စူဠကမ္မဝိဘင်္ဂ သုတ္တန်ဆိုင်ရာ ဆောင်ပုဒ်များ

From Wikisource
Jump to navigation Jump to search
စူဠကမ္မဝိဘင်္ဂ သုတ္တန်ဆိုင်ရာ ဆောင်ပုဒ်များ
by အမည်မသိ

စူဠကမ္မ ဝိဘင်္ဂ သုတ္တန်ဆိုင်ရာ ဆောင်ပုဒ်များ

အသက်တိုခြင်း/ ရှည်ခြင်း အကြောင်း

၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာ တို။

မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျားအသက်ကို။

ရောဂါများခြင်း/နည်းခြင်း အကြောင်း

၂။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။

သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။

အဆင်းမလှခြင်း/လှခြင်း အကြောင်း

၃။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။

ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။

အခြွေရံနည်းခြင်း/များခြင်း အကြောင်း

၄။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။

ဣဿာမထား၊ ဝမ်းမြောက်ငြား၊ ပေါများခြွေရံကို။

ဥစ္စာပစ္စည်းများခြင်း/ရှားခြင်း အကြောင်း

၅။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခမ်းဥစ္စာဆို။

စွန့်ကြဲလေ့တုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။

အမျိုးအနွယ် ညံ့ခြင်း/ကောင်းခြင်း အကြောင်း

၆။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။

ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။

ဉာဏ်ပညာ ရှိခြင်း/မရှိခြင်း အကြောင်း

၇။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအပညာဆို။

ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။

(စူဠကမ္မ ဝိဘင်္ဂသုတ္တန်ပြီ၏၊)