နာဂဆဒ္ဒန် ဘောလယ်

From Wikisource
Jump to navigation Jump to search
နာဂဆဒ္ဒန်
by လှိုင်ထိပ်ခေါင်တင်

နာဂဆဒ္ဒန်၊ သန္ဓေမှန်နှစ်ပေပ၊ ချိန်မူးစစ်ပါတဲ့၊ တိမ်ညွန့်စံ၊ စက်သွားသီလဝင်၊ စိန်ရွှေရိုးငယ်လေး၊ ဖိုးပြည်ထိုက်တန်။ ။

ရွှေကိုယ်တော်ဘုန်းမှာလ၊ လက်သုံးတော်မှန်၊ မခြွင်းချန်ပါနှင့်၊ ရာသက်ပန်ပေါင်း၊ မြတ်ဉာဏ်ယူလောင်းပါလို့၊ ဆုတောင်းပါတယ်၊ ရာဇဂုဏ်မာန်၊ ကြိမ်ကြိမ် ထပ်တယ်လေး၊ ပိုင်းသတ်မယ့်ရွယ်။ ။

တကယ်ပင် မုန်းတော့မှာလား၊ မောင်းဘုန်းကြွယ်၊ ရှောင်လွှဲငယ် သွေဖယ်လို့၊ မတာတွယ်ပဲ၊ ရွှေရင်ထဲမှာလ၊ ငွေသဲစိုင်၊ ကျွမ်းလုခွေယိုင်၊ အို-ဆယ်ပြန်သက်ကိုလေး၊ နှင်းဆက်တော့နိုင်။ ။

မြတ်စိန္တေဦးမှာလ၊ ဆုထူးတော်ပိုင်၊ မယိမ်းယိုင်အောင်လို့ ကြံပါကတဲ၊ ဘုန်းမဖန်ဘဲငယ်နှင့်၊ ကံလည်းမကူ၊ သင်းပျံ့ဘုံဗွေ၊ တစ်ကိုယ်ရေ ဆွေးတယ်လေး၊ တွေးကြံလို့ပူ။ ။

မာလာရုံကွန်းမှာလ၊ ခြွေညွှန်းပျံ့ကြူ၊ ဟိုရှေး တစ်မူရယ်နှင့်၊ မတူလေပဲ၊ ပေါ်ယံချွဲငယ်နှင့်၊ ထဲဝါပုံဆောင်၊ သိပေါ့သခင်၊ ဘမရာကွန်းမှာလေး၊ ထွန်းနေလရောင်။ ။

ဆိုဆိုပေသားငယ်နှင့်၊ ပျိုနားမထောင်၊ ရိုးပြာမြေတိုင်အောင်ပ၊ ကြံရွယ်ဆောင်ပေါင်း၊ ရှေးသူဟောင်းငယ်တို့၊ ပုံသက်သေ၊ နိမှသောင်၊ နောင်မှသိမယ်လေး၊ ထုံးရှိလျက်ပေ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse