စန္ဒကုမာရဇာတ်တော်ကြီး/ပဏာမ

From Wikisource
Jump to navigation Jump to search
322575စန္ဒကုမာရဇာတ်တော်ကြီး — ပဏာမမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ပဏာမ

ပစ္စတ္ထိကမပစ္စံဝ၊ ပိယံ သမံ ပိယံပိစ။

နိစ္ဆာရတ္ထံ နမေ ဗုဒ္ဓံ၊ သဒ္ဓမ္မံ သံဃမုတ္တမံ။

တဿ တေဇေန မယှံပိ၊ သမိဇ္ဈတု မနောရထံ။

(ယဝတ္တဂါထာ)

အဟံ၊ အကျွန်ုပ်သည်။ ပစ္စတ္ထိကံ၊ ရှင်ဒေဝဒတ် အစရှိသော ရန်သူဖြစ်သောသူကိုလည်း။ အပစ္စံဝ၊ သားတော်ရင်နှစ်ဖြစ်သော ရာဟုလာမင်းသားကဲ့သို့။ ဝါ-ပစ္စတ္ထိကဉ္စ၊ ရှင်ဒေဝဒတ် အစရှိသော ရန်သူဖြစ်သော သူကိုလည်းကောင်း။ အပစ္စဉ္စ၊ သားတော်မျက်ရှု မင်းရာဟုကိုလည်းကောင်း။ ပိယသမံ၊ ထပ်တူချစ်မြတ်နိုးသော မဟာကရုဏာတော် မေတ္တာတော်လည်း ရှိတော်မူထသော။ အပိယံပိ၊ ရန်သူ မနှစ်လို့သော်လည်း။ အတ္ထံ၊ ဝေနေယျတို့အား အကျိုးစီးပွားနှင့်စပ်သော စကားကို။ နိစ္ဆာရံ၊ ထုတ်ဖော်မြွက်ဟ ဟောတော်မူတတ်ထသော။ ဗုဒ္ဓဉ္စ၊ မြတ်စွာဘုရားကိုလည်းကောင်း။ သဒ္ဓမ္မဉ္စ၊ သူတော်ကောင်းတို့၏ ဥစ္စာရတနာဖြစ်သော ၁၀,ပါးသော တရားတော်မြတ်ကိုလည်းကောင်း။ ဥတ္တမံ၊ မြတ်တော်မူသော။ သံဃဉ္စ၊ သီလဝန္တ သမ္မုတိသံဃာနှင့်တကွဖြစ်သော ၈- ယောက်သော ပရမတ္ထ သံဃာတော်ကိုလည်းကောင်း။ နမော နမာမိ၊ ရှိခိုးပါ၏။ တဿ-ပုညဿ၊ ထိုရှိခိုးရသော ပဏာမစေတနာ၏။ တေဇေန၊ အစွမ်းအားဖြင့်။ မယှံပိ၊ အကျွန်ုပ်အားလည်း။ မနောရထံ၊ နှလုံးအလိုအတိုင်း။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။