ခူးလှည့်ပါ

From Wikisource
Jump to navigation Jump to search
ရွှေဖီဦးကို ခူးလှည့်ပါ
by တောင်တွင်း ရှင်ငြိမ်းမယ်
ရာပြည့်အိုင်ချင်း အမျိုးအစား ဖြစ်သည်။

ချစ်တဲ့သူငယ်လေ ... ၊
သူငယ်ချင်းကောင်း ယောင်းမတို့လေ ... ။

နှမထွေး မယ်တို့အိမ်ကို သိလိုချင်မူ၊
နတ်ခရိုင်နှင့် ဈေးဆိုင်နှင့်။
အိမ့်ရှေ့ကမူ -
အုတ်ပလ္လင်နှင့် ညောင်ပင်နှင့်။
အိမ့်တောင်ကမူ -
ကြက်သွန်ခင်းနှင့် ရေတွင်းနှင့်။
အိမ့်မြောက်ကမူ -
စပါးလင်နှင့် ဒန်းပင်နှင့်။
အိမ့်နောက်ကမူ -
မိဿလင်နှင့် ချင်းပင်နှင့်။
မိဿလင်နှင့် ချင်းကိုလိုလျှင်
ဝါဆိုငယ်မှ ဝါဦး -
မြေနူးနူးကို တူးပလှည့်ရှင်။

မိဿလင်နှင့် ချင်းကိုမလို
နှမထွေးမယ့်ကို လိုလျှင် -
တပေါင်းငယ်မှတန်ခူး
ရွှေဖီဦးကို ခူးပါ့လှည့်ရှင်။
အလိုပျိုဖြူ သူနှင့်ဆုံသည်။
ဂုံချိုကုံးငယ်နှင့်
ဆောင်လုံးညိီလေး။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse