ကြိုင်ပျံ့ရှား-ချီ မိုးဘွဲ့

From Wikisource
Jump to navigation Jump to search
ကြိုင်ပျံ့ရှား-ချီ မိုးဘွဲ့
by မြဝတီမင်းကြီး ဦးစ

ကြိုင်ပျံ့ရှား၊
စကားဆီကနှောင်။

လေ့တသွေး၊
မဝေးမကွာလှလေဘူ့၊
နန်းယက္ခတောင်။

ညိုလို့သာ ဝန်းတော့တယ်၊
မြယွန်းဆီကမှောင်၊
ပူအောင်ဖွဲ့ဖန်ပျိုး။

ဆည်လို့ထဲ၊
ကြည်ကွဲအောင် မဆင်လာနှင့်၊
ရှစ်ခွင်မှာ ပြာရီမှည့်၊
လွမ်းနယ်ချဲ့မိုး။ ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse