နာရဒဇာတ်တော်ကြီး/ပဏာမ

From Wikisource
Jump to navigation Jump to search
322780နာရဒဇာတ်တော်ကြီး — ပဏာမမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

“ယော ဇာတိပုညဝဏ္ဏေဟိ၊ ဓဇံ ဘဉ္ဇေသိ မာနိနံ။

ဒိဋ္ဌိဇာလမ္ပိ တေဇေန၊ တဿ မေ ဇယမင်္ဂလံ။”

(ပထျာဝတ္တဂါထာ)

ယော နာထော၊ အကြင်မြတ်စွာဘုရားသည်။ မာနိနံ၊ ငါသာလျှင် အမျိုးမြတ်၏, ငါသာလျှင် ဘုန်းကြီး၏, ငါသာလျှင် ဂုဏ်ရှိ၏ဟု ထောင်လွှားကုန်သောသူတို့၏။ ဓဇံ၊ မာန်တည်းဟူသော တံခွန်ကို။ ဇာတိပုညဝဏ္ဏေဟိ၊ အသမ္ဘိန္နခတ္တိယဟုဆိုအပ်သော မျိုးတော်, ၄-သင်္ချေနှင့် ကမ္ဘာ ၁-သိန်းပတ်လုံး ဖြည့်ဆည်းပူးတော်မူအပ်သော ဘုန်းတော်, စတုဝေသာရဇ္ဇ, ဆအသာဓာရဏ, ဒသဗလ, နဝဂုဏစသော ဂုဏ်တော်တို့ဖြင့်။ ဘဉ္ဇေသိ၊ ချိုးဖဲ့ ဖျက်ဆီးတော်မူလေပြီ။ ဒိဋ္ဌိဇာလမ္ပိ၊ ဥရုဝေဠကဿပ အစရှိကုန်သောသူတို့၏ မိစ္ဆာကွန်ရက်ကိုလည်း။ တေဇေန၊ ဘုန်းတော် ၆-ပါးတည်းဟူသော အလျှံတော်ဖြင့်။ ဘဉ္ဇေသိ၊ နှိပ်နင်းတော်မူလေပြီ။ တဿ နာထဿ၊ ထိုသို့သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏။ တေဇေန၊ တန်ခိုးတော်ကြောင့်။ မေ၊ အကျွန်ုပ်အား။ ဇယမင်္ဂလံ၊ အောင်ခြင်းမင်္ဂလာသည်။ ဘဝတု၊ ဖြစ်စေသတည်း။