မွန်ရာဇဝင်/အခန်း-၄၀

From Wikisource
Jump to navigation Jump to search
262682မွန်ရာဇဝင် — တကာရွတ်ပိမင်းအကြောင်း1785

ဟတ္ထိရာဇာမည်သော ဗညားရန်မင်း မရှိလျှင် သည်မင်း၏သားတော် ပတိရရာဇာ သမုတ်သော သက်တော် ၁၆ နှစ်ရွယ်ရှိ တကာရွတ်ပိ မင်းပြုသည်။ သည်မင်းကို ပညာရှိဗေဒင်ဆရာတို့က အသက် ၉၀ ကျော်မှ အနိစ္စဖြစ်မည်ဟု ပြောဟောချက်ရှိသော်လည်း ပယောဂယှဉ်၍ နှဲအိုးစည်ဗုံမောင်းတို့နှင့် တောမှာ ဆင်အလိုက်အလန်ကိုသာ စိတ်ရှိ၍ တောတွင်ပင် အနိစ္စဖြစ်သည်။